ထိုင်း ဘုရင်မင်းမြတ် နှင့် ဘုရင်မကြီး အကြောင်း တစ်စေ့တစောင်း

ထိုင်းဘုရင် မင်းမြတ် ဘူမိဘော အဒူလျာဒက်(ဒ်) သည် ဆောင်းကုလား မင်းသား မဟီဒိုး (Prince Mahidol of Sonkhla နှင့် မင်းသမီး ဆိုင်းဝန်မဟီဒိုး (Mon Sangwalya Mahidol) တို့မှ (၁၉၂၇) ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့တွင် အမေရိကန် ပြည်ထောင်စု၊ မက်ဆာ ချူးဆက် ပြည်နယ်၊ ကိန်းဗရစ်မြို့တွင် ဖွားမြင် ခဲ့သော သားထွေး ဖြစ်သည်။ ထိုင်း ဘုရင်၏ အစ်မတော်မှာ မင်းသမီး ဂါလာယာနီဗာဓာန (H.P.H. Princess Galayani Vadhana) နှင့် နောင် တော်မှာ အဋ္ဌမမြောက် ရာမ ဘုရင်ဘွဲ့ခံ၊ အနန္ဒမဟီဒိုး (H.M.King Ananda Mahidol Rama) တို့ ဖြစ်ကြပြီး မင်းသား ဘူမိဘောအား မွေးဖွား သန့်စင်ချိန်တွင် ခမည်းတော် ဆောင်းကုလား မင်းသားသည် အမေရိကန် ပြည်ထောင်စုရှိ ဟားဗတ် တက္ကသိုလ်၌ ပညာသင် နေချိန်ဖြစ်သည်။

ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့ နှင့် ဆွစ်ဇာလန်နိုင်ငံ၊ လော့ဆိန်းမြို့တွင် ပညာသင်ကြား ခဲ့သော ထိုင်းဘုရင် ဘူမိဘော အဒူလျာဒက်(စ်)သည် နောင်တော် ဘုရင်၊ အနန္ဒမဟီဒိုး ရုတ်တရက် နတ်ရွာစံသော အခါ နောင်တော်၏ အရိုက်အရာကို (၁၉၄၆) ခုနှစ်၊ ဇွန်လ (၉) ရက်နေ့တွင် ဆက်ခံတော်မူပြီး ယနေ့တိုင် ထိုင်းနိုင်ငံ ထီးနန်း၌ စိုးစံ အုပ်ချုပ်တော် မူခဲ့ သည်မှာ သက်တော် (၈၂) နှစ် တိုင်ပင် ဖြစ်သည်။ (၁၉၅ဝ) ပြည့်နှစ်၊ ဧပြီလ(၂၈) ရက်နေ့တွင် ထိုင်းမင်းသားကြီး ချန်ဒရာ မူရိဆူနတ်၏ သမီးတော်ဖြစ်သူ သီရိခေတ်(Mon Rajawongse Sirikit Kikigakara) မင်းသမီး နှင့် စုလျားရစ်ပတ် လက်ထပ်ထိမ်းမြား ခဲ့သည်။

ထိုင်းဘုရင်မကြီး သီရိခေတ်ဆိုတာ . . .

ထိုင်း ဘုရင်မကြီး သီရိခေတ် (Somdej Phra Nangchao Sirikit Phra Boromarajini nat) ကို (၁၉၃၂) ခုနှစ်၊ သြဂုတ်လ (၁၂) ရက် နေ့တွင် မွေးဖွားခဲ့ပြီး နုပျိုစဉ် အခါက ကမ္ဘာ တစ်ခွင်တွင် အချော အလှဆုံး တော်ဝင် အမျိုးသမီး များတွင် တစ်ဦး အပါ အဝင် အဖြစ် ထင်ပေါ် ကျော်ကြား ခဲ့သူ ဖြစ်သည်။

ထိုင်းဘုရင် ဘူမိဘောအဒူ လျာဒက်(ဒ်) နှင့် သီရီခေတ် တို့သည် ဆွစ် ဇာလန်နိုင်ငံတွင် ပညာ သင်ကြား နေစဉ် ကပင် ရင်းနှီး မေတ္တာ မျှခဲ့ကြပြီး (၁၉၅ဝ) ပြည့်နှစ်၊ မေလ (၅) ရက်နေ့တွင် ''ရာဇာဘိသေက'' အခမ်း အနားကို ကြီးကျယ်စွာ ဆင်ယင် ကျင်းပ၍ ဘိသိက် ခံခဲ့ ကြသည်။

မင်းသမီး သီရိခေတ်သည် ဘုရင် ဘူမိဘော နှင့် အတူ သျှောင်နောက် ဆံထုံးပါ ဆိုသကဲ့သို့ ဘုရင် အုပ်စိုးသော နယ်စွန်၊ နယ်ဖျား များသို့ လိုက်ပါ လျှက် ပြည်သူ၊ ပြည်သား များအား လက်ဆောင်များ ပေးခြင်း၊ ဆေးဝါးကုသ ပေးခြင်းစသော လူသား အကျိုးပြု လုပ်ငန်း များကို မညည်း မညူ လိုက်ပါ ဆောင်ရွက် ခဲ့သည်။


အထူးသဖြင့် ထိုင်း အမျိုးသမီး ကလေးများ၏ ဘဝ ဖူလုံရေး အတွက် အသက်မွေး ဝမ်းကျောင်း ပညာရပ် များကို သင်ကြား စေရန် အားပေး ကူညီ ခဲ့ခြင်းကြောင့် ယနေ့ သက်တော် (၇၈) နှစ် တိုင်အောင် ထိုင်းဘုရင် ဘူမိဘော ၏ တစ်ဦးတည်းသော မိဖုရားခေါင်ကြီး အဖြစ် နေထိုင် လာခဲ့ရသလို ပြည်သူ လူထု၏ မေတ္တာကို အပြည့် အဝ ရရှိနေသူ လည်း ဖြစ်သည်။

'' ပြည်သူ့ဝန်ကို ထမ်းရွက် နေသော ထိုင်းဘုရင် နှင့် ဘုရင်မကြီး''
ထိုင်းဘုရင် ဘူမိဘောအဒူလျာဒက်(ဒ်) သည် ရွှေနန်း ပြာသာဒ်တွင် အငြိမ့်သား ဇိမ်ခံ၍ နေနိုင်သူ ဖြစ်သော်လည်း ပြည်သူ အကြားသို့ ဝင်၍ ပြည်သူ့ ဝန်ကို ထမ်းရွက် နေသူ ဖြစ်သည်။ ထိုင်း ဘုရင်သည် ငယ်စဉ် ကတည်းက အရှက် အကြောက် ကြီးသူ ဖြစ်သလို စိတ်ကောင်း နှလုံးကောင်း ရှိကာ ခက်ထန် မောက်ကြွားမှု ကင်းသည်။

တိုင်းသူ ပြည်သားများ အပေါ် ကူညီ ရိုင်းပင်း လိုသည့် လူမှုဝန်ထမ်းစိတ်ကြောင့် တိုင်းပြည် နှင့် လူမျိုး အကျိုး ရှိမည့် အလုပ်ဟူ သမျှ အင်အား အပြည့် နှင့် တစိုက် မတ်မတ် သယ်ပိုး နေသည်မှာ ဘုရင် နှင့် ဘုရင်မ နှစ်ဦး စလုံး၏ စိတ်တူ၊ ကိုယ်တူ စိတ်ဓာတ် ကောင်းပင် ဖြစ်သည်။

ဘုရင်မကြီး သီရိခေတ် သည် ဘုရင်ကြီး၏ နောက်သို့ သျှောင်နောက် ဆံထုံးပါ လိုက်ပါ၍ လယ်သမားများ နှင့် အသိချင်း ဖလှယ် ခဲ့သည်။ ဘုရင် ဘူမိဘော နှင့် ဘုရင်မကြီး သီရိခေတ်တို့ တိုင်းခန်း လှည့်လည် ရာတွင် နောက်ပါး၌ အစိုးရ အရာရှိများ နှင့် ဆောက်လုပ်ရေး အင်ဂျင်နီယာများ အထူးကု ဆရာဝန်များ၊ သွားအထူးကု ဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများ လိုက်ပါ ကြသည်။ တိုင်းခန်း လှည့်လည်ရာ ဒေသများရှိ ဒေသခံေ ဆးရုံများ နှင့် ပူးပေါင်း၍ ဆေးဝါး အခမဲ့ ကုသ ပေးခြင်း များကို ပြုလုပ် ခဲ့သည်။
ယနေ့ ထိုင်းနိုင်ငံ သည် အာရှ တိုက်တွင် ထွန်းသစ်စ၊ စက်မှု နိုင်ငံ ဘဝသို့ ရောက်ရှိ နေပြီ ဖြစ်သော်လည်း လယ်ယာ လုပ်ငန်း သည်သာ ထိုင်းနိုင်ငံ၏ အဓိက စီးပွားရေး ကျောရိုး ဖြစ်သည်ဟု ထိုင်းဘုရင်က လက်ခံ ထားသည်။

''ပြည်သူ အတွက် ချက်ချင်း ဆောင်ရွက်'' ဆိုသည်မှာ

ဘုရင်ဘူမိဘော ၏ လက်တွေ့ ကျင့်သုံးလျှက် ရှိသည့် ဆောင်ပုဒ် တစ်ခု ဖြစ်ပြီး ကျေးလက် တောရွာ များနှင့် တောင်ပေါ် ဒေသများ၊ နယ်စပ် ဒေသ များတွင် ဆင်းရဲ မွဲတေမှု နှင့် လူမှု ပြဿနာ အခက် အခဲများ ဖြစ်နိုင်ကြောင်း ဘုရင်ဘူမိဘော နှင့် ဘုရင်မကြီး သီရိခေတ် တို့က ကောင်းကောင်း နားလည် လက်ခံ ထားသည်။ ယခု အခါ ဘုရင် ဘူမိဘော ၏ နန်းသက်မှာ နှစ်ပေါင်း (၅ဝ) ကျော် ခဲ့ပြီ ဖြစ်သည်။

''The Foundation for the Promotion of Supplementary Occupations and Related Techniques'' ဆိုသည်မှာ

ထိုင်း ဘုရင်မကြီး သီရိခေတ် သည် (၁၉၇၆) ခုနှစ်၊ ဇူလိုင်လ (၂၁) ရက်နေ့ တွင် ''The Support Foundation'' ကို ဘုရင့် အမှုထမ်းများ၊ အဖွဲ့အစည်း အကြီး အကဲများ ပါဝင်သော အဖွဲ့သားများ တရား ဥပဒေ နှင့် အညီ ပစ္စည်း ဥစ္စာ ကို စီမံ ခန့်ခွဲရသည့် အဖွဲ့ဝင် ပုဂ္ဂိုလ် များ၏ အကြံပေး မှုများဖြင့် စတင် တည်ထောင် ခဲ့သည်။

(၁၉၈၅) ခုနှစ်တွင် ထိုင်း အစိုးရ ကိုယ်တိုင် အတည်ပြု ပါဝင် လာသော အဆိုပါ အဖွဲ့ အစည်းမှာ အောင်မြင်သော လုပ်ငန်းကြီး အဖြစ်သို့ ရောက်ရှိ လာခဲ့ပြီး ထိုင်း ဘုရင်မကြီး၏ ကြံရွယ် ကြိုးစားမှုမှာ ထိုင်းရိုးရာ ဆိုင်ရာ ရှေးခေတ် လက်မှု ပညာရပ်များကို ထိန်းသိမ်းစောင့်ရှောက် သွားစေလိုသည့် ရည်ရွယ်ချက် ဖြစ်သည်။

ထို့အပြင် ပျောက်ကွယ်လု နီးပါး ဖြစ်သော ရက်ကန်းရက် ပညာရပ် ဇာထိုး ပန်းထိုး ပညာရပ် နှင့် ကြိမ်ဖြင့် ယက်လုပ်ရသော လက်မှု ပညာရပ် များကို ပြန်လည် ဖော်ထုတ်ကာ ထိန်းသိမ်း ထားစေ လိုခြင်း ဖြစ်သည်။ လူငယ် လူရွယ် များအား ကျွမ်းကျင်စွာ လေ့လာမှု၊ စိတ်ရှည် သည်းခံ ဇွဲသန်ခြင်း များကို တည်ထောင်စေ၍ အလုပ် အကိုင် အခွင့် အလမ်း ကောင်းများ ရရှိစေရန် ထိုင်း ဘုရင်မကြီးက ရည်ရွယ် ထားသည်။

ထိုင်း ဘုရင်မကြီး ကိုယ်တိုင် ဦးဆောင်မှုဖြင့် အဖွဲ့အစည်း ပမာဏ ကြီးထွား လာမှု၊ လူကြိုက်များ ထင်ရှား လာမှုနှင့် စီမံကိန်း ကြီးမားမှု များကို ပြသသော အခါ အဆိုပါ လက်မှု ပစ္စည်း များကို ရောင်းချ၍ ရရှိသော ဝင်ငွေ များကို ပိုမိုများပြား တိုးပွား လာစေ သည်။

လျှပ်တပြက်
၅ . ၈ . ၂၀၁၀  

ဟံသာဝတီသတင်းဋ္ဌာနမှ

No comments: