Photo: Eleven Media Group |
ဓာတုပစ္စည်းအသုံးပြု ကုန်ထုတ်လုပ်သည့် စက်ရုံတစ်ရုံမှ အရည်အသွေးပြည့်မီမှုမရှိ၍ ကုန်ထုတ်လုပ်ရာတွင် အသုံးမပြုနိုင်သော ဆာလ်ဖျူရစ်အက်စစ်များကို နီးစပ်ရာ မြစ်ချောင်းအတွင်းသို့ တိုက်ရိုက်သွန်ချ စွန့်ပစ်ခဲ့ကြောင်း သတင်းရရှိပါသည်။
ကုန်ပစ္စည်းထုတ်လုပ်ရာတွင် အသုံးပြုရန် ပြည်ပမှ ဆာလ်ဖျူရစ် အက်စစ်များ တင်သွင်းခဲ့ကြောင်း၊ အက်စစ်ကွန်တိန်နာနှစ်လုံးမှာ သတ်မှတ်အရည်အသွေး မပြည့်မီ၍ ကုန်ပစ္စည်းထုတ်လုပ်ရာတွင် အသုံးမပြုနိုင်ကြောင်း၊ ထို့အတွက် အဆိုပါ အက်စစ်ကွန်တိန်နာနှစ်လုံးစာကို စက်ရုံဖြင့်နီးစပ်သည့် မြစ်ချောင်းအတွင်းသို့ တိုက်ရိုက်သွန်ချခဲ့ကြောင်း သိရှိရပါသည်။
"ကျွန်တော် ပြည်ပခရီးသွားနေရာက ပြန်လာတဲ့အခါမှာ သတင်းတစ်ခုကြားရပါတယ်။ ကျွန်တော်လည်း ထပ်စုံစမ်းခဲ့တယ်။ ဓာတုပစ္စည်းအသုံးပြု ကုန်ထုတ်တဲ့စက်ရုံ တစ်ရုံက ပြည်ပက သွင်းလာတဲ့ အက်စစ်ကွန်တိန်နာ နှစ်လုံးစာကို အရည်အသွေးမပြည့်တဲ့အတွက် မြစ်ချောင်းတစ်ခုထဲကို သွန်ချခဲ့တယ်လို့ သိရတယ်။ အမျိုးအစားက ဆာလ်ဖျူရစ်အက်စစ်ဖြစ်ပြီး ကုန်ပစ္စည်း အမျိုးအစားစုံ ထုတ်လုပ်တဲ့နေရာမှာ သုံးတာပါ။ အက်စစ်ပျော့လို့ ပြောရ မှာပေါ့။ ဒါပေမယ့် အက်စစ်ပျော့ကလည်း သူ့ဂုဏ်သတ္တိနဲ့သူ ရှိတယ်လေ။ ရန်ကုန်နဲ့ဆက်စပ်တဲ့ မြစ်ချောင်းထဲကိုသွန်ခဲ့တာလို့ သိရတယ်။ ပတ်ဝန်းကျင်က ကန်စွန်းခင်းတွေလည်း ပျက်စီးခဲ့တယ်လို့ သိရတယ်"ဟု မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူ များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။
“ကိုယ့်အသိစိတ်နဲ့ကိုယ် ကိုယ့်သဘောနဲ့ကိုယ် ကိုယ့်ပတ်ဝန်းကျင် မထိခိုက်အောင် လုပ်တတ်တဲ့စိတ်ဓာတ်နဲ့ ထိန်းသိမ်းတာက အရေးကြီးပါတယ်။ ဘာလို့လည်းဆိုတော့ စည်းမျဉ်းစည်းကမ်းတွေ ရှိပေမယ့် ဒီကိစ္စမျိုးက ကိုယ်တိုင်လိုက်နာချင် စိတ်ရှိမှဖြစ်တာမျိုး မို့လို့ပါ . . .” |
ထိုသို့ စည်းကမ်းမဲ့စွန့်ပစ်မှု များမှာ စက်ရုံတစ်ရုံတည်းမဟုတ်ဘဲ စက်ရုံအချို့မှလည်း ပြုလုပ်လျက် ရှိနေကြောင်း၊ အက်စစ်ကဲ့သို့ ဓာတု ပစ္စည်း မဟုတ်သော်လည်း အခြား လူနှင့်ဘေးပတ်ဝန်းကျင်အပေါ် ထိ ခိုက်နိုင်သည့် ဓာတုစွန့်ပစ်ပစ္စည်း များကို စည်းကမ်းမဲ့စွန့်ပစ်ခြင်းဖြစ် ကြောင်း၊ ထို့အတွက် စွန့်ပစ်ခံရ သည့် ပတ်ဝန်းကျင်များအပေါ် ထိ ခိုက်လျက်ရှိကြောင်း သိရသည်။
"ဒီစက်ရုံတစ်ရုံတည်းကို ပြောတာမဟုတ်ဘူး။ တခြား စက်ရုံတွေ ကလည်း ဒီလိုမဆင်မခြင်စွန့်ပစ်နေ တာမျိုးရှိတတ်ပါတယ်။ ဒီစက်ရုံက စွန့်ပစ်တာကို ကြားသိရလို့ ဒီလိုပစ် တယ်လို့ပြောလို့ရတာပါ။ တခြား စက်ရုံတွေဆိုရင် မသိလိုက်မမြင်လိုက်ဘဲ စည်းကမ်းမဲ့ပစ်တာ ရှိနေမှာပါပဲ။ ဘာလို့လည်းဆိုတော့ မြန်မာနိုင်ငံမှာ ဓာတုပစ္စည်းနဲ့ဆက်နွှယ် လုပ်ကိုင်နေတဲ့စက်ရုံက စက်ရုံတိုင်းနီးပါးပဲ။ စားသောက်ကုန်ထုတ်တဲ့ စက်ရုံတွေတောင် ဓာတုပစ္စည်းအသုံးပြု ထုတ်လုပ်ရတဲ့ အမျိုးအစားရှိသေး တယ်ဆိုတော့ ဓာတုနဲ့ကင်းတဲ့စက်ရုံ တော်တော်ရှားတယ်။ အဲဒီလိုစွန့်ပစ် ကြတဲ့အတွက် အခုကြည့် ကန်စွန်းခင်းတောင် ထိခိုက်တယ်ဆိုရင် ရေနေသတ္တ၀ါလည်း ထိခိုက်မှာပဲ။ ဒီလိုစွန့်ပစ်တာများလာရင် ပတ်ဝန်းကျင်တစ်ခုလုံးကို ထိခိုက်လာလိမ့်မယ်။ လူမှအသက်ရှိတာမဟုတ်ဘူး။ ပတ်ဝန်းကျင်မှာရှိတဲ့ အပင်တွေလည်း အသက်ရှိတာပဲ။ ရေနေသတ္တ၀ါနဲ့ ကုန်းနေသတ္တ၀ါတွေလည်း အသက် နဲ့ပဲ။ စည်းကမ်းနဲ့လုပ်သင့်ပါတယ်။ တချို့ စည်းကမ်းမဲ့စွန့်ပစ်မှုကြောင့် နွားတောင်သေတဲ့ဖြစ်ရပ်မျိုးရှိခဲ့ တယ်"ဟု ၎င်းက ဆက်လက်ရှင်းပြ ခဲ့သည်။
ထိန်းချုပ်သည့်ဥပဒေမပေါ် ထွက်မီ ဓာတုပစ္စည်း အသုံးပြုကုန် ထုတ်လုပ်သူများအနေဖြင့် ပတ်ဝန်း ကျင်ထိခိုက်မှုမရှိစေရန် မိမိသဘော ဆန္ဒအလျောက် စည်းကမ်းတကျ လုပ်ဆောင်မှုမှာ အရေးပါကြောင်း လည်း သုံးသပ်ပြောကြားခဲ့သည်။
"ကိုယ့်အသိစိတ်နဲ့ကိုယ် ကိုယ့်သဘောနဲ့ကိုယ် ကိုယ့်ပတ်ဝန်းကျင် မထိခိုက်အောင် လုပ်တတ်တဲ့စိတ်ဓာတ်နဲ့ ထိန်းသိမ်းတာက အရေးကြီးပါတယ်။ ဘာလို့လည်းဆိုတော့ စည်းမျဉ်းစည်းကမ်းတွေရှိပေမယ့် ဒီကိစ္စမျိုးက ကိုယ်တိုင်လိုက်နာချင် စိတ်ရှိမှဖြစ်တာမျိုး မို့လို့ပါ။ ဥပမာ မြေကျင်းတူးပြီး မြှုပ်ရမယ့် စွန့်ပစ် ပစ္စည်းကို တူးတော့ တူးတယ် သတ်မှတ်ထားတဲ့အနက်အတိုင်း မတူးဘဲတိမ်တိမ်လေးတူးပြီးအလွယ် တကူမြှုပ်တော့ ဘာထူးမှာလဲ။ ဒါ ကြောင့် မိမိသဘောဆန္ဒအလျောက် တာဝန်သိစောင့်ရှောက်ခြင်း (Responsible Care) ကို လုပ်လာကြ တာပါ။ မြန်မာနိုင်ငံမှာတော့ လက် ရှိအချိန်ထိ ကိုယ့်အသိစိတ်ဓာတ်နဲ့ ကိုယ်ဓာတုအန္တရာယ်ကင်းရှင်း အောင် တာဝန်သိစောင့်ရှောက်ခြင်း (RC) လုပ်ကိုင်တဲ့ ကုမ္ပဏီကိုးခုရှိ လာပါပြီ။ နောက်ထပ်လုပ်မယ့်ကုမ္ပ ဏီတွေလည်း ရှိပါသေးတယ်။ သူ တို့က ဓာတုပစ္စည်းတွေကို မိမိစက် ရုံက လုပ်သားတွေ အန္တရာယ်ကင်း စွာ ကိုင်တွယ်အသုံးပြုနိုင်အောင်၊ လုပ်သားတွေလိုအပ်တဲ့ လက်အိတ်၊ ၀တ်စုံစတဲ့အကာအကွယ်ပစ္စည်းအ ပြည့်အစုံနဲ့လုပ်ကိုင်စေတာကစပြီး နောက်ဆုံး စွန့်ပစ်ပစ္စည်းတွေကို စ နစ်တကျစွန့်ပစ်ကြတာကိုလုပ်ကိုင် ကြတယ်။ ဖြန့်ဖြူးတဲ့အခါမှာတောင် ပတ်ဝန်းကျင်ဘေးအန္တရာယ် ကင်းရှင်းအောင် စနစ်တကျစီမံပြီးမှ လုပ်ကြတာလေ။ ဥပဒေမရှိခင် မကြပ်မတ်နိုင်ခင်တော့ ဒီလိုလုပ်ဖို့လိုပါတယ်။ ဥပဒေရှိလာရင်တောင် ဒီလိုအသိစိတ်ရှိရှိလုပ်မှ လိုက်နာမှ ဓာတုကြောင့် အန္တရာယ်ဖြစ်ပေါ်မှုနည်းပါးမှာပါ"ဟု မြန်မာနိုင်ငံတာဝန်သိ စောင့်ရှောက်မှု ကောင်စီမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြခဲ့ပါသည်။
နိုင်ငံတကာတွင် ဓာတုပစ္စည်းများကြောင့် အန္တရာယ်သက်ရောက်ခဲ့သည့် ဖြစ်စဉ်များ
၁။ ၁၉၅၀ ခုနှစ်တွင် ကနေဒါနိုင်ငံ၌ ရေနံဓာတုများကြောင့် စင့်ကလဲယားမြစ်တစ်ခုလုံး ညစ်ညမ်းမှု ဖြစ်ပေါ်။
၂။ ၁၉၈၄ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၌ ဘိုလ်ပါးဓာတ်ငွေ့ယိုဖိတ်မှုကြောင့် ချက်ခြင်းသေဆုံးသူ ၁၇၅၅ ဦး ရှိခဲ့ပြီး ထပ်မံသေဆုံးသူ ၂၅၀၀ ဦးနှင့် ကျန်းမာရေးချို့တဲ့သူ ၁၇၀၀၀၀ ဦးရှိခဲ့။
၃။ ၁၉၈၅ ခုနှစ်တွင် ကနေဒါနိုင်ငံ၊ ပါရာကလိုရို-အက်သလင်းယိုစိမ့်မှုကြောင့် စင့်ကလဲယားမြစ် ညစ်ညမ်း။
၎။ ၁၉၆၂ ခုနှစ်တွင် အမေရိကန်နိုင်ငံကဲ့သို့ Organic Chlorine ပိုးသတ်ဆေးအသုံးများခြင်းကြောင့် ပတ်ဝန်းကျင်ညစ်ညမ်း။
၅။ ၁၉၆၄ ခုနှစ်တွင် အမေရိကန်နိုင်ငံ မစ္စစ္စပီမြစ်ထဲသို့ ဓာတုပစ္စည်းများ စွန့်ပစ်ခြင်းကြောင့် ငါးသန်းပေါင်းများစွာသေဆုံးခဲ့။
၆။ ၂၀၀၅ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် တရုတ်နိုင်ငံ၊ ကျိလင်းပြည်နယ်၊ ဟာဘင်းမြို့ရှိ မြစ်တစ်ခုအတွင်း ၄၈ မိုင်ရှည်လျားသော ဘင်ဇင်းဓါတုဆေးရည်ပြင်ကြီး မျောပါမှုဖြစ်ပွားပြီး အနီးပတ်ဝန်းကျင်ရှိ လူဦးရေ ၄ သန်းခန့်အား ရေပေးဝေမှု ရပ်ဆိုင်းခဲ့ရ။
Petro China Benzene Chemical Factory ပေါက်ကွဲမှုကြောင့် ဖြစ်ပွားရခြင်းဖြစ်။
ပတ်ဝန်းကျင်ရှိ လူဦးရေ ၉ သန်းခန့် သောက်သုံးရေ အခက်အခဲရင်ဆိုင်ရ။
Eleven Media Group မှ ကူးယူဖော်ပြသည်။
No comments:
Post a Comment