ဒီလမ်းဟာ အောင်ပွဲလမ်းပဲ (ပေးစာ)

ဒီမိုကရေစီအင်အားစုများခင်ဗျား ...

ဒုတိယပင်လုံကို ရေရှည်လုပ်ငန်းစဉ်လို့ မထင်ပါနဲ့ဦး။ ဒါဟာ ပထမဆုံး ကိုယ့်လမ်းကိုယ်လျှောက်တာဖြစ်ပါ တယ်။ အချိန်မရှိပါဘူး။ အားလုံး နည်းလမ်းပေါင်းစုံနဲ့ အမြန်ဝိုင်းရံကြပါ။

ဒုတိယပင်လုံဟာ ဒီနေ့အချိန်အခါနဲ့ အကိုက်အညီဆုံး၊ လက်တွေ့ဘဝနဲ့ အကိုက်အညီဆုံး၊ အလိုအပ်ဆုံး အောင်ပွဲလမ်းဖြစ်ပါတယ်။ တခြားရွေးစရာလည်း သိပ်မရှိပါဘူး။ ဒါကို နည်းပေါင်းစုံနဲ့ ဝိုင်းထောက်ခံပြီး ညီ ညွတ်မှုကို ပြသကြပါ။ တယောက်ချင်းလည်း ထောက်ခံကြပါ။ တဖွဲ့ချင်းလည်း ထောက်ခံကြပါ။ နည်းလမ်း ပေါင်းစုံနဲ့ ထောက်ခံမှုကို ပြကြပါ။

အခုကာလ ရွေးကောက်ပွဲလှိုင်းက ကြီးနေပါတယ်။ ကိစ္စမရှိပါဘူး။ ဒီမိုကရေစီအင်အားစုတွေအားလုံး ဒုတိယ ပင်လုံကို အားစိုက်လိုက်ရင် ရွေးကောက်ပွဲဟာ သူ့အလိုလို သေးသိမ်သွားပါလိမ့်မယ်။ ရွေးကောက်ပွဲ တရားမျှ တမှုရှိမရှိ သက်သေပြဖို့ ရွေးကောက်ပွဲပြီးတဲ့အထိ စောင့်စရာမလိုပါဘူး။


တခြားရွေးစရာမရှိလို့ ဒီမိုကရေစီအတွက် ရွေးကောက်ပွဲလမ်းကြောင်းကို ရွေးရတာပါလို့ ဆင်ခြေပေးသူတွေ အတွက်လည်း ဒုတိယပင်လုံဟာ တခြားရွေးစရာပါပဲ။ ဒီလမ်းကို မရွေးရင် လူထုဆန္ဒကို သစ္စာဖောက်တာပါပဲ။ စောင့်ကြည့်ပါရစေဦးလို့ ပြောနေသူတွေဟာ ဘယ်လောက် လေလုံးထွားထွား လူထုက အားကိုးလောက်တဲ့ လူမဟုတ်ဘူးဆိုတာ ရှင်းပါတယ်။

ဒုတိယပင်လုံဟာ ...
- ရွေးကောက်ပွဲမှတပါး တခြားရွေးစရာလည်း ဖြစ်ပါတယ်။
- အနိမ့်ဆုံး ဘုံလုပ်ငန်းစဉ်လည်း ဖြစ်တယ်။
- အမြင့်ဆုံး အောင်ပွဲလမ်းစဉ်လည်း ဖြစ်တယ်။
- လွှတ်တော်ခေါ်တာလည်း ဖြစ်တယ်။
- အစိုးရဖွဲ့တာလည်း ဟုတ်ပါတယ်။

ကျနော်တို့ တလျှောက်လုံး စစ်အစိုးရလုပ်သမျှ အပြစ်တွေကို သက်သေပြနေတာနဲ့ အချိန်ကုန်ခဲ့ပါပြီ။ ဒီတခါ ကိုယ့်လုပ်စရာရှိတာကိုလုပ်ဖို့ တခုတည်းသော လမ်းစဟာ ဒုတိယပင်လုံပါပဲ။ ဒုတိယပင်လုံကို အကျယ်ပြန့် ဆုံး၊ အနက်ရှိုင်းဆုံး အားဖြည့်ပေးရင်း အောင်ပွဲဆီ ချီတက်ကြပါစို့။ ဒုတိယပင်လုံလှိုင်းကို ကျယ်ပြန့်လာအောင် ကိုယ့်နည်းကိုယ်ဟန်နဲ့ တတ်စွမ်းသမျှ အားဖြည့်ပေးကြပါစို့ ...။ ။

ဟေးဒေး

ဒေါက်တာလွဏ်းဆွေဘလော့ဂ်မှ ကူးယူဖော်ပြပါသည်။

1 comment:

A S A said...

I really support this project. How can we practically support them that they can do this "Second PinLon Assembly"?