ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်ကြီးမှ အကြီးအကဲများ၏ စေတနာအမှန်ဖြင့် ကျွမ်းကျင်နိုင်နင်းသော ပညာရှင်တို့ဖြင့် ခေတ်မီပစ္စည်းများသာ အသုံးပြု၍ တည်ဆောက်ပေးခဲ့သော တောင်ကြီး JTC အဆောက်အဦကြီးတခု၏ ဆန်းပြားဒီဇိုင်းဖြင့် အထပ်ပါပုံအတိုင်း မြင်ကြရမည်ဖြစ်သည်။
နိုင်ငံတော် ကာကွယ်ရေးဦးစီးချုပ်ဆိုသူ မြင့်အောင်ရဲ့ သမီးကညာပျိုမှ ဗိုလ်ချုပ်ကိုကိုရဲဆိုတဲ့ကောင်ရဲ့ သားကို ပြန်ရောင်းထားတဲ့ ဗမာကျပ် သိန်း (၂၀၀၀) တန် အီတလီထုပ် ၂၀၀၈ မော်ဒယ် Ferrari မော်တော်ကားပုံကို ထပ်ပါအတိုင်း မြင်တွေ့ရသည်။
မန္တလေးရွှေမြို့တော်ကြီးတွင် ရတနာပုံ၊ အမရပူရ၊ နွယ်ဘွား ဗမာစစ်မှန်သည့် မိဘပြည်သူတို့သည် နွေအခါ ရေးရှားပြီး မိုးအခါ ရေကြီးပြန်၍ အခုခါ အိုးအိမ်ပျက်၊ လယ်ယာပျက်၊ ကျွဲနွားများလည်း သေကျေကြပြီး သောက်ရေမရှိ၍ ရသည့်ရေကို သောက်နေရသဖြင့် ဝမ်းပျက်၊ ဝမ်းလျှောရောဂါရနေခြင်း၊ အစာရေစာပြတ်နေ၍ ဆာလောင်မွတ်သိပ်နေကြခြင်းတို့ဖြင့်အတူ ဒုက္ခများစုပုံ၍ မျက်ရည်လည်ရွှဲဖြင့် အသနားခံနေကြသည်။ ထိုသို့ မိဘပြည်သူများ ဒုက္ခရောက်နေသည်ကို မကြည့်ရက်သည့် လူမှုအဖွဲ့များ၊ သံဃာတော်များမှ ရေ၊ ထမင်းထုပ်၊ အဝတ်အစား၊ ဆန်၊ ဆီ၊ ဆားတို့ကို ခက်ခဲစွာ ကူညီဆောင်မနေကြရသည်ကို ထက်ပါအပုံတိုင်း မြင်တွေ့နိုင်သည်။
အထပ်ပုံကိုကြည့်ပြီး ဟောလီးဝုဒ်မင်းသမီးလို့ မထင်လိုက်ပါနဲ့ဦး၊ ဗမာနိုင်ငံတွင်းမွေးဖွားသည့် ရှမ်းဟုယူဆရသော နန်းဆုရတီစိုးအမည်ရှိ ထိုနောက်တိုင်းအဝတ်အစား အတိုအပြတ်များ ဝတ်ဆင်ထားသည့် ထိုလော်လီဖောက်ပြား၊ အရှက်တရားမရှိ၊ အကြောက်တရားမသိဘဲ၊ သူမသည် မိဘကို စိတ်ကောက်ပြီး အိမ်မှထွက်သွားသည်ဆို၏။ မည်သူ့အိမ်တွင် မည်သူများနှင့် နေသည်၊ အိပ်သည်၊ စားသည်ကို မသိရဘဲ သုံးရက်လောက် အိမ်ပြန်ရောက်သည်ဆို၏။
မဲဆောက်ရောက် ဗမာအလုပ်သမားများသည် သူတို့ရဲ့ပတ်စပို့၊ အလုပ်လုပ်ခွင့်လက်မှတ်၊ နေထိုင်ခွင့်လက်မှတ်နဲ့ လုပ်အားခတွေရဖို့အတွက် ဆန္ဒပြတောင်း ဆိုနေကြပါသည်။ ဆန္ဒပြရက် ကြာညောင်းလာသည့်နှင့်အမျှ ညဖက်တွင် အမည်မသိ သေနတ်သများ လာရောက်ပစ်ကြသည်ဟု သိရသည်။ အထက်ပါပုံမှာ ဆင်းရဲ၊ ဒုက္ခ၊ ကြပ်တည်းမှုကို ခါးစည်းခံနေကြရသည့် ဗမာပြည် မျိုးသာကီတို့သည် ဝမ်းတထွာအတွက် ကိုယ်တိုင်ကိုယ်ကျ ဖားရှာ ငါးရှာ ဝမ်းစာရှာနေကြသည့်ပုံကို အထက်ပါပုံကို ရှုပါလေ။
ကျုပ်တို့ ရွှေဗမာ သာကီမျိုးတို့သည် လိုလားသည့် ဆန္ဒဟူသမျှ တလုံးတပါဒမျှ မရရှိကြဘဲ။ မလိုလား မတောင်တသည့် အရာများမှာကား တခုမျှကျန် တွေ့ကြုံလျှက်ရှိကြ၏။ တိုင်းသူပြည်သားများသည် ဆင်းရဲမှုကြောင့် ငြီးတွားနေကြရ၏။ စစ်အုပ်စုနှင့် ပညာတတ်ဆိုသူများ၊ အနုပညာရှင်ဆိုသူများသည် ပေါကြွယ်ပြည့်ဝ၊ သုံးမနိုင် ဖြုန်းမကုန်ကြသဖြင့် သူ့မယား ကိုယ့်မယားလဲလှယ် အိပ်နေကြ၏၊ နောက်ဆုံးပေါ် ဇိမ်ခံပစ္စည်းများဖြင့် အချင်းချင်း ကြွားဝါလျှက် ရှိကြ၏။ နိုင်ငံရေးသမားဆိုသူများကလည်း အဝေမတည့်ကြသဖြင့် အချင်းချင်း ခွက်စောင်းခုတ်လျှက်ရှိ၏၊ ခွေးတိုးပေါက်ကို တိုးသူများလည်းရှိ၏၊ အရိုးရင်းကို မျှော်နေသူများလည်းရှိ၏။ ထိုအကြောင်းအရာများမှ ဗမာပြည်နှင့် ဗမာပြည်သူပြည်သားများ၊ ဗမာ့အာဏာရှင်နှင့် အရင်းရှင်များ၊ ဗမာ့နိုင်ငံရေးသမားများ၏ သရုပ်အမှန် ဖြစ်လေတော့၏။
ဓာတ်ပုံများကို စက်တင်ဘာထာဝရဘလော့ဂ်နှင့် မိုးမခမှ ကူးယူပါသည်။
No comments:
Post a Comment