ရောမ- ကောက်ပဲသီးနှံ၊ အသားနှင့် သကြားဈေးနှုန်းများ မြင့်တက်လာနေခြင်းက အာဟာရ ချို့တဲ့သူ လူပေါင်း တစ်ဘီလံအား ခြိမ်းခြောက်မှု ပြုလျက်ရှိကြောင်း သိရသည်။ လက်ရှိ ကမ္ဘာပေါ်၌ ဆာလောင် ငတ်မွတ်သူ အရေအတွက်မှာ စီးပွားရေး အကျပ်အတည်းမတိုင်မီ ကာလကရှိသည့် အရေအတွက်ထက် ကျော်လွန်နေဆဲပင် ရှိနေသေးကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့အစည်း (FAO) ၏ အစီရင်ခံစာတွင် ဖော်ပြထားကြောင်း သိရသည်။
ယခုနှစ်တွင် အာဟာရချို့တဲ့သူပေါင်းမှာ ၉၅၂ သန်းရှိကြောင်း ခန့်မှန်းခဲ့ပြီး လွန်ခဲ့သည့် နှစ်က ၁ ဒဿမ ၀၂ ဘီလီယံရှိနေရာမှ ကျဆင်းခဲ့ခြင်းလည်း ဖြစ်သည်။ သို့ရာတွင် ကမ္ဘာပေါ်ရှိ ဆာလောင်ငတ်မွတ်သူ အရေ အတွက်မှာမူ ၂၀၀၈-၂၀၀၉ ခုနှစ် စီးပွားရေး အကျပ်အတည်း မတိုင်မီကာလကထက် ပိုမိုများနေဆဲ ရှိကြောင်း၊ ထိုသို့ ဖြစ်ရခြင်းမှာ စီးပွားရေး အကျပ်အတည်း ကာလအတွင်းမှစ၍ အစပျိုးလာခဲ့ခြင်း ဖြစ်သကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပြည်တွင်းစားသောက် ကုန်ဈေးနှုန်းများမြင့်တက်လာမှုကြောင့်လည်း ဖြစ်သည်ဟု သိရသည်။
ယခုနှစ်တွင် အာဟာရချို့တဲ့သူပေါင်းမှာ ၉၅၂ သန်းရှိကြောင်း ခန့်မှန်းခဲ့ပြီး လွန်ခဲ့သည့် နှစ်က ၁ ဒဿမ ၀၂ ဘီလီယံရှိနေရာမှ ကျဆင်းခဲ့ခြင်းလည်း ဖြစ်သည်။ သို့ရာတွင် ကမ္ဘာပေါ်ရှိ ဆာလောင်ငတ်မွတ်သူ အရေ အတွက်မှာမူ ၂၀၀၈-၂၀၀၉ ခုနှစ် စီးပွားရေး အကျပ်အတည်း မတိုင်မီကာလကထက် ပိုမိုများနေဆဲ ရှိကြောင်း၊ ထိုသို့ ဖြစ်ရခြင်းမှာ စီးပွားရေး အကျပ်အတည်း ကာလအတွင်းမှစ၍ အစပျိုးလာခဲ့ခြင်း ဖြစ်သကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပြည်တွင်းစားသောက် ကုန်ဈေးနှုန်းများမြင့်တက်လာမှုကြောင့်လည်း ဖြစ်သည်ဟု သိရသည်။
ကမ္ဘာပေါ်တွင် ဆာလောင်ငတ်မွတ်နေသူအရေအတွက်မှာ လန့်စရာ ကောင်းလောက်အောင် မြင့်တက်လာ နေကြောင်း အာဟာရချို့တဲ့မှုကြောင့် စက္ကန့် ၆၀ တိုင်းတွင် ကလေးတစ်ဦးနှုန်း သေဆုံးလျက်ရှိကြောင်း FAO အထွေထွေ မန်နေဂျာ ဂျက်ဒီအော့ဖ်က ပြောကြားခဲ့သည်။ လက်ရှိ ကိန်းဂဏန်းများမှာ ရေလွှမ်းမိုးမှု ဘေးဒဏ်မတိုင်ခင်က စုစည်းကောက်ယူထားသည့် ကိန်းဂဏန်းဖြစ်ပြီး ပါကစ္စတန်တွင် ရေဘေးဒဏ် ခံစားရမှုနှင့် ရုရှားတွင် မိုးခေါင်၍ တောမီးလောင်ကျွမ်းခြင်းကြောင့် ဂျုံတင်ပို့မှုကို တားမြစ်ခဲ့ပြီးနောက် ဆာလောင်ငတ်မွတ်သူအရေအတွက် တိုးပွားလာခဲ့သည်ဟု ဆိုသည်။
နောက်ဆုံးထွက်ပေါ်လာသော ဆာလောင်ငတ်သူများ ဆိုင်ရာ အချက်အလက်များ၏ ညွှန်ပြချက်အရ ကမ္ဘာပေါ်ရှိ ဆာလောင်ငတ်မွတ်သူအရေအတွက်ကို ၁၉၉၀ ပြည့်နှစ်ကထက် ထက်ဝက်ခန့်လျှော့ချပေး လျက်ရှိနေပြီး ယင်းသည် ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ကုလသမဂ္ဂညီလာခံ၏ ရည်မှန်းထားမှုမှာ ပထမခြေလှမ်းပင် ဖြစ်သည်ဟုသိရသည်။
အစီရင်ခံစာအရ အာရှ- ပစိဖိတ်ဒေသတွင်းရှိ အာဟာရချို့တဲ့သူ အရေအတွက်မှာ စီးပွားရေး တိုးတက် မှုကြောင့် လွန်ခဲ့သည့်နှစ်ကထက် ၁၂ ရာခိုင်နှုန်း လျော့ကျလာသည်ကို တွေ့ရှိရမည် ဖြစ်သည်။ အိန္ဒိယနှင့် တရုတ်နိုင်ငံ နှစ်နိုင်ငံတည်းမှာပင် ကမ္ဘာ့ဆာလောင်ငတ်မွတ်သူ အရေအတွက်၏ ရာခိုင်နှုန်း ၄၀ ရှိနေ သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားခဲ့သည်။ သို့ရာတွင် အာဟာရချို့တဲ့နေသူအများဆုံးမှာ အာဖရိက တိုက်တွင် ဖြစ်သည်ဟု ဆိုသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများရှိကျေးလက်ဒေသများတွင် အလွန်အမင်းဆင်းရဲချို့တဲ့သူ ရာခိုင်နှုန်း ၇၀ ကျော်နေထိုင်လျက်ရှိသည်ဟုလည်း မစ္စတာဒီအော့ဖ်က ပြောသည်။
ကမ္ဘာ့ဖွံ့ဖြိုးပြီး နိုင်ငံပေါင်း ၂၀ တို့က ၂၀၀၉ မှ ၂၀၁၀ ခုနှစ်အတွင်း စိုက်ပျိုးရေး လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး အတွက် အမေရိကန် ဒေါ်လာ ၂၂ ဘီလီယံထည့်ဝင်၍ ကူညီပံ့ပိုးပေးသွားရန် ကတိပြုခဲ့ကြသော်လည်း လက်ရှိအချိန်အထိ ကူညီပံ့ပိုး ငွေ ၄၂၅ သန်းသာရှိသေးကြောင်းကိုလည်း ထုတ်ဖော်ပြောကြားခဲ့သည်။ ခန့်မှန်းချက်အရ နှစ်စဉ်အမေရိကန်ဒေါ်လာ ၇၅ ဘီလီယံထည့်ဝင် ပံ့ပိုးမှုပြုမျသာလျှင် မူလရည်မှန်းချက်ကို ပြည့်မီမည် ဖြစ်ပြီး ဆာလောင်ငတ်မွတ်သူတို့အား ဘေးဒုက္ခတွင်းမှ ကယ်တင်ပေးနိုင်မည်ဟု မစ္စတာဒီအော့ဖ် က ပြောကြားခဲ့သည်။
Ref:Flower News.
Ref:Flower News.
No comments:
Post a Comment