ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများတွင် ကျောင်းသားများ ပိုမိုများပြားလာ၍ ထောက်ပံ့မှုများ လိုအပ်နေ

ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများတွင် ၂၀၀၇-၂၀၀၈ ပညာသင်နှစ်မှ စ၍ ပညာသင်ကြားလျက်ရှိသော ကျောင်းသားဦးရေမှာ များပြားလာပြီး ၎င်းတို့၏ပညာသင် စရိတ်အတွက် ထောက်ပံ့ပေးမှုများ လိုအပ်လာကြောင်း ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများမှ စုံစမ်း သိရှိရပါသည်။

    "ကျောင်းမှာတစ်နှစ်ထက် တစ်နှစ်ကျောင်းသားဦးရေက တိုးလာတယ်။ တိုးလာတဲ့ပမာဏကို လိုက်ပြီး လိုအပ်ချက်တွေလည်း များလာတယ်။ ကျောင်းသားတွေရဲ့စားဝတ်နေရေး နဲ့ပညာသင်စရိတ်ကို ရပ်ကွက်ထဲက အလှူခံတယ်။ ပြီးတော့ လာလှူတဲ့သူရှိတယ်။ ဒါပေမယ့် အခုနောက် ပိုင်းမှာ အလှူရှင်တွေ နည်းသွားတယ်။ ရပ်ကွက်ထဲ အလှူခံတော့လည်း ရတာ နည်းသွားတယ်။ လူတွေက ကိုယ့်စားဝတ်နေရေးတောင် အနိုင်နိုင်ဆိုတော့ ဒီလို ကလေးငယ် တွေအတွက် လိုအပ်ချက်ကများလာ တယ်"ဟု သင်္ဃန်းကျွန်းမြို့နယ်ရှိ
ဘုန်းတော်ကြီးသင်ပညာရေးကျောင်း တစ်ကျောင်းမှ ဆရာတော်က မိန့်ကြားပါသည်။ ရန်ကုန်တိုင်း ဒေသကြီးအတွင်း၌ ၂၀၀၇-၂၀၀၈ ပညာရေးနှစ် အတွင်း ဘုန်းတော်ကြီး သင်ပညာရေး ကျောင်း ၁၆၂ ကျောင်း၊ ကျောင်းသား ၃၄၆၈၅ ဦး၊ ၂၀၀၈-၂၀၀၉ ပညာသင်နှစ်တွင် ၁၆၅ ကျောင်း၊ ကျောင်းသား ၃၆၂၁၅ ဦး၊ ၂၀၀၉-၂၀၁၀ ပညာသင်နှစ်တွင် ၁၇၀ ကျောင်း၊ ကျောင်းသား ၃၉၆၇၅ ဦးရှိကြောင်းစာရင်းများအရ သိရှိရသည်။

သတင်း။ Eleven Media Group

No comments: