ပျက်စီးသူများ ဖျက်ဆီးနေကြသည်

ယဉ်းကျေးသည့် လက္ခဏာသရုပ်များနှင့် လုံမငယ်
ဗမာတို့သည် ခေတ်ရေးစီးကြောင်းကြီးတိုင်း တက်မပါဘဲ တမြောတည်းမြောပါလာခဲ့ကြရသည့် အတွက် ထိန်းသိမ်းရန် ခက်ကြုံမှုတို့နှင့်အတူ ထိုခရီးလမ်းတလျှောက်တွင် မှော်၊ မှိုက်၊ ဒိုက်သရောတို့ ကပ်ပါလာခဲ့သည်။ ကျောက်ဆောင်နှင့်တိုက်မိပြီး အပဲ့အရွဲ့ ဒဏ်ရာများလည်း ရရှိခဲ့သည်၊ ဝဲဂယက်တွင်လည်း သွက်သွက်ခါအောင် ချာချာလည်ခဲ့ရသည်။ ဤသည်မှာ ဗမာတို့၏ ကမ္မဗီဇကြောင့်ဟု ကျနော်မထင်ပါ။ ကျနော်တို့၏ နိစ္စဓူဝတို့ ယိုယွင်းချွတ်ယွင်းမှုတို့ကြောင့် ထိုသို့ပျက်စီးကြောင်းကို ဆိုက်ရောက်လာခဲ့ရသည်ဟု ထင်မြင်အောင် ထပ်မံစွပ်စွဲပါဦးမည်။

လူကြီးသူမ ပညာရှိတို့သည် ဤသည်ကား အပျော်၊ ဤသည်ကား အပျက်၊ ဤသည်ကား အထုံ၊ ဤသည်ကား အဖျင်းဟု ရှုမြင်ကြပြီး မူလနဂို ရွှေပုံပေါ်သို့ ပြန်တင်ပေးရန် ကြိုးပမ်းနေ ကြသည့်အချိန်၌ ကျနော်တို့ရှုမြင်ထားသည့် အပျော်၊ အပျက်၊ အထုံ၊ အဖျင်းတို့အား ဘုရင် ဧကရာဇ်တို့ စားတော်ပွဲကြီးပမာ ထင်မှတ်ကာ အရသာခံ စားသုံးနေကြသည်ကို မြင်ရသောအခါ ပါးစပ်ဟောင်းသားဖြင့် သုညခေတ်တလျှောက်လုံးတွင် နိမ့်ဆုံးဘဝသို့ ရောက်ရချေပြီဟု သံဝေဂမယူနိုင်ရှာပဲ ငိုခြင်းကြီးများဖြင့် မြည်တမ်း ကြရပါတော့သည်။

ယုတ်မာရိုင်းစိုင်း ဖောက်ပြန်သည့်အဆင်အယင်
ဗမာ့လောကကြီး၏ ဖြစ်တည်ပျက်တို့သည် ဤမျှ မြန်ဆန်ဖောက်ပြန်လာသည်ကို အံ့အဲမကုန်ပါ။ မည်သို့ ဖောက်ပြန်သနည်းဟု သာဓကတခု တင်ပြပါမည်။ မဂ္ဂဇင်းများတွင် တိုကပ်လွန်းလှသည့် ခန္ဓာကိုယ်အောက်ပိုင်း စကတ်၊ ဂါဝန်လို အဝတ်အစား၊ အလွန်တရာ ဖော်လွန်းနေသည့် ချက်ပေါ်၊ ရင်သားပေါ်သည့် အင်္ကျီအတိုအပြတ်၊ မိုးကြိုးစက်ကွင်း မိထားသည့်နှယ် ကြောင်ကြောင်ကြားကြား ဆံပင်ခြေသုတ်ခုံ စသည်စသည်တို့ကို အရေးတယူ ဖော်ပြနေကြသည်မှာ ဟိရီသြတ္တပ္ပ မည်မျှချို့တဲ့၍ မည်မျှစဉ်းလဲနေသည်ကို မှန်းဆနိုင်ပါလိမ့်မည်။ ဗမာသည် ကမ္ဘာတွင် ယဉ်ကျေးဆုံး၊ အရှက်အကြောက်ကြီးဆုံး၊ အားနာတတ်ဆုံး၊ သဘောမနောကောင်းဆုံးဟု တချိန်ကကြွေးကြော်ခဲ့ကြသည့် မြန်မာတို့သည် အခုတော့ဖြင့် မိုးနဲ့မြေကြီး၊ မိုးကြိုးနှင့် အီးသံလို ကွားခြားသွားပါပြီ။ ဤသည်မှာ ဖောက်ပြန်ပြောင်းလဲမှု များစွာထဲမှာ တခုပင်ဖြစ်သည်။

ယနေ့ဗမာများ၏ အရှက်ကင်းမဲ့ ဝတ်စားဆင်ယင်မှုများနှင့် ရုန်ရင်းကြမ်းတမ်းသော စကားများကို ထောက်ရှုခြင်းအားဖြင့် အမျိုးသားရေးလက္ခဏာ၊ အမျိုးသားယဉ်ကျေးမှုများ မည်၍မည်မျှ ပျက်စီးယိုယွင်း နေကြသည်ကို မြင်နိုင်ပါလိမ့်မည်။

အမျိုးကောင်းသမီးများ၏ ယဉ်ကျေးသည့် အမူအရာ
စစ်ရာဇဝတ်ကောင်များ၊ အနုပညာသည်များ၊ လူချမ်းသာများ၊ ပြည့်တန်ဆာများ တရုတ်၊ ကုလားများ ထိုသူများသည် မြန်မာ့ယဉ်ကျေးမှုကို ဖျက်လိုဖျက်ဆီး လုပ်နေကြသည့် ထိပ်တန်း ဖောက်ပြန်ရေး သမားများပင်ဖြစ်သည်။ စစ်ရာဇဝတ်ကောင် တို့သည် ထိပ်ဆုံးမှ အောက်ခြေတပ်သားများအထိ အကျင့်ပျက်လာဒ်စားပြီး အာဏာမြဲရေး၊ ထိုင်ခုံမြဲရေး၊ ရာထူးတက်ရေးများကိုသာ ဦးစားပေး ဖောက်ပြန်နေကြသည်။ တောနယ်များတွင် မိန်းမပျိုများကို မုဒိန်းကျင့်ခြင်း၊ ရွာလုံးကျွတ်မီးရှို့ခြင်း၊ ပေါ်တာခေါ်ခြင်း၊ လုပ်အားပေးခေါ်ခြင်း၊ ကလေးစစ်သားအသုံးပြုခြင်းတို့ကို ဥပဒေမဲ့ ပြုလုပ်နေကြသည်မှာ အထင်အရှားပင်ဖြစ်သည်။ ဗိုလ်ချုပ်အောင်းဆန်းသည် တပ်မတော်အား ပြည်သူများကို အလုပ်အကျွေးပြုရန် တည်ထောင်ခဲ့ခြင်းဖြစ်သော်လည်း နေဝင်းမဆလခေတ်မှစ၍ ယ္ခုသန်းရွှေနအဖခေတ်အထိ မြန်မာပြည်သူတို့သည် တပ်မတော်အား အလုပ်အကျွေးပြုနေကြရတော့သည်။ 
မဂ္ဂဇင်းမျက်နှာဖုံးတွင်ဖော်ပြသည့် အရှက်ကင်းမဲ့အဆင်အယင်နှင့် ဆိုတော်ဂျင်းနီ

အနုပညာသည်ဆိုသူများလည်း စစ်အုပ်နှင့် မထူးခြားနား ဖောက်ပြန်လျှက်ပင်၊ ကိုဇာဂနာ၊ ကိုကျော်သူတို့လို မွန်မြတ်ယဉ်ကျေးသည့် အဘိုးတန်အနုပညာသမားများမှာ အင်မတန် နည်းပါးလှသည်။ အနုပညာသည်ဆိုသည်မှာ ပြည်သူတို့အား ဦးဆောင်လမ်းပြ ပေးရမည်ဆိုသော်လည်း ထိုအနုပညာသည် တို့သည် မိဘပြည်သူတို့အား သူငယ်နပ်စား၊ လူဆင်းရဲနင်းပြားများဟု သဘောထား၍ ဗမာ့ယဉ်ကျေးမှုနှင့် ဖီလာဖြစ်သော အပြုအမူ၊ အပြောအဆို၊ အနေထိုင်၊ အသွားအလာ၊ အဆင်အယင်တို့ကို ဦးစားပေးလာကြပြီး အရှက်ဟူသည်မှာ မရှိအပ်သော အရာတခုဖြစ်အောင်၊ အကြောက်ဟူသည် မထားအပ်သော အရာတခုဟု ထင်မှားအောင် လမ်းမှားသို့ ဆွဲခေါ်နေကြပြီး၊ ဂျောက်ထဲသို့ တွန်းချနေသည်မှာ အထင်အရှားပင်။ ယခုအချိန်တွင် မြို့ရောတောပါမကျန် ဗမာ့ယဉ်ကျေးမှုအငွေ့အသက်များ မတွေ့ရမမြင်ရတော့ပါ။ တိုင်းတပါး၏ ဖောက်ပြားလော်လီသည့် ယဉ်ကျေးမှုများကိုသာ အထင်ကြီးကြပြီး အတုမှားနေကြသည်မှာ အနုပညာသမားဆိုသူများ၏ စနက်ပင်ဖြစ်လေတော့သည်။

ချိုသာပျော့ပြောင်း ကျက်သရေခသည့် အသွင်သဏ္ဍန်
လူချမ်းသာများသည် ငွေကိုရေလိုသုံးနိုင်ကြပြီး အပျော်အပါးတို့ကို အလွန်အကျူး ခုံမင်ကြသည်။ ငွေရှိလျှင် အရာရာကို ပြီးမြောက်နိုင်သည်ဟု အထင်ရှိကြပြီး ငွေနောက်သို့ တကောက်ကောက်လိုက်ကာ ငွေရပေါက်များ ထွင်ကြတော့သည်။ ထိုသူများသည် ငွေရလျှင် ပြီးရောဟု သဘောပိုက်ထားကြသူများပီပီ မိမိ၏ ငွေရရှိမှုသည် မိမိယဉ်ကျေးမှုနှင့် ဆန့်ကျင်သလော၊ သမ္မာအာဇီဝဖြစ်ပါ၏လော၊ ဟိရီသြတ္တပ္ပတရားတို့နှင့် ညိနေသလောဟု မစဉ်းစား မဆင်ခြင်ကြတော့ပါ။ ဘီယာဘားများ၊ နိုက်ကလပ်များ၊ အနှိပ်ခန်းများကို တည်ထောင်လာကြပြီး အကုသိုလ်အလုပ်များကို တရားဝင်  အဆိုးတိုးပွား လုပ်ကိုင်လာကြပြီး ရှက်စရာ၊ ကြောက်စရာ၊ လူမမြင် ကောင်းသည့်အရာဟုလည်း မထင်မှတ်ကြတော့ပါ။ ငွေကြေးများနှင့် မြူဆွယ်ပြီး သားပျို၊ သမီးပျိုကိုများကို နှမချင်းမစာနာ၊ သားသမီးချင်းမစာနာကြဘဲ ထင်တိုင်းကြဲနေကြသူများမှာ ထိုလူချမ်းသာဆိုသူများပင်ဖြစ်သည်။ ထိုသူများသည် ကိုယ်ကျင့်စာရိတ္တအရာ တွင် အင်မတန်ချို့တဲ့ကြပြီး ဆိုဆုံးမခက်သော အကျင့်ပျက်သူများဖြစ်ရကား အလုပ်ပါမစ်ရရန်အတွက် စစ်အုပ်စုကို လာဒ်ထိုးဖားယားကြပြီး တိုင်းပြည်၏ဘဏ္ဍာ၊ သယံဇာတများကို ကိုယ်ကျိုးအတွက် အလွယ်တကူပင် ရောင်းချ၊ ဖျက်ဆီးနေကြတော့သည်။ ထိုသူတို့၌ သစ္စာဟူ၍မရှိ၊ မေတ္တာဟူ၍မရှိ၊ ကရုဏာတရားလည်းမထားနိုင်၊ မုဒိတာတရားလည်း မပွားနိုင်ကြဘဲ ဖျက်လိုဖျက်ဆီးလည်း လုပ်တတ်သေး၏။ အကုသိုလ်ဂုဏ်အပေါင်းခနေတဲ့ အာဂလူချမ်းသာများ ပါတကား။

ယုတ်ညံ့ဖောက်ပြား မိန်းမယုတ်ပုံများမတော့
ပြည့်တန်ဆာများသည် ဘဝပေးအခြေအနေအရ ခန္ဓာကိုယ်ကိုချရောင်းပြီး ဝမ်း ကျောင်းနေရသူများဖြစ်သောကြောင့် သနားစဖွယ်သတ္တဝါများဖြစ်ပါသည်။ သို့သော် ခန္ဓာကိုယ်ကိုပင် ရင်းနှီး၍ လုပ်ကိုင်စားသောက်နေရသူများပီပီ အရှက်တရားနည်းပါးကြပြီ၊ အပြုအမူ၊ အပြောအဆို၊ အနေအထိုင်၊ အဆင်အယင်မှု အရာတို့၌ မနှစ်မြို့စရာ ရုန့်ရင်း ကြမ်းတမ်း လှသည်။ လူတိုင်းကို သူ၏ဖောက်သည်ဟုပင် ထင်မှတ်ထားကြဟန်ရှိသည်။ ထိုသူများတွင် အမျိုးဂုဏ်ဟူ၍ မရှိ၊ ဇာတိဂုဏ်ဟူ၍ မသိဘဲ ငွေစကြေးစအတွက် ဘယ်သို့ သော ယောက်ျား ဖောက်ပြားသူများပင်ဖြစ်စေ လက်သင့်ခံကြသည်။ ကုလား၊ တရုတ်၊ အဖြူ၊ အမည်းမရွေး ပိုက်ဆံရလျှင် ဖြစ်ချင်ရာဖြစ်ဟူ၍ သဘောထားသူများ ဖြစ်ကြသည်။

ဗမာပြည်ကြီးသည် တရုတ်၊ ကုလားတို့နှင့် ကူးလူးဆက်ဆံမှုရှိပြီးဖြစ်သည်။ ကောင်းမြတ်သည့် ယဉ်ကျေးမှုနှင့် အတတ်ပညာတို့ကို သည်ဆောင်လာကြပြီး စီးပွားဖက်ပီပီ ကတိတည်မြဲကာ လက်တွဲလုပ်ဆောင်ခဲ့ကြသည်။ တဦးနှင့်တဦး တယောက်နှင့်တယောက် သဘောကြည်ဖြူကာ တိုးတက်ကြီးပွားအောင် လုပ်ဆောင်ရာ၌ တကယ့်ပင် ကျေးဇူးကြီးလှသူများဖြစ်သည်။ ဤသည်မှာ ပဝေသဏီက တရုတ်၊ ကုလားများဖြစ်ပါသည်။ ကိစ္စပြီးလျှင် ကိုယ့်အိမ်ကိုယ်ပြန်ကြသည်ခြည်း။ ယ္ခုတရုတ်၊ ကုလားတို့သည်မှာကား ထိုသို့မဟုတ်ဘဲ ဗမာ့ရေကိုသောက်၊ ဗမာ့ထမင်းကိုစားပြီး ထမင်းရှင်ဗမာများကို သူ့ကျွန်သဖွယ်ဆက်ဆံနေကြသည်ကို ခံနေကြသည်။ ဗမာ့ယဉ်ကျေးမှု အမွေအနှစ်များ တည်ရှိရာ ရတနာပုံ နေပြည်တော် မန္တလေးမြို့၏ အချက်ချာများတွင် ဗမာမြင်လျှင် ပါးရိုက်ဟု ဆိုရလောက်အောင် တရုတ်ကုလားများ နယ်ချဲ့ထားကြတော့သည်။ မန္တလေးသူများသည် အဝတ်အစား၊ အပြောအဆို၊ အနေအထိုင်မှုများတွင် ယဉ်ကျေး၊ သိမ်မွေ့၊ ပျော့ပြောင်း၊ ချိုသာလှသည်ဟု သတင်းကြီးသည်မှာ ဗမာတိုင်းသည်သိပါလိမ့်မည်။ ယ္ခုအခါတွင် ထိုသတင်းမှာ တက်တက် စင်အောင် လွဲသွားချေပြီ။ တရုတ်မများသည် အဝတ်အစားဆင်ယင်ရာတွင် အလွန်တရာ ရိုင်စိုင်းလော်လီကြသည်။ အုပ်စုဖွဲ့ဘီယာသောက်ပွဲတွေကို ကျင်းပကြသည်မှာလည်း ထိုတရုတ်များပင်ဖြစ်သည်။ ဦးပိန်တံတားပေါ်တွင် ဝိုင်းဖွဲ့ကာ တရုတ်လေးများ၊ တရုတ်မ လေးများ အစားအသောက်များနှင့် ဘီယာ၊ အရက်၊ မူယစ်ဆေးကို ယူလာကြပြီး စားသောက် ပျော်ပါးနေကြပြီး လမ်းသွားလမ်းလာများက ခဏလမ်းဖယ်ပေးရန် တောင်းတောင်းပန်ပန် ပြောသည်ကိုပင် မကျေနပ် ဟန်အမူအရာများကို မြင်ရသည်မှာ အော့နှလုံးနာခဲ့ရသည်။ နေရာတကာတွင် တရုတ် ကုလားများ မောင်ပိုင်စီးထားကြပြီး ဗမာများမှာတော့ မြင်းလည်း၊ ဆိုက်ကားတို့ဖြင့်သာ ဝမ်းကျောင်းနေကြကာ ရှေးကျဆုံး စီးပွားရေးကို ထိန်းသိမ်းမြဲပင်။ ထိုမျှပြဆိုရလျှင် ဗမာများ၏ ညံ့ဖျင်းမှုများ ပေါ်လွင်နေပြီဖြစ်သည့်အတွက် ကိုယ့်ပေါင်ကို လှန်မထောင်းချင်တော့။ ဗမာများသည် ရှင်ဘုရာများ၏ ကျွန်ဖြစ်ခဲ့ကြပြီး၊ ဗြိတိသျှတို့၏ ကျွန်လည်းဖြစ်ခဲ့ကြသည်။ တဖန်စစ်ကျွန်၊ တရုတ်ကျွန်၊ ကုလားကျွန်များ ဖြစ်နေကြရ၏။ ခေတ်တလျှောက်လုံး ကျေးတော်မျိုး၊ ကျွန်တော်မျိုးများ ဖြစ်ခဲ့ကြရသည့်ကြောင့်လော မပြောတတ်၊ ယ္ခုထိပင် ကျွန်စိတ်မပျောက်နိုင်ကြသေးဘဲ အကွဲအပြဲများကို မစုစည်းနိုင်ကြ သေး၊ ခြောက်စား မြောက်စားများကို မဖယ်ရှားနိုင်ကြသေး၊ ဘဘိုးဘေးတို့ကို ကျေးဇူးမပြုနိုင် သေးဘဲ ကျွန်ဖြစ်မြဲ ဖြစ်နေကြသည်။

ယဉ်ယဉ်ကျော့ကျော့
အထက်ပါပုဂ္ဂိုလ်တို့သည် နိုင်ငံအကျိုးပြု အရေးကိစ္စများ၊ အမျိုးသားရေးအကျိုးပြု အရေးကိစ္စများတွင် ပါဝင်ပတ်သက်မှုမရှိဘဲ လှေနံနှစ်ဖက်နင်းပြီး ကိုယ်ကျိုးကိုသာ ရှေးရှုတတ်ကြသူများ ဖြစ်ကြသည်။ ထိုသူတို့မှာ ဇာတိမာန်ဟူ၍မရှိ၊ ဇာတိသွေးဟူ၍မရှိဘဲ ဝံသာနုစိတ်ဓာတ်ကင်းမဲ့သော ရွက်ကျပင်ပေါက် အချောင်သမားများသာ ဖြစ်ချေသည်။ ဤသည်မှာလည်း ကျနော့်တို့ ဗမာများ၏ စိတ်ဓာတ် ညံ့ဖျင်းသေးသိမ်မှုများကြောင့်ပင် ဖြစ်သည်။ ရှေးဗမာဘဘိုးဘေးတို့၏ စိတ်ဓာတ်နှင့် လုပ်ရည်ကိုယ်ရည် ကောင်းမွန်သလောက် ကျနော့်တို့ခေတ်ဗမာများမှာ ညံ့ဖျင်းခဲ့ကြသည်။ ထိုသေးသိမ်သည့် စိတ်ဓာတ်များ မပျောက်သေးသရွေ့ ကျေးတော်မျိုး၊ ကျွန်တော်မျိုးဘဝမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။ ထိုထိုဖောက်ပြန်လော်လီအကျင့်ပျက်များကို မဖယ်ရှားနိုင်သေးသရွေ့ ဇာတိသွေး၊ ဇာတိမာန် များ ကင်းမဲ့နေကြပြီး အမျိုးသားယဉ်ကျေးမှုများ၊ အမျိုးသားရေးလက္ခဏာများ ပျက်စီးယိုယွင်း နေဦးမည်ဖြစ်သည်။

အော့နှလုံးနာ ရွံဖွယ်ရာ
သူ့ကျွန်ဘဝလွှတ်မြောက်ရန်အတွက် အသက်၊ သွေး၊ ချွေးများရင်းနှီးပြီး နယ်ချဲ့တို့ထံမှ လွတ်လပ်ရေးရယူပေးခဲ့သည်။ ထိုသို့ကျေးဇူးကြီမားးသည့် ဘဘိုးဘေးတို့၏ ဆန္ဒအာသာကို ဖြည့်ဆည်းပေးနိုင်ရန် နိုင်ငံသားအားလုံးမှာ တာဝန်ကိုယ်စီရှိကြသည်။ ရှိသည်အားလျှော်စွာ အရှည်ကို မျှော်ကာကြည့်ပြီး စစ်းမီးစစ်လျံကင်းညိမ်း၍ စစ်ကျွန်ဘဝလွတ်မြောက်ရန် အားသန်သန်၊ မာန်ထက်ထက် အံခဲ၍ အနိုင်ကြဲနိုင်ဖို့ ကျင်းပတော့မည့် ရက်ပိုင်းသာ လိုတော့သည့် ရွေးကောက်ပွဲအား ပထမလုံးခြေလှမ်းဖြင့် သဘောပိုက်ကာ ဆန့်ကျင် သပိတ်ကြပါဟု လေးနက်စွာတိုက်တွန်းအပ်ပါသည်။ အောက်ပါ ချုပ်တန်းဆရာဖေ၏ ကဗျာကို နာနာရွတ်ပြီး စစ်ကျွန်ဘဝမှ လွတ်မြောက်အောင် လုပ်ဆောင်ကြဘို့ ထမ်မံတိုက်တွန်းလိုက် ပါသည်။

မြန်မာတွေ စည်းကမ်းဖောက်လို့၊ ထီးနန်းပျောက်ဖြစ်ပြီ။
မှီးငြမ်းထောက် အသစ်ကိုမှီသည်၊ ညစ်ပလီလူမျိုး။
မိပစ်လို့ ဖ,ရှောင်သွေသည်၊ ဂွကောင်တွေ ခွေးဖြစ်ပေါ့ဗျိုး။
မြန်မာချင်း ကြွားကြချင်၊ ဓားပြသွင်သူခိုး၊
ကုလားမြင် သူ့အမေရိုးတော့မလို၊ ခုမြေလျှိုးပုန်းရှောင်။
မိုက်မနော် ပြုပဂေးရယ်တို့၊ သူ့ပထွေး ထွက်၍မဟောင်။
ပြောရာဟဲ့ရာဇ၀င်ပြောင်အောင်၊ စာဇင်တွေဦးချလို့၊
ပလူးရပြေးကျို့ခါခါ၊ ခွေးသို့ပမာ။
တွေးမိတိုင်း အရိုးနာတယ်၊ အမျိုးပါဆဲချင်ပေါ့လေး။
အချုပ်တန်းဆရာဖေ
1.    စစ်ကျွန်ဘဝမှ လွတ်မြောက်ရေး။
2.    ရွေးကောက်ပွဲအား သပိတ်မှောက်ဆန့်ကျင်ရေး။
3.    အမျိုးသားရေးလက္ခဏာ မပပျောက်ရေး။
4.    အမျိုးသားယဉ်ကျေးမှုများ ထိန်းသိမ်း၊ ပြန့်ပွားရေး။
5.    သူတော်ကောင်းတရားများ ထွန်းကားရေး။
6.    မသူတော်တရားများ ပပျောက်ရေး။
         အထက်ပါအရေးကိစ္စများသည် ဗမာ့မြေပေါ်တွင် မွေးဖွားပြီး၊ ဗမာ့မိခင်တို့၏ နို့ရည်ကို သောက်စို့ကာ ကြီးပြင်း လာကြသူများမှန်လျှင် တာဝန်တရပ်အနေဖြင့် ထမ်းဆောင်ကြ ရမည်ဖြစ်သည်။ ထိုသို့ တာဝန်သိ၍ တာဝန်ရှိသူများပီပီ ကိုယ်စီကိုယ်ငှ ထမ်းဆောင် နိုင်ကြသည့် ဗမာ့သားကောင်းများဖြစ်ကြစေရန် ရည်သန်၍ ရေးသားလိုက်ပါသည်။

အုန်းရှိန်

No comments: