အင်ဒိုနီးရှားမှာအသတ်ခံလိုက်ရသောမြန်မာများ


အင်ဒိုနီးရှားနိုင်ငံက လူဝင်မှု ကြီးကြပ်ရေး ထိန်းသိမ်းရေး စခန်းတခုမှာ မြန်မာနဲ့ မွတ်စလင်များ ဒီနေ့ အချင်းများ တိုက်ခိုက်ကြ ရာကနေ ၈ ဦးသေပြီး ၁၅ ဦး ဒဏ်ရာရတယ်လို့ AP သတင်း ဌာနကဆိုပါတယ်။
 
အင်ဒိုနီးရှားနိုင်ငံ ဆုမတြား မြောက်ပိုင်းခရိုင်မှာရှိတဲ့ အဲဒီထိမ်းသိမ်းရေး စခန်းမှာ အင်ဒိုနီးရှား ကမ်းခြေကို လှေနဲ့ ခိုးဝင်တဲ့ မွတ်စ လင် ၁၀၀ နဲ့ ငါးခိုးဖမ်းမှုကြောင့် အဖမ်းခံရတဲ့ မြန်မာ ၁၁ ဦးကို အတူတူ ချုပ်ထားခဲ့ကြောင်း နယ်မြေခံရဲချုပ် Enfro Kiswanto က ပြောပါတယ်။
 
ရဲချုပ်က မျက်မြင်သက်သေတွေကို ကိုးကားပြောဆိုတာကတော့ မွတ်စလင်တွေနဲ့ ဗုဒ္ဓဘာသာဝင် ငါးဖမ်းသမားတွေဟာ မြန်မာပြည် မှာဖြစ်နေတဲ့ ဘာသာရေး၊ လူမှုရေး အဓိကရုဏ်း ကိစ္စတွေကနေစပြီး အချင်းများကြတာဖြစ်ကြောင်း၊ တုတ်ဆွဲဓားဆွဲ တိုက်ခိုက်ခဲ့ ကြတာဖြစ်ကြောင်း ဆိုပါတယ်။
 
မြန်မာ ၈ ယောက်သေပြီး မွတ်စလင် ၁၅ ယောက် ဒဏ်ရာရပါတယ်။ တခြား မြန်မာ ၃ ဦးကတော့ အထိအခိုက်မရှိ လွတ်သွား တယ်လို့ ရဲချုပ်ကပြောပါတယ်။ သေဆုံးသွားသူတွေကို ခရိုင်မှာရှိတဲ့ မေဒင် ဆေးရုံမှာ ပို့ဆောင်ထားကြောင်း သိရပါတယ်။
 
“ဓားတွေ ဘယ်လို ရှိနေကြ တယ်ဆိုတဲ့ ကိစ္စအပါ အဝင်အဖြစ်အပျက်ကို စုံစမ်းတုန်းပါ။ သူတို့ကို လာရင်းနေ ရပ်ဆီ မြန်မြန်ပြန်ပို့ပါ တော့မယ်” လို့ ရဲချုပ်က AP သတင်းဌာနကို ပြောထားတယ်။
 
 

No comments: