သမ္မတသစ် သိန်းစိန်ထံသို့ အိတ်ဖွင့်ပေးစာ

မြန်မာပြည်သူ/သားများနှင့် သမ္မတသစ် သိန်းစိန်သို့ ဝါရှင်တန်မြန်မာသံမှုးနှင့် ဝန်ထမ်းများ၏ တရားမဝင် ငွေရှာမူအကြောင်း အိပ်ဖွင့်ပေးစာ။

ဝါရှင်တန်ဒီစီ မြန်မာသံရုံးမှ အရက်များကို သံတမန်ဈေးနှံး (Duty Free) နှင် USA မှ ဝယ်ယူပြီး ပြည်ပရောက် မြန်မာအသိုင်းအဝန်းထံသို့ အမြတ်ရောင်းချနေသည်မှာ အလွန်ကြာ မြင့်နေပါသည်။

တနည်းအားဖြင့်ဆိုသော် အခွန်လွတ် (Duty Free) အရက်များကို မှောင်ခိုဈေးနှုန်းဖြင့် ရောင်းကာ မြင်မကောင်းအောင် စီးပွါးဖြစ် ပြောင်ပြောင်တင်းတင်း သံမှူး တင်အောင် ခွင့်ပြုချက်ဖြင့် ရောင်းချမူတို့သည် နိင်ငံတကာရှေ့ မျက်နှာစာတွင် မြန်မာလူမျိုးများအတွက် အရှက်ရစရာ ဖြစ်နေပါသည်။

ဈေးနှုန်းမှာ- Johnnie Walker Black Label (1 Liter) one box in 12 bottles= US$185 for duty free. တဖါတွင် ၁၂ လုံးပါပြီး US$ ၁၈၅ ပေးရပါသည်။

နိုင်ငံရေးခိုလုံခွင့် လိမ်လျှောက်ထားပြီ မြန်မာသံရုံးသတင်းပေး ပြုလုပ်နေသူ သန်းစိန်ခေါ် တရုတ်ကြီး (Virginia) မှ တဒါဇင်ကို US$ ၃၀၀ ရာဖြင့် ရောင်းချကာ သန်းစိန်ထံမှတဆင့် 1 liter တလုံးလျှင် US$32 မှ US$37 ထိပေး၍ ဝယ်ယူရရှိနိင်ပါသည်။ ပြင်ပပေါက်ဈေးမှာ 1 liter bottle လျှင် US$50 ပတ်ဝန်းကျင်တွင် ဝယ်ယူနိင်ပါသည်။

သံမှုးတင်အောင်ထံမှ ဝယ်ယူပါက ပိုမိုသက်သာစေပါသည် ၎င်းတို့လုပ်ရပ်များသည်က သံတမန်တို့၏ ရပိုင်ခွင့်နှင့် လုပ်ခွင့်များကို လူသူမြင်မကောင်းလောက်အောင် အလွဲသုံးစား ပြုလုပ်နေပါ၍ သမ္မတသစ်ကြီးမှ ထိုအကျင့်ပျက်သံမှူးအား တားမြစ်ပေးရန် အသိပေးအပ် ပါသည်။

သံရုံးမှရောင်းသော ထိုသေရည်သေရက်ကို ဝယ်ယူအားပေးသူများတွင် အံ့ဩစွာ တွေ့ရှိရသည်မှာ ၁၉၈၈ တွင် ထိပ်တန်းမှ လုပ်ဆောင်ခဲ့သည်ဟု ပြောဆိုသူများဖြစ်သော သန်းလွင်ထွန်းခေါ် အောင်နိင် (Ex-ABSDF) VOA ဌာနမှူး (စစ်အုပ်စုထံသို့ VOA သတင်းဌာနကို အကြောင်းပြုပြီး ရန်ကုန်နင့်နေပြည်တော်သို့ လည်ပတ်နေသူ) မလုံးခေါ် ခင်စိုးဝင်း (နိုင်ငံရေးမလုပ်ပဲ ခိုလှုံခွင့် လိမ်လျှောက်ထားသူ) VOA အယ်ဒီတာ ဝင်းဖေခေါ် ဇော်ဝိတ် (Ex- ရုပ်ရှင်ဒါရိုက်တာ) မိုးချုပ်ခေါ် ဇော်ဝင်းလှိုင် (ABSDF-India) VOA အသံလွှင့် သတင်းထောက် (မိုးချုပ်ခေါ် ဇော်ဝင်းလှိုင်၏ မိန်းမနှင့် ၎င်းမိသားစု အသိုင်းအဝန်းတို့သည် သံရုံးသို့ ပုံမှန်အသွားလာရှိပြီး ယ္ခုပြုလုပ် ပြီးမြောက်ခဲ့သည် စစ်အစိုးရပါတီမှ ကျင်းပခဲ့သည် တပ်မတော်နေ့ ညစားစားပွဲသို့ တက်ရောက်ခဲ့ကြသည်။) ခင်ဖြူထွေး (VOA အသံလွှင့်သတင်းထောက်နှင့် သူမယောက်ကျား ဇော်မိုးအောင် RFA (Ex-လူ့ဘောင်သစ်) ဝင်းနိုင် RFA (Ex-ABSDF) သတင်းပေးသူ၏ ပြောဆိုမူအရ RFA နှင့် VOA ဝန်းထမ်းနှင့် ၎င်းတို့၏ မိသားစုအများစုတို့သည် သတင်းရယူရန် မဟုတ်ပဲ မိမိပြောဆိုသည့် နိုင်ငံရေး၊ တော်လှန်ရေး၊ ပြည်သူအရေးတို့ကို လွယ်လွယ်ကူကူ အမှိုက်ပုံးထဲ ထည့်ခဲ့ပြီး သာရာ စားသွားကြသညကို မြင်တွေ့စေလိုပါသည်။ ၎င်းတို့အား မြန်မာလူ့ဘောင်တခုလုံးက ဒါဏ်ခတ်သင့်ပါသည်။

တော်လှန်ရေး၊ နိုင်ငံရေးအမည်ခံ လုပ်စားလူလိမ်များ လူနံမည်စာရင်းကို တိတိကျကျပြုစု၍ ဆက်လက်တင်ပြပေးပါမည်။ ယ္ခုသတင်းကို VOA နှင့် RFA သို့ပါ ပေးပို့လိုက်ပါသည်။

ပြည်သူ့သစ္စာခံ
မြတ်သူ(ဗမာ)

No comments: