ကမ္ဘာ့ဖလားတွင် နာမည်ကြီး ခဲ့သည့် စိတ်တန်ခိုးရှင် ရေဘ၀ဲပေါလ် သေဆုံးရှာပြီ

ပြီးခဲ့သည့် ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ဂျာမနီ အသင်း၏ ပွဲစဉ်များကို ရာနှုန်းပြည့် မှန်ကန်စွာ ခန့်မှန်ပေး နိုင်ခဲ့သည့် စိတ်တန်ခိုးရှင် ရေဘ၀ဲ ပေါလ်သည် ယနေ့ နံနက်ပိုင်းတွင် သေဆုံးသွား ခဲ့ကြောင်း သိရသည်။

သူနေထိုင်ခဲ့ရာ အဏ္ဏ၀ါ ပြတိုက်မှ တာဝန်ရှိသူ များ၏ ပြောကြားချက် အရ ရေဘ၀ဲ ပေါလ်သည် ပြီးခဲ့သည့် တနင်္လာ ညအထိ ကောင်းမွန်စွာ ရှိနေခဲ့ သော်လည်း ယနေ့ နံနက်ပိုင်းတွင် သူ၏ မှန်ပုံး အတွင်း၌ သေဆုံးနေ ခဲ့ကြောင်း သိရသည်။ သူသေဆုံးသည့် အချိန်တွင် အသက် ၂ နှစ်ခွဲ ရှိပြီ ဖြစ်ပြီး အဆိုပါ အသက်အရွယ်၌ သေဆုံးခြင်းသည် ရေဘ၀ဲ တစ်ကောင်၏ သာမန် ဖြစ်ရိုးဖြစ်စဉ် ကိစ္စကြောင်း အဆိုပါ တာဝန်ရှိသူ များက ဖြေရှင်းခဲ့ကြသည်။ ရေဘ၀ဲလ် ပေါလ်သည် သာမန် သဘာဝ ဖြစ်ရိုး ဖြစ်စဉ် အတိုင်းသာ သေဆုံးခဲ့ခြင်း ဖြစ်ပြီး ပြင်ပ ပယောဂ လုံးဝ မပါဝင် ကြောင်းလည်း ပြတိုက် တာဝန်ရှိသူ များက ဆိုခဲ့သည်။


ရေဘ၀ဲ ပေါလ်သည် ပြီးခဲ့သည့် ၂၀၁၀ တောင်အာဖရိက ဘောလုံး ပြိုင်ပွဲတွင် ဂျာမနီ အသင်း၏ ပွဲစဉ် ၇ ပွဲကို ရာနှုန်းပြည့် မှန်ကန်အောင် ခန့်မှန်းပေး နိုင်ခဲ့သည့် အပြင် စပိန်နှင့် ဟော်လန်တို့ ဗိုလ်လုပွဲ ကိုလည်း စပိန် ဗိုလ်စွဲမည်ဟု မှန်ကန်စွာ ခန့်မှန်းနိုင် ခဲ့သည့် ထူးခြား ရေသတ္တ၀ါ ဖြစ်သည်။
 www.soccermyanmar.com

No comments: