ချောက်ကမ်းပါးထဲက လူသားများ

          
         ကျနော့်တို့ ဗမာပြည်က ပြည်သူတွေ မဲဆောက်မြို့အပြင်ဘက် အညစ်အကြေးများစွန့်ပစ်တဲ့ မှိုက်ပုံကြီးကို မှီသဟဲပြုပြီး ဆင်းရဲနွမ်းပါးကာ ဝမ်းထထွာအတွက် အလုပ်လုပ်နေကြရပါတယ်။ အုတ်ပုတ် ချိုးရုတ် ကလေးတွေနဲ့ ဆော့ကစားပြီး မိဘရင်ငွေ့ကို ခိုလှုံနေရမဲ့ လူမယ်ကလေးအရွယ်များလဲ ဝမ်းတထွာအတွက် အသက်နဲ့ မလိုက်ဖက်အောင် ဆင်းရဲမှုဒဏ်ကို ခံစားနေကြပါတယ်။ ပတ်ဝန်းကျင်တခုလုံး နံဟောင်နေပြီး နေရာနံ့အပြားမှာ ရွှံ့ပုပ်တွေ ဗွက်တောနဲ့ တကယ့်ကို လူမနေအပ်တဲ့ ဒုက္ခဘုံကြီးတခုပါပဲ။ ဗမာပြည်သူပြည်သားများဟာ တိုင်းတပါးမှာ မျက်နှာငယ်စွာနဲ့ ကျွန်ခံနေကြရပြီး အနာဂါတ်မဲ့ အလသမျိုးပမာ အဓိပ္ပါယ်မဲ့စွာ နေနေကြရပါတယ်။ ဒါကြောင့် နိုင်ငံအနှံ့အပြားကို ရောက်ရှိနေကြတဲ့ ဗမာမိသားစု ညီကိုမောင်နှမ ပေါင်းသင်းရောင်းရင်းများအားလုံး မိမိတို့၏ နိုင်ငံသားဒုက္ခသည်များကို စေတနာတတ်အားသမျှ လှူဒါန်းကြစေလိုပါတယ်။ ထိုကောင်းမှုဟာ လိုအပ်နေတဲ့အချိန်ကာလမှာ လှူဒါန်းရခြင်းကြောင့် ဒါနာ့တကာ့ထွဋ်ခေါင် ကာလဒါနဖြစ်ပြီး အမျိုးကို စောင့်ရှောက်ခြင်းလည်း မည်ပါတယ်။ ဗမာ့သာကီမျိုးများပီပီ ထိုဒုက္ခသည်များကို ကူညီစေ့ချင်ပါတယ်။ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပြီး ထောက်ပံ့လှူဒါန်းကြတဲ့ ကိုမိုးသီး၊ သို့မဟုတ် ဆရာတော်ဦးသောပါကတို့ကို ဆက်သွယ်ပြီး ဗမာ့သားကောင်းများ ဖြစ်ကြောင်း သက်သေပြလိုက်ကြပါ။

ဆက်ပါရန်ကို နှိပ်ပြီး ဗွီဒီယိုဖိုင်များ ကြည့်ရှုနိုင်ပါတယ်ခင်ဗျား





ကိုမိုးသီးဇွန်ဘလော့ဂ်မှ ဗွီဒီယိုများ ကူးယူပါသည်။

No comments: