စက်တင်ဘာသံဃာ့အရေးအခင်း (ရွှေဝါရောင်တော်လှန်ရေး) ၄ နှစ်ပြည့် ဆန္ဒပြပွဲအခန်းအနား။ (အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့)

လေးနှစ်ပြည့်ခဲ့ပါပြီ စိတ်ထဲမှာတော့ လေးစက္ကန့်လောက်က ဖြစ်ပျက်ခဲ့တဲ့အတိုင်းပါပဲ...

ကျဆုံးသွားသော သံဃာတော်များ၊ သီလရင်များ၊ ကျောင်းသား ပြည်သူများကို လေးစားဦးညွတ်လျက်...

မတရားအကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားများ အားလုံးကို အမြန်ဆုံးလွှတ်ပေးပါ...

ရန်ငါစည်းမပြတ်လို့ သံဃာသတ်ခံရတာ၊ သွေးကြွေးမှာ ဆွေးနွေးစရာအကြောင်းမရှိ။ (အောင်ဝေး)

မတရားမှု မှန်သမျှကို တာဝန်အရ ဖီဆန်ကြရမယ်... (ဒေါ်အောင်ဆန်းစုကြည်)

မေတ္တာပို့သံ၊ ဘဝဂ်ညံ၊ မြန်ပြည်အေးချမ်းစေ...

ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ၊ မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊ သမုဒ္ဒရာ၊ ရေမျက်နှာထက်၊ ခဏတက်သည့်၊ ရေပွက်ပမာ၊ တသက်လျာတည်း။ (အနန္တသူရိယအမတ်ကြီး)

စကားကြောင့် တရားကွယ်၊ အလားဝယ်ကုန်ခမ်းလို့၊ ဘုံနန်းမြင့်အဆောင်ဆောင်၊ ကင်းရလေအောင်၊ မင်းဆိုသမျှ ကွင်းရှောင်မယ်၊ ထမင်းတောင်စားချင်ဘုလေး။ (စလေဦးပုည)

ထီးသုဉ်း နန်းသုဉ်း၊ မြို့သုဉ်းသုည၊ သုဉ်းသုံးဝဖြင့်၊ သုဉ်းရပြန်လစ်၊ သုညခေတ်ဝယ်၊ ဖြစ်လာရလေ၊
ဒို့တတွေသည်၊ သေသော်မှတည့်၊ သြော် ကောင်း၏။ (ဆီးဘန်နီဆရာတော်)

ကိုယ်တည်းတယောက်၊ ကောင်းရာရောက်ဖို့၊ ခုလောက်ကြိုးကုတ်၊ အားမထုတ်ဘူး...။ (အရှင်ဇနကာဘိဝံသ၊ မဟာဂန္ဓာရုံဆရာတော်)

No comments: