နေပြည်တော်၊ မတ်-၉ နေပြည်တော်သို့ပြေးဆွဲသည့် အဝေးပြေး ခရီးသည်တင် ယာဉ်လိုင်းများတွင် လိုက်ပါစီးနင်းလာသော ခရီးသည်များအား မြို့အ၀င် စစ်ဆေးရေးဂိတ်များ၌ စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိရာ မှတ်ပုံတင် အထောက်အထား ပြသနိုင်ခြင်းမရှိသည့် ခရီးသည်များအား နေပြည် တော်အတွင်း ၀င်ခွင့်မပြုဘဲ ပြန်လည်စေလွှတ်မှုများဆောင်ရွက်လျက်ရှိကြောင်း မတ် ၄ရက်ကပြုလုပ်ခဲ့သော နေပြည်တော်ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ ၆/၂၀၁၁ အစည်းအဝေးမှ သိရသည်။
နေပြည်တော်ဒေသအတွင်း၌ လုံခြုံရေး တင်းတင်းကျပ်ကျပ်ဆောင်ရွက် လျက်ရှိသည့်အတွက် နေပြည်တော်အခြေ ပြုယာဉ်လိုင်းများအနေဖြင့် ခရီးသည်များ အား မှတ်ပုံတင်အထောက်အထား၊ ၀န်ထမ်း ကတ်များပြသနိုင်မှသာ လက်မှတ်များရောင်း ချသွားရန်နှင့် မှတ်ပုံတင်အထောက်အထား၊ ၀န်ထမ်းကတ်များပါရှိပြသနိုင်မှသာ နေပြည် တော်အတွင်း ၀င်ရောက်ခွင့်ပြုမည်ဖြစ်ပြီး ပြသနိုင်ခြင်းမရှိသော ခရီးသည်များအား နောက်ကြောင်းသို့ ပြန်လည်စေလွှတ်ခြင်း များ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
နေပြည်တော်အခြေပြုယာဉ် လိုင်းများအနေဖြင့် လူမဲ့တန်ဆာများလက်ခံ ပေးပို့ခြင်းဆောင်ရွက်ရာတွင် မှတ်ပုံတင် နေရပ်လိပ်စာများဖြင့် စနစ်တကျမှတ်တမ်း တင်ဆောင်ရွက်ကြရန်မှာကြားထားကြောင်း သိရသည်။

''ရန်ကုန်-မန္တလေးနှင့် အခြား ပြည်နယ်တိုင်းဒေသအသီးသီးမှ နေပြည် တော်ခရီးသည်တင်ယာဉ်လိုင်းလက်မှတ် အရောင်းဌာနတွေကိုလဲ ခရီးသည်များအား မှတ်ပုံတင်ပြသနိုင်မှသာ လက်မှတ်ရောင်း ချဖို့နှင့် မှတ်ပုံတင်ကတ်များယူဆောင်သွား ဖို့ မှာကြားထားပါတယ်။ နေပြည်တော် အခြေပြုယာဉ်လိုင်းများ လက်မှတ်အရောင်း ကောင်တာတွေကိုလဲ မှတ်ပုံတင်ပြသနိုင်မှ လက်မှတ်ရောင်းချဖို့ မှာကြားထားပါတယ်'' ဟု ယာဉ်စည်းကမ်းထိန်းသိမ်းရေးနှင့်ကြီး ကြပ်မှုကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
နေပြည်တော်အ၀င်စစ်ဆေးရေး ဂိတ်များတွင် မှတ်ပုံတင်ဒါမှမဟုတ် သက် သေခံအထောက်အထားဝန်ထမ်းကတ်ပြသ နိုင်မှ နေပြည်တော်အတွင်း ၀င်ခွင့်ပြုပြီး မပြသနိုင်တဲ့ခရီးသည်တွေကို နောက်ကြောင်း သို့ ပြန်လည်စေလွှတ်ခဲ့သည်။ ဖေဖော်ဝါရီ ၂၈ရက်မှ မတ် ၅ရက်အထိ ခရီးသည် ၁၈ ဦးအား ပြန်လည်စေလွှတ်ခဲ့ကြောင်း သိရ သည်။
The Yangon Times
No comments:
Post a Comment