စတုတ္ထနေ့အဖြစ် သန်းရွှေအား ကြိုဆိုခြင်း

အိန္ဒိယချပါတီတွေက ငသန်းရွှေတို့ကို မုန့်ဘိုး (၆)ကျပ် ထုတ်ချေးလိုက်ပါတယ်။ တပြိုင်နက် ဂန္ဓီကြီးရဲ့လက်စွဲဖြစ်တဲ့ ကန်တော်မင်းကြီးကျောင်းဆုံးမစာကိုလည်း လက်ဆောင်အဖြစ်နဲ့ ဂုဏ်ပြုလိုက်ပါတယ်။
လေးရက်မြောက်နေ့မှာတော့ ဟိုင်ဒရာဘတ်မြို့ကိုသွားပြီး ကွန်ပြူလက်ကွက်သွားကျင့်ကြမယ့်လို့ ကြားသိရပါတယ်။ ဒေလီရောက် မြန်မာတွေကတော့ သန်းရွှေ အိန္ဒိယကမလွင့်မခြင်း ဆန္ဒပြနေကြအုံးမှာပဲ။ ဒီနေ့လဲ စတုတ္ထမြောက်နေ့အဖြစ် ဆက်လက်ဆန္ဒပြကြပါတယ်။

ဒီကနေ့ထူးခြားတာ ကျုပ်ထိုင်သပိတ်လုပ်နေတာကို အိန္ဒိယနိုင်ငံသားတွေ အရမ်းစိတ်ဝင်းစားကြပါတယ်။ လူတွေအများကြီးလာကြည့်ကြသလို စိတ်ဝင်းတစား မေးမြန်းကြပါတယ်။ သန်းရွှေအကြောင်းမေးတယ်။ ဒေါ်စုအကြောင်းမေးတယ်။ ပြီးတော့သူကလည်း ကျုပ်နဲ့အတူတူဝင်ပြီး "လူသတ်သမားသန်းရွှေ ငရဲသွား" လို့ ဟင်ဒီလိုနဲ့ ကြွေးကျော်ပါတယ်။

အိန္ဒိယနိုင်ငံသားတချို့က ဒေါ်အောင်ဆန်းစုကြည်ပုံကို လိုလိုလားလား တောင်းယူကြပါတယ်။ သူတို့က သန်းရွှေကို မသိကြပေမဲ့ ဒေါ်အောင်စုကြည်ကိုတော့ အတော်များများက သိကြပါတယ်။ လူငယ်ပိုင်းနဲ့ ကျောင်းသူကျောင်းသားတွေက ပိုလို့သိကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံသားတွေရဲ့ ရင်ထဲမှာမဟုတ်ဘဲ တကမ္ဘာလုံးက ပြည်သူတွေရဲ့ သူရဲကောင်းတဦးဆိုတာဟာ ထင်ရှားနေတာကို ပြတာပါပဲ။

လုံးခြုံရေးအရ တာဝန်ယူထားရတဲ့ ရဲသားလေးတယောက်ဟာ ဒေါ်စုပုံကို ကိုင်ပြီး ဓာတ်ပုံအရမ်းရိုက်ချင်နေပါတယ်။ ဒါပေမဲ့ ဒီရဲယူနီဖောင်းနဲ့ တွဲရိုက်ရင် အထက်ရဲချုပ်နဲ့ ပြဿနာ တက်နိုင်တာကြောင့် နောင်မှ ရပ်သားအင်္ကျီဝတ်ပြီး ဓာတ်ပုံလာရိုက်အုံးမယ်လို့ ပြောသွားပါတယ်။

စတုတ္ထမြောက် ထိုင်သပိတ်ကတော့ ဓာတ်ပုံပြနဲ့ ဆင်တူသွားပါတယ်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့ ဘုန်းကြီးတွေရဲ့ပုံတွေကို ပိုလို့ စိတ်ဝင်စားကြတာပါ။

ညနေ (၅) နာရီမှာတော့ ကျုပ်တို့ရဲ့ ထိုင်သပိတ်ဟာ အောင်အောင်မြင်မြင်ပဲ ပြီးဆုံးသွားပါတယ်။ သန်းရွှေဟိုင်ဒရာဘတ်မြို့က မပြန်သေးတာကြောင့် နောက်ရက်လည်း ဒီသပိတ်ကို ဆက်လက်မှောက်သွားဖြစ်ပါတယ်။

No comments: