ဝေဝါးစည်းချက် တွဲလျက်သံစဉ် ကာရန်ရှင်သို့

ဝေဝါးစည်းချက် တွဲလျက်သံစဉ် ကာရန်ရှင်သို့
ထွန်းထွန်း (မုံရွာ)


တခါက...
ငါဝါဒီများ
သေနတ်ကို ဆော့ကစား
အနိဋ္ဌာရုံအား ထားသွားကြ...။

ခုလည်းတခါ...
ငါဝါဒီများ
သေနတ်ကို ဆော့ကစား
ကျနော့်သွေးသားအား ဝါးမျို
ဆီခမ်းတော့မယ့် မီးဇာလို...။


သမိုင်းပုံရိပ်လွှာ
ခေါင်းဆောင်များစွာရဲ့သရုပ်
တိုက်ပွဲကြားနဲ့ ပြည်သူများက မွေးထုတ်ပေးသလို
အောင်မြင်ခြင်းအလှ
ညီညွတ်မှုမှ ရစမြဲ...။

ကွဲပြားတဲ့အမြင်
ခွဲခြားတတ်ပေမယ့် ရင်မှဖြတ်တည်ရင်း
အဖိနှိပ်ခံအချင်းချင်း
ရင်တွင်းဆန္ဒ
သိပ်သည်းဆအား...။

မဝေးတော့တဲ့နေ့ရက်
မျိုးဆက်သစ်ရဲ့ ဝင်သက် ထွက်သက်
လွတ်လပ်ခြင်းနဲ့ တရားမျှတခြင်း စည်းချက်များအညီ
ကခုန်နိုင်ပြီ...။     ။

ထွန်းထွန်း (မုံရွာ)
၂၆၊ ၁၂၊ ၁၉၉၈။

No comments: