အာဏာရဘို့ နံပါတ်တစ်

အာဏာရဘို့ နံပါတ်တစ်
အမေ့သား (ဒိန်းမတ်)


မဲပေးပေး မပေးပေး ပေး
အတင်းထဲ့ခိုင်းမှာပဲ နော်
မနိုင်နိုင် နိုင် နိုင်နိုင် နိုင်
မဲခိုးလိုက်တော့ ဒို့တတွေနိုင်
မထည့်ထည့် ထည့် ထည့်ထည့် ထည့်
တယောက်ထဲ ထည့်လည်းရတာပဲ
ရှင်ပြိုင်ပြိုင် ပြိုင် မပြိုင်ပြိုင်
တပါတီထဲပဲ ဒို့တတွေပြိုင်
စောင့်ကြည့်ကြည့် မကြည့်ကြည့် ကြည့်
အတင်းလိုက်ဖမ်းမှာပဲနော်
မရွေးရွေး ရွေး ရွေးရွေးရွေး
အတင်းရွေးခိုင်းမှာပဲ နော်
မတရားရား ရား ရားရား ရား
အာဏာရဘို့ နံပါတ်တစ်။
                              
၂၀၁၀ ကြံ့ဖွတ်ပါတီရွေးကောက်ပွဲအား ဤကဗျာဖြင့်ဂုဏ်ပြုအပ်ပါသည်။     အမေ့သား(ဒိန်းမတ်) ။

ကဗျာပို့ပေးသည့် ဦးထွန်းအောင်ကျော်အား အထူးကျေးဇူးတင်ရှိပါသည်။

No comments: