အမေရိကန်ဒေါ်လာ ၃၀၀၀ ချီးမြှင့်မည့် ခေတ်ပြိုင်ပန်းချီပြိုင်ပွဲ ကျင်းပမည်

ပထမဆုရှင်အား အမေရိကန်ဒေါ်လာ ၃၀၀၀ ချီးမြှင့်ရန်စီစဉ်ထား သော ခေတ်ပြိုင်အနုပညာပြိုင်ပွဲ "Myanmar Contemporary Art Portrait Competition" ကို ဒီဇင်ဘာလအတွင်း ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ အဆိုပါပြိုင်ပွဲအား River Art ပန်းချီပြခန်းမှကြီးမှူးကျင်းပခြင်းဖြစ် ပြီး ယခုပြပွဲသည် ဒုတိယအကြိမ် အဖြစ်ကျင်းပခြင်းဖြစ်ကာ ယခုအခါတွင် ပြိုင်ပွဲဝင်လိုသူ အနုပညာရှင်များအား ဖိတ်ခေါ်လျက်ရှိကြောင်း သိရှိ ရသည်။ "ပန်းချီဆရာတစ်ဦးက ပန်းချီကားနှစ်ကားစီ ယှဉ်ပြိုင်နိုင်ပါတယ်။ ဘယ်လိုမီဒီယံ အမျိုးအစားကိုမဆို သုံးစွဲလို့ရနိုင်ပါတယ်။ အရွယ်အစားကတော့ အကြီးဆုံးပန်းချီကားဆိုရင် ငါးပေပတ်လည်ဖြစ်ရပါမယ်"ဟု တာဝန်ရှိသူကဆိုသည်။

    အဆိုပါပြပွဲအတွက် ပြိုင်ပွဲဝင်မည့် ပန်းချီကားပါသော စီဒီကိုနိုဝင် ဘာလ ၁ ရက်နေ့ နောက်ဆုံးထား ကာပေးပို့ရမည်ဖြစ်ပြီး ရွေးချယ်ခြင်းခံရသော ပန်းချီဆရာအား နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ဖုန်းဖြင့် အကြောင်း ကြားမည်ဖြစ်ကြောင်း သိရှိရသည်။ 

သတင်း။ Eleven Media Group

No comments: