ဇနီးမယားပေါင်း ၁၀၇ ယောက်တိတိလက်ထပ်ပေါင်းသင်းခဲ့ သူ မွတ်ဆလင်ပျောက်စေဆရာကြီး

လက်ရှိတင် မိန်းမ ၈၉ ယောက်နှင့် အတူပေါင်းသင်းနေထိုင်နေတာဆိုတော့ ...
လေးစားအားကျသူတွေများတာမဆန်းပါဘူးနော်
အများစုအတွက်ကတော့ ဘ၀မှာ မိန်းမတစ်ယောက် (ဇနီးတစ်ယောက်) နဲ့တင် လုံလောက်လှပါပြီ။ သို့သော် မူဆလင်ပျောက်စေဆရာ ဘယ်လိုမာဆဘာကတော့ "ကျူပ်ကတော့ ဘယ်သူမှ မယုံကြည် နိုင်လောက်တဲ့ မိန်းမ ၁၀၇ ယောက်ကို လက်ထပ်ယူခဲ့ပြီး သားသမီး ၁၈၅ ယောက် ရတော့မှပဲ စိတ်ကျေနပ်သွားတော့တယ်ဗျာ။ အခုတော့ တော်ပါပြီ။ နောက်ထပ်မလိုတော့ပါဘူး" ဟုပြောကြားခဲ့ ပါတယ်။

အသက် ၈၇ ခုနှစ်ရှိ နိုင်ဂျီးရီးယားနိုင်ငံသားမှာ မိသားစု အသိုင်းအ၀ိုင်းကကို လူပေါင်း ၅၀၀၀ ကျော်ရှိပြီး သူ့ရဲ့ဇနီးမယားတွေမှာ ရှိရမယ့်အရည်အချင်းတွေထဲမှာ ရိုကျိုးနာခံတတ်တာကို အလိုလားဆုံး၊ တန်ဖိုးအထားဆုံး ပါပဲလို့လည်း သူကဆိုပါတယ်။ ဇနီးမယား အများအပြားယူခဲ့သူက သူဟာ ၁၉၇၀ ခုနှစ်ကျော်များက ထာဝရ ဘုရားသခင်ရဲ့ ပျောက်စေဆရာဖြစ်စေ၊ မိန်းမအများအပြား ဆက် တိုက်ယူစေလို့ ဆိုသည့်ဗျာဒိတ်စကား နာခံ၊ ကြားသိခဲ့ရတာဖြစ်တယ်လို့လည်း အခိုင်အမာ ပြောဆို ခဲ့ပါတယ်။

"ထာဝရအဖဘုရားသခင်က ကျူပ်ကို ဇနီးမယားတွေအလိုရှိတဲ့ ချစ်ခြင်းရဲ့ စွမ်းဆောင်ရည်ကို ပေးအပ် တော်မူခဲ့ပြီး အကယ်၍ ကျူပ်က သူတို့လေးတွေရဲ့ အလိုဆန္ဒကို မဖြည့်ဆည်းပေးနိုင်ယင် သူတို့က ကျူပ်ကိုစွန့်ခွာ သွားကြမှာ ဖြစ်ပါတယ်။ ဘုရားသခင်က ကျူပ်ကို ကြိုက်တဲ့မိန်းမကို လက်ထပ်ယူနိုင် တယ်လို့ ဗျာဒိတ်စကား ပြောကြား ခဲ့ပါတယ်။ ဘုရားသခင်ကသာ သည်လိုမပြောကြားခဲ့ယင် ကျူပ်က မိန်းမ နှစ်ယောက်ထက် ပိုမယူပါဘူးဗျာ" လို့ သူက လော့စ်အိန်ဂျလိတိုင်းမ်စ် သတင်းစာကို ပြောပြခဲ့ပါတယ်။
              
သို့သော်ငြာလည်း သူပြောကြားခဲ့သည့် (ဘုရားသခင်) ဗျာဒိတ်စကားနှင့် မိန်းမတွေ ဆက်တိုက်ယူခဲ့မှု က (သူနေထိုင်ရာ) နိုင်ဂျီးရီးယားနိုင်ငံ၊ ဘီဒါမြို့ရှိ အစ္စလာမ်ဘာသာရေးဆိုင်ရာ အာဏာပိုင်များနှင့် အငြင်းပွားဖွယ်တွေ ဖြစ်ခဲ့ရပါတယ်။ အစ္စလာမ်ဘာသာရေးဥပဒေ (ရှာရီးယားဥပဒေ) အရ မွတ်ဆလင် အမျိုးသားတစ်ယောက်ဟာ ဇနီး၊ မယား လေးယောက်ထက် ပိုမယူသင့်ဘူးလို့ ဆိုထားပါတယ်။ ထို့ကြောင့်လည်း သူရဲ့ဇနီး ၈၂ ယောက်ကို ကွာရှင်းပြီး ၄ ယောက်နှင့်သာ ပေါင်းသင်းနေထိုင်ရန် အမိန့်ကို ငြင်းဆန်ခဲ့လို့ အစ္စလာမ်ဘာသာရေး ရဲတပ်ဖွဲ့က မစ္စတာမဆာဘာ ကို ၂၀၀၈ ခုနှစ်၊ စက်တင်ဘာလမှာ ဖမ်းဆီးထောင်ချခဲ့ပါသေးတယ်။ သူ့အပေါ် ချစ်ခင်ကြင်နာ၊ သစ္စာရှိကြတဲ့ ဇနီး များက အကျဉ်းထောင်ရှေ့နှင့် နောက်ပိုင်း နိုင်ငံတော်တရားရုံးများမှာပါ စုရုံးဆန္ဒပြကြပြီး ဇနီးမယား ၅၇ ယောက်က ၎င်းတို့ဟာ မိမိတို့ဆန္ဒအလျောက် သူ့ကိုလက်ထပ် ပေါင်းသင်းခဲ့တာဖြစ်ကြောင်း အစစ်ခံကြလို့ သူ့ကိုထောင်မှ လွှတ်ပေးခဲ့ရပါတယ်။

စံတင်လောက်ပါတယ်၊ အဘဦးစံတင်ရယ်၊
ဒါတောင် နာမည်က မစားပါ မို့လို့ပဲ၊ စားပါတယ်ဆိုယင် ပက်လက်လန်လောက်အောင်
မိန်းမတွေယူမလားပဲ
ယနေ့အချိန်မှာတော့ ချမ်းသာကြွယ်ဝတဲ့ ဆရာကြီးဟာ အသက်အငယ်ဆုံး ၁၉ နှစ်ဇနီးလေးနှင့်၊ အသက်အကြီးဆုံး ၆၄ နှစ် အပါအ၀င် ဇနီးမယားပေါင်း ၈၉ ယောက်နှင့် အခန်းပေါင်း ၈၉ ခန်းရှိသည့် အဆောက်အဦကြီးမှာ နေထိုင်လျှက်ရှိပါတယ်။ သူ့ရဲ့ဇနီး ၉ ယောက်က ကွယ်လွန်ခဲ့တာဖြစ်ပြီး ၁၂ ယောက်ကိုတော့ ပြောစကား နားမထောင် (သူ့ကိုမနာခံ) လို့ ကွာရှင်းခဲ့ပါတယ်။ သားသမီးပေါင်း ၁၈၅ ယောက်ရှိရာမှာ ၁၃၃ ယောက်ကတော့ သူနှင့် အတူနေထိုင်လျှက်ရှိကြပြီး မိသားစုဝင်ထဲက တစ်စုံတစ်ယောက် နာမကျန်းဖြစ်ခဲ့ လျှင် ဆေးရုံ၊ ဆေးခန်းတွင် ကုသမှုမခံယူစေပဲ သူ၏ပျောက်စေပညာစွမ်းဖြင့် ကုသမှုခံယူစေလေ့ရှိပါတယ်။

အဟုတ်တကယ်ကိုပဲ ဂုရုကြီးလို့ ခေါ်ထိုက်ပါပေတယ်ဗျာ၊
ဘုရားသခင်ကိုယ်တိုင်က ကြိုက်သလောက်မိန်းမတွေယူစေလို့ ညွှန်ကြားစေစားတော်မူခဲ့တယ်ဆိုပဲ။
Guru: The 87-year-old faith healer had a vision from God instructing him to carry out his work and take as many wives as he wanted

"ကျူပ်က သူတို့ကို ဆေးရုံ၊ ဆေးခန်းကို မသွားခိုင်းပါဘူး၊ နေမကောင်းများဖြစ်လို့ကတော့ ကျူပ်ကိုသာ အကြောင်းကြားပြီး ၀တ်ပြုဆုတောင်းရတာပါပဲ။ ကျူပ်မိန်းမတစ်ချို့တော့ အဲဒီလောက်မယုံကြည်ကြ ပါဘူး။ သူတို့က (သား၊ သမီးတွေကို) ကျူပ်မသိအောင် ကွယ်ရာမှာ ဆေးရုံကို ခေါ်သွားတတ်ကြ ပါတယ်။ အဲဒီလိုများ ကျူပ်မသိအောင်သွား မိလို့ကတော့ အဲဒီကလေးဟာ တစ်ကိုယ်လုံး ဖောယောင် လာပြီး သေတော့တာပါပဲ" လို့ သူက ပြောကြားခဲ့ပါတယ်။ မိသားစုကို တင်းကြပ်သည့် စည်းကမ်း များဖြင့် အုပ်ချူပ်တတ်သော်လည်း မဆာဘာ ကတော့ ၎င်းတို့ကို အသည်းစွဲအောင်ချစ်တတ်လို့ ဇနီး မယားများက ချစ်ခင်မြတ်နိုး၊ လေးစားရိုသေကြပါတယ်။

ကိုပီတာဘလော့ဂ်မှ ကူးယူဖော်ပြပါသည်။

No comments: