နှစ်ကျိပ်ရှစ်ဆူ သင်္ကြန်ဖက်ရှင် ထမိန်


နှစ်ကျိပ်ရှစ်ဆူ သင်္ကြန်ဖက်ရှင်ဟု ခေါ်ဆိုပြီး ပါတိတ်ထမိန်များတွင် ဗုဒ္ဓဘာသာဝင်များ၏ ဘုရားစေတီပုံများအား ရိုက်နှိပ်၍ ပြည် တွင်း ဈေးကွက်သို့ ဖြန့်ဖြူးရောင်းချနေသော သတင်းအချက်အလက်အပြည့်စုံမှာ.....

လူထု မောင်ကာဠု's photo.


နေ့စွဲ။       ။ ၁၁- ၄- ၂ဝ၁၃

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ယုဇနပလာဇာ ဘေးဘက်တန်းတွင် ဆိုင်ခန်းအမည် ''သမီးမေခလာသိန်း'' အထည်အလိပ် အရောင်းဆိုင်တွင် နှစ်ကျိပ်ရှစ်ဆူ သင်္ကြန်ဖက်ရှင်ဟု ခေါ်ဆိုသော ပါတိတ်ထဘီ အဆင်များတွင် ဗုဒ္ဓဘာသာဝင်များ၏ ဘုရားစေတီ ပုံများကို ရိုက်နှိပ်၍ ပြည်တွင်းဈေးကွက်အတွင်းသို့ စုံစမ်းရောင်းချနေသည်ကို တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်အရ သိရ ပါတယ်။

ယင်းဆိုင်သည် မူစလင်ဘာသာဝင်များ၏ ဆိုင်ဖြစ်ပြီး ယင်းသတင်းရရှိမှုအပေါ် သာကေတမြို့နယ် (NLD) ပါတီအဖွဲ့ဝင်များနှင့် အရှေ့ပိုင်းခရိုင် (NLD) ပါတီအဖွဲ့ဝင်တို့မှ သက်ဆိုင်ရာ ဒေသအာဏာပိုင်အဖွဲ့အစည်းများဖြင့် ပူးပေါင်းကာ စုံစမ်းဖော်ထုတ်ခဲ့ပါ တယ်။

မင်္ဂလာတောင်ညွှန့်ရဲစခန်းမှ တာဝန်ရှိသူများက သက်သေများနှင့်အတူ ''သမီးမေခလာသိန်း'' အထည်ဆိုင်ပိုင်ရှင်နှင့် ဆိုင်ရှိဝန် ထမ်းနှစ်ဦးကို ၁၁- ၄- ၂ဝ၁၃ ရက်နေ့ နေ့လည် (၂) နာရီတွင် ဝင်ရောက်ရှာဖွေ ဖမ်းဆီးထားကြောင်း သက်သေ အထောက်အထား ပိတ်စများကိုလည်း သိမ်းဆည်းထားပါတယ်။

လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ မဖြစ်စေရန်အတွက် NLD ပါတီဝင်များက သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင် ရွက်ခြင်းဖြစ်သည်ဟု သိရပြီး မင်္ဂလာတောင်ညွန့်ရဲစခန်းက ယင်းဖြစ်စဉ်နှင့် ပတ်သက်သော အကြောင်းအရာအသေးစိတ်ကို စုံစမ်း စစ်ဆေးဖော်ထုတ် လျက်ရှိတယ်။

ဖြစ်ပွါးပုံမှာ သာကေတမြို့နယ် နေထိုင်သူ အမျိုးသမီးတစ်ဦးမှ ယင်းပိတ်စများကို ဝယ်ယူခဲ့ပြီး အိမ်ရောက်၍ ဖွင့်ကြည့်တော့မှ အတွင်းပိုင်း၌ ဗုဒ္ဓဘာသာ ဘုရားစေတီပုံများ ပါဝင်သည်ကို တွေ့ရကြောင်း။

ထို့ကြောင့် ရန်ပြေ ၃ ရပ်ကွက်ရှိ ရပ်ကွက် NLD ရုံးသို့ တိုင်ကြားခဲ့ကြောင်း၊ ရပ်ကွက် (NLD) ရုံးမှ အဖွဲ့ဝင်များသည် ပိတ်စရောင်းချ နေသည့်ဆိုင်သို့ သွားရောက်သောအခါ နှစ်ကျိပ်ရှစ်ဆူ သင်္ကြန်ဖက်ရှင် ထမိန်ပိတ်စများကို လိုသလောက် ဝယ်ယူနိုင်သည်ကို တွေ့ရှိ ခဲ့ရကြောင်း၊

ထို့ကြောင့် အရှေ့ပိုင်းခရိုင် NLD နှင့် ရဲတပ်ဖွဲ့တို့  ပူးပေါင်းကာ ယင်းဆိုင်အား ဝင်ရောက် ရှာဖွေဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရပါ တယ်။

ရဲရင့်ငယ် (ကနေဒါ) ဘလော့ဂ်မှ ကူးယူဖော်ပြပါသည်။

No comments: