အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများဟာ သန်းရွှေအိန္ဒိယက မပြန်မချင်း ဆန္ဒပြကန့်ကွက်မှုတွေကို ပြုလုပ်သွားမယ်လို့သိရပါတယ်။ သန်းရွှေ အိန္ဒိယကိုရောက်ပြီး (၃) သုံးရက်မြောက်နေ့မှာလည်း အိန္ဒိယက ကျောင်းသားများအဖွဲ့ (All India Youth Federation) AIYF ကလည်း မြန်မာ့ဒီမိုကရေစီ အင်အားစုများနဲ့အတူ ပူးပေါင်းပြီး အိန္ဒိယအစိုးရကို ကန့်ကွက် ဆန္ဒပြခဲ့ကြပြန်ပါတယ်။ ကျောင်းသားခေါင်းဆောင် တယောက်က `ကျနော်တို့ အခုလို လာရောက်ပူးပေါင်းရတာဟာ ကျနော်တို့ အိန္ဒိယအစိုးရက ကမ္ဘာပေါ်မှာ အဆိုးဝါးဆုံး လူသတ်သမားအစိုးရကို လက်ခံဖိတ်မန္တကပြုတာဟာ အိန္ဒိယနိုင်ငံကို သိက္ခာကျစေကြောင်း ပြောချင်လို့ပါ´ လို့ ပြောသွားပါတယ်။ တပြိုင်နက် သန်းရွှေဓာတ်ပုံကို ခြေဖြင့်တက်နင်းကြပြီး မီးရှို့ ဖျက်ဆီးပစ်ကြပါတယ်။ သန်းရွှေ လူသတ်သမား ငရဲသွားလို့ ဟစ်အော် ကြွေးကျော်ပြီး ထိုင်သပိတ်ကို ညနေ ငါးနာရီအထိ ဆင်နွဲခဲ့ကြပါတယ်။
သန်းရွှေကြီးကို ကြိုဆိုနေကြတာလေ။ |
ခြေထောက်နဲ့ တက်နင်းခံနေရတဲ့ ဂျိုကုတ်ကြီး သန်းရွှေ |
ခြေနဲ့ နင်းရုံးနင်းတာမဟုတ်ဘူး၊ မီးနဲ့လည်းရှို့ကြတယ်။ |
အားလုံး တက်တက်ကြွကြွ |
လံတလူလူလွင့်လို့၊ ကျောင်းသားအဖွဲ့ကလည်း အာနဲ့ မာန်နဲ့ |
မီးတုတ် မီးတုတ် ရှို့ရှို့၊ သန်းရွှေ သန်းရွှေ အို့အို့ လို့အော်ကြသေးတယ်။ |
မီဒီယာသမားတွေကလည်း အလုအယက်ပါပဲလား |
အညာနွေတမာမြေမှ ဓာတ်ပုံအချို့ ကူးယူဖော်ပြသည်။
No comments:
Post a Comment