ဘူတန်ဘုရင်၏ မင်္ဂလာသတင်း

ဟိမဝန္တာတောင်တန်းပေါ်မှ ဗုဒ္ဓဘာသာနိုင်ငံတခုဖြစ်သည့် အသက် ၃၁ နှစ်ရှိ ဘူတန်နိုင်ငံဘုရင် ဂျင်မီဟီဆာနန်ဂျယ်ဝမ်ချုပ် (Jigme Khesar Namgyel Wangchuck) သည် လာမည့်အောက်တိုလတွင် အသက် ၂၀ ရှိ ကျောင်းသူလေး တဦးဖြစ်သည့် ဂျီဆွန်ပီမာ (Jetsun Pema) နှင့် လက်ထပ်တော့မည်ဟု သိရသည်။ ဘူတန်ဘုရင်ငယ် သည် အောက်စ်ဖို့ဒ် တက္ကသိုလ်ကျောင်းထွက် ခေတ်ပညာတတ်တဦး ဖြစ်ပြီး ၂၀၀၈ ခုနှစ်တွင် ခဖင်ထံမှ ထီးနန်း အရိုက်အရာကို ဆက်ခံ ခဲ့သည်။ ဘုရင်ဟောင်း ဂျင်မီဆင်ဂျေဝမ်ချုပ် (Jigme Singye Wangchuck) မှာလည်း အောက်စ်ဖို့ဒ်ပညာတတ် တဦးဖြစ်သည်။ ဖခင်ဖြစ်သူ အသက် ၅၀ အရွယ်၌ပင် ထီးနန်းကိုစွန့်၍ ဘူတန်နိုင်ငံ တွင် ဒီမိုကရေစီစနစ်ကို စတင် ကျင့်သုံးစေခဲ့သူ ဖြစ်သည်။ တနိုင်ငံ လုံး ဆေးလိပ် မသောက်ရ အမိန့်ကိုလည်း ထုတ်ပြန်ခဲ့သည်။ ဘူတန် နိုင်ငံ၏ ရှေးရိုးအုပ်ချုပ်ရေး စနစ်ဖြစ်သည့် ဘုရင် ရွေးချယ် ခံထားသည့် ပုဂ္ဂိုလ်များနှင့် လားမား ဘုန်းတော်ကြီးများ ပါဝင်သည့် ဘုရင့် တိုင်ပင်ခံ ကောင်စီကို ဖျက်သိမ်းပြီး ၂၀၀၅ ခုနှစ်တွင် ပြည့်သူ့ဒီမို ကရေစီ အုပ်ချုပ်ရေး စနစ်ကို အမြှော်အမြင်ကြီး စွာဖြင့် စတင်အုတ်မြစ်ချခဲ့သူ ဖြစ်သည်။ ၂၀၀၈ ခုနှစ် တွင် ပါလီမန် ဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံး ခဲ့သည်။

ကမ္ဘာ့နိုင်ငံအများစုက အမျိုးသား အသားတင်ထုတ်ကုန် တိုးတက်မှုကို ဦးစားပေးဆောင်ရွက်နေစဉ်မှာ ဘူတန်နိုင်ငံဘုရင်က အမျိုးသား ကျန်းမာရေးနှင့် ပျော်ရွှင်မှုမြင့်မားရေး (Gross National Happiness) ကိုအဓိကထား ဆောင်ရွက်ခဲ့သည့် ပထဦးဆုံးနှင့် တခုတည်းသော ကမ္ဘာ့နိုင်ငံဖြစ်သည်။ ယခုလက် ထပ်မည့် သားတို့သမီးမှာ အိန္ဒိယနှင့် ဗြိတိန်တွင် ပညာသင်ကြားခဲ့သူဖြစ်ပြီး လက်ရှိဘုရင်မှ ၎င်းငယ် စဉ်ကပင် တွေ့ဆုံခဲ့ပြီး စာရိတ္တခိုင်မာမှုနှင့် နွေးထွေးကြင်နာတတ်သည့် နှလုံးသားကို ပိုင်ဆိုင်သူ ဖြစ်ကြောင်း ဒီအချက်နှစ်ခု တည်းနှင့် သူ့ကို လက်ထက်ရန် ဆုံးဖြတ်ခဲ့ကြောင်း ဘုရင်က ပြောကြားခဲ့ သည်။ ဘူတန်ထုံးစံအရ အမျိုးသားများသည် အမျိုးသမီး ဇနီးအများ လက်ထပ်ယူနိုင်သည်။ ယခု ဘုရင်ငယ်က ဤထုံးစံကို ကျင့်သုံးနိုင်ယူဖွယ်မရှိဟု အများက ယူဆနေကြသည်။

No comments: