လူသားပုံတူ စက်ရုပ် ဂျပန်နိုင်ငံတွင် လူသား အကအဖွဲ့နှင့် အတူ ကခုန်ခဲ့

တိုကျို-October 16, 2010
ဂျပန်နိုင်ငံ တိုကျိုမြို့တော်တွင် ကျင်းပသည့် ဒစ်ဂျစ်တယ် နည်းပညာပြပွဲ (Digital Content Expo) တွင် အောက်တိုဘာလ ၁၆ ရက်နေ့က HRP-4C ဟုတ် ကုဒ် အမည်ပေးထားသော လူသားပုံတူ စက်ရုပ်သည် လူသားအက အဖွဲ့နှင့် အတူ သီချင်းသီဆို၍ ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။

HRP-4C သည် မိန်ကလေး ပုံစံ ဖန်တီးထားသော လူသားပုံတူ စက်ရုပ်ဖြစ်ပြီး ဂျပန်နိုင်ငံ အမျိုးသား အဆင့်မြင့် စက်မှုသိပ္ပံနှင့် နည်းပညာ အသင်း (National Institute of Advanced Industrial Science and Technology) မှ တီထွင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စက်ရုပ်သည် အရုပ်အမြင့် ၅ ပေ ၂ လက်မ နှင့် ဘက်ထရီ အပါအဝင် ကိုယ်အလေးချိန် ၉၅ ပေါင်ရှိပြီး ၂၀၀၉ ခုနှစ် မတ်လ ၁၆ ရက်နေ့က ပထမဆုံး အများပြည်သူ ရှေ့သို့ ထုတ်ဖော်ပြသခဲ့သည်။ HRP-4C စက်ရုပ်သည်ပါတ်ဝန်းကျင်ရှိ အသံများကို သိရှိနားလည် နိုင်စွမ်းရှိပြီး Vocaloid အသံစနစ်ကို အသုံးပြုကာ တေးသီချင်းများလည်း သီဆိုနိုင်ကြောင်း သိရသည်။
Source : http://patheincity.com/news/index.php/2010/10/humanoid-robot-dances-with-people/#ixzz12nCgpt1x
မြို့တော်ပုသိမ် သတင်းစဉ် | PatheinCity News


No comments: