ဂျာမဏီနိုင်ငံရှိ NGO များနှင့် ဆက်စပ်နေသောသူများအကြောင်း ဘာသာပြန်ဆောင်းပါး


ဂျာမဏီနိုင်ငံမှ ဒီမိုကရေစီ အင်အားစုများအတွင်း ဝင်ရောက်ထိုးဖေါက်ပြီး ချော့မော့ ဖျောင်း ဖျခြင်း၊ (Appeasement)၊ သဘောတူညီ့ချက်ဖြင့် လက်နက်ချစေခြင်း (Capitulation)၊ ပူးပေါင်းဆောင်ရွက်စေခြင်း (Collaboration) နှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုခြင်း (Development) ဆိုသည့် (ACCD) ခေါင်းစဉ်အောက်မှ တွန်းအားပေးနေသည့် အဖွဲ့အစည်းများမှာ-
ဖက်ဒရစ်နုမန်ဖေါင်ဒေးရှင်း (Friedrich Neumann Foundation (FNS) ၎င်း အဖွဲ့သည် “ဂျာမဏီဖယ် ဒရယ် ပြည်ထောင်စုနိုင်ငံတွင်းရှိ နိုင်ငံရေးလွတ်လပ်မှု၏ အခြေခံအုတ်မြစ်ဖြစ်သည်ဟု ဖွင့်ဆိုထားသည်။”

လစ်ဘရယ်ဆိုသည့် ဝေါဟာရကို အဓိပ္ပါယ်ဖေါ်လျှင် ပုဂ္ဂလိကလုပ်ငန်း၊ ကမ္ဘာလုံးဆိုင်ပြောင်းလဲမှု (Globali zation), ကမ္ဘာ့ပူနွေးလာမှုအကြောင်းကို မျက်ကွယ်ပြုခြင်း၊ ပုဂ္ဂလိကပိုင်ဆိုင်မှုကို ကာကွယ်ခြင်း (ထိုကာ ကွယ်ခြင်းဆိုသည့် ဝေါဟာရ၏ အမှန်အဓိပ္ပါယ်မှာ ချမ်းသာသူများက ဆင်းရဲသူများအပေါ် စိုးမိုးထားမှုကို အကာအကွယ်ပေးခြင်းဖြစ်သည်)။ ထို့ကဲ့သို့ ပေါ်လစီများကို ပြည်သူလူထု ပရိဿတ်များသို့ ပြောက်လက် သော စက္ကူလွှာပေါ်တွင် ကမ္ဗည်းထိုး၍ သေသပ်စွာ ထုတ်ပိုးပြီး “ဒီမိုကရေစီနှင့် လူ့အခွင့်အရေး” ဆိုသည့် အမှတ်အသားတံဆိပ်ကို ခပ်နှိပ်လျက်ထားခြင်းသာဖြစ်သည်။ ၎င်းအဖွဲ့အစည်းသည် Free Democratic Party (လွတ်လပ်သော ဒီမိုကရေက်တစ်ပါတီ) နှင့် ဆက်စပ်မှုရှိသည်။ FDP သည် “ဝင်ငွေကောင်း သောသူများအတွက် ပါတီ” ဟူသော ဆိုင်းဘုတ်အတပ်ခံထားရသော ပါတီဖြစ်သည်။ ထိုလူများ လွတ်လပ် စွာ ဖတ်နိုင်သော လွတ်လပ်စွာ ရောင်းဝယ်နိုင်သော အခွင့်အရေးကိုပေးထားသည်။ ၎င်းပါတီသည် လက်ရှိအာဏာရီ ဆိုရှယ်ဒီမိုကရက်ပါတီ SDP (Social Democratic Party) နှင့် မဟာမိတ်ဖွဲ့ထားသည်။

Friedricl Ebert Stifturng (FES) ဖက်ဒရစ်အီဘတ်စတစ်ဖမ်းအဖွဲ့သည် “ပုဂ္ဂိလိက ယဉ်ကျေးမှုနှင့် သက်ဆိုင်သော အမြတ်အစွန်းအတွက်  မရည်ရွယ်ဘဲ (Non profit organization) ဖွဲ့စည်းထားသော အဖွဲ့ဖြစ်သည်။” ၎င်းအဖွဲ့တွင် တိုင်းပြည် ၁၀၀ ကျော် ပူးပေါင်းပါဝင်ပြီး လုပ်ငန်းစဉ်များဖြစ်သော “ပူးပေါင်းပါဝင်ခြင်းဖြစ်လာအောင် ဆက်စပ်ပေးခြင်း၊ ပါတီစုံစနစ် ပေါ်ထွန်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လူမှုရေးတရားမျှတမှုနှင့် အကြမ်းမဖက်ဘဲ ညှိုနှိုင်းဖြေရှင်းရေးကို မတူညီသော လူ့အဖွဲ့အစည်းများအတွင်း ဖြေရှင်းနိုင်ရေးကို ဦးတည်လုပ်နေသည့် အဖွဲ့ဖြစ်သည်။ ၎င်းအဖွဲ့သည် လက်ရှိအုပ်ချုပ်နေသော ဂျာမန်ပါတီကြီးဖြစ်သည့် Social Democratic Party (SDP) ဆိုရှယ်ဒီမိုကရက်တစ်ပါတီနှင့် ချိတ်ဆက်ထားသည်။”

ဒီနေရာတွင် မေးခွန်းကြီးတခုကို မေးချင်ပါသည်။ ဘယ်သူက ဤအစိုးရမဟုတ်သော အကျိုးအမြတ်အတွက် မဟုတ်ဘဲ အလုပ်လုပ်နေသည့် အဖွဲ့အစည်းများ NGOs (non-profit, non-government organizations) ကို သူတို့၏ ငွေအလုံးအရင်းနှင့် ထောက်ပံ့နေသနည်း? ဟူ၍ပင် ဖြစ်သည်။ ဘာကြောင့်ပေးရသလဲ? ဟု မေးချင်သည်။

၎င်းတို့သည် တွန်းတွန်းတိုက်တိုက် တိုး၍ လုပ်နေသူများဖြစ်သလို ၎င်းတို့နောက်တွင်လည်း ငွေအလုံးအရင်းနှင့် ရှိပါသည်။ သူတို့ဟာ မြန်မာပြည် စစ်အစိုးရ (ယခုသိန်းစိန်အစိုးရ) ဘက်ကို ယိမ်းနေသော အုပ်စုကြီးကို ဦးဆောင်ထားပါသည်။
ဖက်ဒရစ်နုမန်ဖေါင်ဒေးရှင်း (Friedrich Neumann Foundation (FNS)  သည် ၁၉၈၀ ခုနှစ်နောက်ပိုင်းတွင် အထူးတက်ကြွစွာ မြန်မာပြည်တွင်းသို့ ဝင်ရောက်စွက်ဖက်လာခဲ့ပါသည်။ ကချင် (KIO) ကေအိုင်အို အဖွဲ့အစည်းသည် သူတို့၏ (၎င်းတို့၏ ACCD လမ်းစဉ်အရ) ဓါးစာခံအဖြစ် ပထမဦးဆုံးကျရောက်သွားခဲ့သော အဖွဲ့ဖြစ်သည်။

ACCD လမ်းစဉ်ဆိုသည်မှာ ပထမ ဦးစွာရှင်းပြခဲ့သည့် လမ်းစဉ်ဖြစ်သည်။
A= Appeasement (ချော့ခြင်း၊ ဖျောင်းဖျခြင်းဖြင့် သိမ်းသွင်းခြင်း)
C= Capitulation (ချွတ်ယွင်းချက်ဖြင့် လက်နက်ချစေခြင်း)
C= Collaboration (ပူးပေါင်းဆောင်ရွက်စေခြင်း)
D= Development (ဖွံ့ဖြိုးတိုးတက်ရေးလုပ်ရာတွင် ပါဝင်စေခြင်း)
ယ္ခုအခါ ၎င်း NGO (အစိုးမရမဟုတ်သောအဖွဲ့အစည်းများ) များသည် မြန်မာပြည်တွင်းနှင့် ပြည်ပတွင် ကြီးမားသော ကွန်ယက်ကြီးကို တည်ဆောက်ထားပြီးဖြစ်သည်။ ၎င်း NGO များ၏ အေးဂျင့် (တာဝန်ခံ) များ နှင့် ပူးပေါင်းလုပ်နေသူများတွင်- အောက်ဖော်ပြပါ ပုဂ္ဂိုလ်များ ပါဝင်နေသည်။
၁။ Harn Yaunghwe, Euro-Burma Office  (ဟန်းညောင်ရွှေ) ယူရိုဘားမားရုံး
၂။ Saboi Jum (Kachin Baptist & NOG- Shalom Fouadation) ဆာဘီယိုဂျမ် (ကချင်ဘက်ပတစ် & အင်ဂျီအို- ရှာလုံ ဖောင်ဒေးရှင်း)
၃။ Seng Raw (Kachin Ngo- Metia Foundation) ဆိုင်းရော် (ကချင် အင်ဂျီအို-မေတ္တာ ဖောင်ဒေးရှင်း)
၎။ Win Naing (Rangoon Pseudo activist) ဝင်းနိုင် (ရန်ကုန်မြို့ လှုပ်ရှားတက်ကြွသူအတု- အမျိုးသားရေး ဝင်းနိုင်ဟုလည်းခေါ်သည်။
၅။ Allen Smith (Australian Academic)  အယ်လန်စမစ် (အော်စတေးလီးယန်းပညာရှင်)
၆။ David Steinberg (US Academic) ဒေးဗစ်အိုင်စတိမ်းဘတ် (ယူအက်စ ပညာရှင်)
၇။ Dr Thaung Tun (UN Burma Office) ဒေါက်တာသောင်းထွန်း (ယူအင် မြန်မာရုံး၊ အဝေးရောက်ညွန့်ပေါင်းအစိုးရကိုယ်စားလှယ်)
၈။ Robert Taylor (UK Academic) ရောဘတ်တေလာ (ယူကေ- ပညာရှင်)
၉။ Derek Tonkin (UK Former Ambassador and Businessman) ဒဲရစ်တိုကင် (ယူအေ- ယ္ခင်သံအမတ်ဟောင်းနှင့် စီးပွါးရေးသမား)
၎င်း NGO’s တို့၏ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ထောက်ပံ့မှု ခံယူနေသောအဖွဲ့အစည်းများမှာ (၎င်းတို့ဆိုသည်မှာ (FNS), (FES) တို့ကို ဆိုလိုသည်။
(၁) Ethnic Nationalities Council (ENC)
တိုင်းရင်းသားလူမျိုးစုများကောင်စီ (အီးအင်စီ)
(၂) Forum for Democracy in Burma (FDB)
မြန်မာပြည် ဒီမိုကရေစီတည်ဆောက်ရေးအဖွဲ့။
(၃) International Crisis Group (ICG)
နိုင်ငံတကာ ပဋိပက္ခလေ့လာရေးအဖွဲ့
(၄) Trans- National Institute (TNI)
နိုင်ငံတကာဆက်ဆံရေး အင်စတီကျု
(၅) ထို့ပြင် NCGUB ညွန့်ပေါင်းအစိုးရတို့ပင် ပါဝင်သည်။ တချို့အဖွဲ့အစည်းများ ပါဝင်ထားသော်လည်း ရှင်းလင်းစွာ မဖေါ်နိုင်သေးပေ။
ဂျာမန် NGO များသည် မြန်မာအစိုးရအဆက်ဆက်အား အကြံဉာဏ်များ တောက်လျှောက်ပေးလာခဲ့ကြသည်။ ထို့အထဲတွင် Border Guard Force နယ်ခြားစောင့်တပ်ဖွဲ့စည်းရန် အကြံအဉာဏ်ကို ဂျာမန်တို့က ၁၉၉၀ နှစ်ဦးပိုင်းတွင် စွမ်းရည်တည်ဆောက်ရေး အလုပ်ရုံ ဆွေးနွေးပွဲ (Work Shops) တွင် ဖယ်ဒရယ်လစ်ဇင်းအကြောင်းဆွေးနွေးရာတွင် ပြောကြားခဲ့ဘူး၍ ဖြစ်သည်။
ဖက်ဒရစ်နုမန်ဖေါင်ဒေးရှင်း (Friedrich Neumann Foundation (FNS)   သည် (Council of Asian Liberal Democrats) (CALD) အေရှင်းလစ်ဘရယ် ဒီမိုကရက်ကောင်စီ၏ အဖွဲ့ဝင်ဖြစ်သည်။
FNS အနေနှင့် CALD တွင်းရှိ နိုင်ငံများဖြစ်သော ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူနှင့် ဖိလစ်ပိုင်တို့ကို လွှမ်းမိုးနိုင်မှု သြဇာအာဏာရှိကြောင်း မတွေ့ရချေ။ ၎င်း FNS ထံတွင် ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော ကရင်နှင့် ကရင်နီစစ်ပြေးဒုက္ခသည်များကို မြန်မာပြည်တွင်းသို့ ပြန်ပို့ရန် စိတ်ကူးရှိကောင်းရှိနေနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ထိုင်းနိုင်ငံရှိ ဒီမိုကရက်တစ်ပါတီသည် CALD ၏ အဖွဲ့ဝင် ပါတီဖြစ်သည်။ မေလ (၄) ရက်နေ့ ၂၀၁၁ တွင် မြန်မာအစိုးရ ယိမ်းသောအုပ်စုများ ဘာလင်တွင် ဆုံစည်းခဲ့ကြသေးသည်။
ရရှိသောသတင်းကိုအများသိစေရန်ရည်ရွယ်ချက်ဖြင့်တိုက်ရိုက်ဘာသာပြန်ပြီးဖြန့်လိုက်ပါသည်။

အားလုံးကိုလေးစားလျှက်
ထွန်းအောင်ကျော်

No comments: