ဆန္ဒပြသမားများ၏ တန်ပြန်တိုက်ခိုက်မှုကြောင့် ယီမင်စစ်သား ၆ ဦးသေဆုံး

ယီမင်အစိုးရ အရာရှိတဦး၏ ပြောဆိုချက်အရ ယီမင်အလယ်ပိုင်း နယ်မြေတွင် ဆန္ဒပြသမားတွေ ဆန္ဒပြမှုများအား နှိပ်နင်းရင် တာဝန်ချထားသည့် စစ်သား ၆ ဦးအား ဆန္ဒပြသမားများမှ တန်ပြန် တိုက်ခိုက် သတ်ဖြတ်လိုက်ကြောင်း ပြောဆိုလိုက်သည်။ ယီမင်လုံခြုံရေး အရာရှိက ဆက်လက်ပြော ကြားရာတွင် ဆန္ဒပြသမားများအတွင်းမှ သေနတ်သမားများ၏ ပြန်လှန်တိုက်ခိုက် မှုကြောင့် စစ်သား ၆ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိ သွားကြောင်း ပြောဆိုသွားသည်။ ဆန္ဒပြသမားဘက်မှ ပြောဆိုရာ၌ ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့တို့ အပြန်အလှန် တိုက်ခိုက်ပြီး အဓိကရုဏ်းဖြစ်ပွားခဲ့ရာ ဆန္ဒပြသမား ၁၅ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ပြောဆိုသွားသည်။ ယီမင်နိုင်ငံတွင် လက်ရှိသမ္မတ အလီအဗ္ဗဒူလာဆလား နှုတ်ထွက်ရန် ဆန္ဒပြတောင်းဆိုမှုများ လချီကြာခဲ့ပြီဖြစ်သည်။

ယီမင်အရာရှိတဦးက ထပ်မံပြောဆိုရာတွင် စစ်တပ်စစ်ဆေးရေးဂိတ်အား ချောင်းမြောင်းတိုက်ခိုက်မှု ကြောင့် အခြားစစ်သားတဦးလည်း သေဆုံးသွားကြောင်း ပြောဆိုခဲ့ပြီး ၎င်း၏ အမည်အား ထုတ်ဖော် ပြောကြားခြင်း မပြုရန် မေတ္တာရပ်ခံခဲ့သည်။ သောကြာနေ့နှင့် စနေနေ့က တန်ပြန်တိုက်ခိုက်မှု များကြောင့် သေဆုံးသူ စစ်သား ၇ ဦးရှိသွားပြီဖြစ်သည်။

No comments: