ဒီပဲယင်းလုပ်ကြံမှုနှင့် ပတ်သက်၍ တသီးပုဂ္ဂလ သဘောထား ထုတ်ပြန်ကြေညာချက်


စာအမှတ်။  ။ ပဂလ/ ၀၀၁/ ၀၁/ ၁၁
နေစွဲ      ။  ။ ၂၀. ၀၅.၂၀၁၁

(၁) မြန်မာ့သမိုင်းတွင် ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရပြီးနောက် အစုလိုက်အပြုံလိုက် ဒီပဲယင်းလုပ်ကြံမှုကြီးသည် မြန်မာ့ သမိုင်းတွင် အဆိုးရွားဆုံးနဲ့ အရက်စက်ဆုံး လုပ်ကြံမှုကြီးဖြစ်သည်။

(၂) ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့တွင် ဖြစ်ပွါးခဲ့သည့် မြန်မာစစ်အုပ်စု၏ အစုလိုက် အပြုံလိုက် အကြမ်းဖက် လူသတ်မှုအပေါ် ၈ နှစ်ကြာမြင့်ခဲ့သည့်တိုင် ယနေ့ထိ စုံစမ်း၊ စစ်ဆေး၊ အရေးယူ၊ အပြစ်ပေး ဆောင်ရွက်ခြင်း မရှိသည့်အတွက် ပြစ်မှုကျူးလွန်ထားသူများအား အကာအကွယ် ပေးထား သည်မှာ ထင်ရှား သိသာပေါ်လွင်နေသည်။

(၃) ဒီပဲယင်း အမှုမှန် ပေါ်လာစေရေးအတွက် ကုလသမဂ္ဂမှ ဦးဆောင်ပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင် တစ်ရပ်ဖွဲ့စည်းပေးရန် ပြည်တွင်း/ပ အတိုက်ခံများအားလုံး လက်မှတ်ရေးထိုးပြီး တောင်းဆိုမှုများ ပြု လုပ်ရန် အရေးကြီးသည်။

(၄) ၂၀၀၃ ခုနှစ် ဒီပဲယင်းကြည်ရွာအနီးတွင် ဖြစ်ပွါးခဲ့သည့် လူမဆန်သည့် လုပ်ကြံ သတ်ဖြတ်မှုကြီး သည် ကမ္ဘာနှင့် မြန်မာကို တုန်လှုပ်ခြောက်ခြားစေခဲ့သည့် ဖျောက်ဖျက်၍မရသည့် သမိုင်းဝင် ဖြစ်ရပ် ဆိုးဖြစ်သည်။

(၅) ဤ- လုပ်ကြံမှုကြီးသည် (နအဖ) စစ်အုပ်စုမှ အာဏာတည်မြဲရေးအတွက် ရည်ရွယ်ချက်ရှိရှိ စီမံ ကိန်းရေးဆွဲပြီး လုပ်ကြံခဲ့သော၊ သတ်ဖြတ်ခဲ့သော လုပ်ကြံမှုကြီးဖြစ်သည်။

(၆) (နအဖ) အသွင်ပြောင်း လက်ရှိ- သိန်းစိန်အစိုးရအား ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းကြီးဖြစ်သည့် လုံခြုံရေးကောင်စီမှ အရေးယူဆောင်ရွက်မှု မပြုလုပ်သရွေ့ မြန်မာနိုင်ငံသည် ဒီမိုကရေစီနှင့် အလှမ်း ဝေးနေဦးမည်ဖြစ်ပြီး  အလားတူ ဒီပဲယင်းလုပ်ကြံ သတ်ဖြတ်မှုမျိုးများ ပေါ်ပေါက်လာဦးမည့်အပြင် မတ ရားသောဖမ်းဆီး၊ ဖိနှိပ်၊ ညင်းပမ်း၊ ရက်စက်သတ်ဖြတ်မှုများနှင့် ကျေးရွာများကို အတင်းအဓမ္မ ပြောင်း ရွေ့စေခိုင်ခြင်း၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးပစ်ခြင်း၊ အတင်းအဓမ္မစေခိုင်းခြင်း၊ အမျိုးသ္မီးများကို အတင်းအဓမ္မပြုကျင့်ခြင်း စသည့် လူ့အခွင့်ရေး ချိုးဖောက်မှုများ ဆက်လက်ရှိနေဦးမည်ဖြစ်သည်။

(၇) ထို့ကြောင့် အထက်ဖော်ပြပါ အဖြစ်ဆိုးများနှင့် မကြုံရလေအောင်  ပေးဆပ်မှုများပါဝင်သည့် ကျစ် လစ်ခိုင်မာတဲ့ ပေါင်းစည်း ညီညွတ်မှုအင်အားတစ်ရပ် တည်ဆောက်ရန်အမှန်တကယ်လိုအပ်သည်။ ထို- ပေါင်းစည်းညီညွှတ်သည့် အင်အားနှင့်သာလျှင် ရန်သူကိုချေးမှုန်း တိုက်ဖျက်သွားနိုင်မည်ဟု ကျ နော့် အနေဖြင့် အလေးနက်ယုံကြည်သည်။

လေးစားစွာဖြင့်
ကိုဗလိုင်။

1 comment:

Anonymous said...

Nice to hear and right but not practical and this approach will harm the community more in vicious poverty by pushing them into dictatorship again. you should make money with another way if you are a exile.