သေကြာဂြိုဟ်သည် မြေကမ္ဘာနှင့် နေတို့အကြားဝယ် ဇွန်လ (၆) ရက်နံနက် ၁၁နာရီ ၂၉ မိနစ်မှ စတင်၍ ဖြတ်သန်းသွားမည်ဖြစ်ကြောင်းသိရသည်။
ထိုသို့သော ဖြတ်သန်းမှုသည် ထူးခြားသည် နက္ခတ်တာရာဆိုင်ရာ ဖြစ်စဉ်တစ်ခုဖြစ်သည့်အပြင် နက္ခတ်ဗေဒင်ပညာအလိုအရလည်း အရှေ့တောင်အာရှနိုင်ငံများအပေါ် အကျိုးသက်ရောက်မှု သိသာလိမ့်မည်ဖြစ်ကြောင်း သိရသည်။ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ယိုယွင်းကျဆင်းမှုတို့ ဖြစ်ပေါ်လာနိုင်သည်ဟု နက္ခတ်ဗေဒင်ပညာရှင်တို့ကဆိုကြသည်။

ကမ္ဘာနှင့် နေအကြား သောကြာဂြိုဟ် ဖြတ်သန်းသွားခြင်းသည် ကမ္ဘာနှင့် နေအကြား လဖြတ်သွားသဖြင့် ဖြစ်ပေါ်သည့် နေကြပ်ခြင်းဖြစ်စဉ်နှင့် တူညီသော်လည်း ထိုသို့မြင်တွေ့ကြရမည်မဟုတ်ပဲ သေကြာဂြိုဟ်အား နေပေါ်မှ အစက်အပြောက်ငယ် တစ်ခုသဖွယ်သာ မြင်တွေ့ရမည်ဖြစ်သည်။
ယခုဖြစ်စဉ်မျိုးသည် နောင်နှစ်ပေါင်း ၁၀၅ နှစ်(သို့) ၁၂၂ နှစ်ခန့်တွင်မှ ထပ်မံ ဖြစ်ပေါ်ဖြစ်ပြီး၊ နောက်ဆုံးအကြိမ်အဖြစ် ၁၈၇၆ ခုနှစ်တွင်ဖြစ်ပွားခဲ့သည်။ သေကြာဂြိုဟ်၏ တစ်ရက်သည် ကမ္ဘာရက်နှင့် တွက်မည်ဆိုပါက ၂၄၃ ရက်မျှကြာမြင့်သည်။
UPKP
Popular Myanmar News Journal
MMN မှ တဆင့်ကူးယူဖော်ပြသည်။
No comments:
Post a Comment