အာဏာရှင်ကဒါဖီ မိသားစုဝင်တချို့ ထွက်ပြေးပြီ

လူထုအုံကြွ ဆန့်ကျင်ခံနေရသည့် လစ်ဗျားအာဏာရှင် ကဒါဖီ၏ ဇနီးနှင့် သမီးအပါအဝင် မိသားစုအချို့ တူးနီးရှားနိုင်ငံသို့ ဖြတ်ကျော် ထွက်ပြေးသွား ပြီဖြစ်ကြောင်း သတင်း ထွက်ပေါ်လာသည်။ ကဒါဖီ၏ ဇနီးဖြစ်သူ စဖီယာနှင့် သမီးဖြစ်သူ အီရှာတို့ အခြားမိသားစုဝင် အချို့နှင့်အတူ ဗုဒ္ဓဟူးနေ့က တူနီးရှားနိုင် ဂျာဗာမြို့တွင် ရောက်ရှိ ခိုလှုံနေကြောင်း သိရသည်။ ဖေဖော်ဝါရီလက စတင်ခဲ့သည့် ကဒါဖီဆန့်ကျင်ရေး လူထုလှုပ်ရှားမှုများ စတင် ဖြစ်ပေါ်စဉ်ကပင် သမီးဖြစ်သူ အီရှာသည် ဖခင်ကဒါဖီအား ထောက်ခံသည့် လူထုပွဲများတွင် မကြာခဏ ဟောပြော စည်းရုံးနေခဲ့သူ တဦးဖြစ်သည်။ အလုပ်အကိုင်အားဖြင့် ရှေ့နေအဖြစ် ဆောင်းရွက်ပြီး အီရတ် အာဏာရှင်ဟောင်း ဆက်ဒန်ဟူစိန်အား လိုက်ပါဆောင်ရွက်သည့် ရှေ့နေအဖွဲ့၏ အဖွဲ့ဝင်တဦးအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်သည်။

သတင်းကိုးကား- ဂါးဒီးယန်း

No comments: