မိန်းကလေးတစ်ဦး Chatting ရည်းစား၏ အဓမ္မပြုကျင့်ခံရ

သင်္ကန်းကျွန်းမြို့နယ်နေ အသက် ၂၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် Online Chatting မှတဆင့် ပုဇွန်တောင်မြို့နယ်နေ အသက် ၂၈ နှစ် အရွယ်ရှိ အမျိုးသားလေး တစ်ဦးနှင့် ချစ်သူ ဖြစ်သွားကြပြီး အမျိုးသားလေး၏ ချိန်းဆိုကမ်းလှမ်းမှုအရ ၂၁.၈.၂၀၁၀ ရက်နေ့တွင် ချိန်းဆိုရာ ကန်တော်ကြီးစောင်းရှိ ကော်ဖီဆိုင်သို့ နေ့လည် ၁ နာရီအချိန်က သွားရောက် တွေ့ဆုံခဲ့ကြသည်ဟူ၏။

နှစ်ယောက်အတူ တွေ့ဆုံကြပြီး အအေးသောက်နေစဉ် အမျိုးသမီးလေးမှာ အအေး သောက်လက်စမှ မူးဝေ လာသဖြင့် အမျိုးသားလေးက အိမ်ပြန်ပို့ပေးမည် ဆိုပြီး မည်သည့် နေရာ ခေါ်သွားနေမှန်းမသိဘဲ လိုက်ပါသွားခဲ့သည်ဟူ၏။

အမူးပြေစဉ် သတိရလာသောအခါ တိုက်ခန်းကျဉ်း တစ်ခုအတွင်းရှိ အိပ်ယာပေါ်တွင် ခေါ်ဆောင်လာသူ အမျိုးသားလေးနှင့် အတူရှိနေပြီး သားမယားအဖြစ် ပြုကျင့်နေရာ ငြင်းဆန် ရုန်းကန်သော်လည်း ခေါင်းမူးသည်ကတစ်ဖက်၊ အားချင်း မမျှသည်ကတစ်ကြောင်းတို့ကြောင့် ရုန်းကန်ရင်းပင် မူးပြီး အိပ်ပျော်သွားခဲ့သည်ဟူ၏။

နောက်တစ်နေ့ နံနက် ၇ နာရီ အိပ်ယာနိုးချိန်ရောက်မှ သူမရောက်နေသော နေရာ သည် အမျိုးသားလေး၏ အိမ်မှန်း သိလိုက်ရပြီး သူမ၏အိမ်သို့ ပြန်လာပြီး မိဘများကို ပြောပြသဖြင့် မိဘများက ၂၆.၈.၂၀၁၀ နေ့တွင် ပုဇွန်တောင် ရဲစခန်းသို့ အမှုဖွင့် တိုင်ကြားခဲ့ကြောင်းနှင့် ရဲစခန်းမှ (ပ) ၂၆၄/၂၀၁၀ ပြစ်မှုပုဒ်မ ၃၇၆ အရ အမှုဖွင့်ပြီး ပြစ်မှု ကျူးလွန်သူ အမျိုးသားအား ဖမ်းဆီးစစ်ဆေးလျက် ရှိနေကြောင်း မှုခင်းသတင်း ဂျာနယ်အရ သိရသည်။

(Forward Mail ကနေရတဲ့ သတင်းလေး တစ်ပုဒ် ပါ)
  ရတနာပုံနေပြည်တော်သတင်းစာမှ ကူးယူဖော်ပြပါသည်။

1 comment:

Anonymous said...

သတိပြုသင့် စရာပါ မိန်းကလေးတွေ အတွက်ပေါ့်