လပေါ်တွင် ပထမဆုံး ပီဇာစားသောက်ဆိုင် ဖွင့်လှစ်ရန်ရှိ

အမေရိကန်နိုင်ငံမှ နိုင်ငံတကာ ပီဇာပို့ဆောင်ရေးလုပ်ငန်းကြီးဖြစ်သော ဒိုမီနိုပီဇာ (Domino’s Pizza) မှ လပေါ်တွင် ပထမဆုံး ပီဇာ စားသောက် ဆိုင်ကို ဖွင့်လှစ်တော့မည် ဟုသိရသည်။ ၄င်းတို့နှင့် ပြိုင်ဘက်ပီဇာ လုပ်ငန်းဖြစ်သော Pizza Hut သည် ၂ဝဝ၁ ခုနှစ်မှ စပြီး နိုင်ငံ တကာအာကာသ စခန်းမှ အာကာသယာဉ်မှူး များအတွက် ပီဇာပို့ပေးခဲ့သည်။ ဒိုမီနိုမှလည်း ပြီးခဲ့သည့်နှစ်က ဂျပန်သို့ ဒိုမီနိုပီဇာရောက်သည့် ၂၅ နှစ်ပြည့် အထိမ်း အမှတ်အဖြစ် အခမ်း အနားများဆက်တိုက် ဆိုသလို ကျင်းပခဲ့သည်။ ယခုအခါ လမျက် နှာပြင်ပေါ်တွင်ဖွင့်လှစ်မည့် ဒိုမီနို ပီဇာစားသောက်ဆိုင်အတွက် စက် ဝိုင်းခြမ်း ပုံစံကွန်ကရစ်သုံး၍ဆောက် လုပ်မည်ဖြစ်ကြောင်း၊ မအဲဒ ကော် ပိုရေးရှင်းမှ ဆောက်လုပ်မည် ဖြစ် ကာ ကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလျံဖိုးမျှ ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။  ထို့အပြင် တန်ချိန် ၇ဝ ရှိသည့် ဆောက်လုပ်ရေး ပစ္စည်းများနှင့် ပီဇာလုပ် ရန်လိုအပ်သော အထောက် အကူပြုပစ္စည်းများကို  လပေါ်သို့ ပို့ဆောင်ရန် လိုအပ်ကြောင်း သိရသည်။  ဆိုင်ဒီဇိုင်းမှာ အောက်ထပ် Steel Plating   ဖြင့်ပြုလုပ်ထား သော ၂ ထပ်ကွန်ကရစ် စက်ဝိုင်း ခြမ်းပုံဖြစ်ကြောင်း၊ အကျယ်အဝန်း မှာ အချင်း ၂၆ မီတာဝန်းကျင်ရှိ  ကြောင်းဒီဇိုင်း ပညာရှင် ကပြသခဲ့သည်။  ဒိုမီနိုပီဇာသည် ၁၉၆ဝ ခုနှစ် ကတည်းက အမေရိကန်တွင်စတင် တည်ထောင်ခဲ့ပြီး အမေရိကန်၏ ပြည်နယ်များ အနှံ့အပါ အဝင်   နိုင်ငံ ပေါင်း ၆ဝ တွင် ဆိုင်ခွဲပေါင်းများစွာ ဖွင့်လှစ်ထားသော လုပ်ငန်းကြီး ဖြစ်သည်။

ZMO Ref:Times of India

No comments: