ဆရာတော် ဦးဇောတိက အိန္ဒိယနိုင်ငံ၊ ဒေလီမြို့ရှိ မာတာဂျန်နန်ဒေဝီဆေးရုံ၌ အရေးပေါ် ဆေးကုသမှု ခံယူနေရ

 ဆရာတော် ဦးဇောတိက အိန္ဒိယနိုင်ငံ၊ ဒေလီမြို့ရှိ မာတာဂျန်နန်ဒေဝီဆေးရုံ၌ အရေးပေါ်ဆေးကုသမှုခံယူနေရ
အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ် ဂါယာမြို့ရှိ မဂဓတက္ကသိုလ်တွင် မဟာဝိဇ္ဇာတန်းတက်ရောက်နေသော ဆရာတော်ဦးဇောတိကသည် ဒေလီမြို့သို့ ရောက်ခိုက် အနာမကျန်းဖြစ်ကာ ပြင်ပဆေးခန်းတွင် ကုသဆဲကာလတွင် ရောဂါအခြေအနေသည် ရုတ်ခြည်းပြောင်းလဲ ဆိုးရွားလာတဲ့အတွက် ယခု မာတာဂျန်နန်ဒေဝီဆေးရုံးကြီးကို ပို့ဆောင်လိုက်ရပါသည်။ ဆေးရုံရောက်သည့်အခိုက်တွင်ပင် သွေးများအန်ကျလာသောကြောင့် အရေးပေါ်အခန်းတွင် ဆရာဝန်များက အရေးတကြီးပို့ဆောင်ခဲ့ရသည်။ ထိုရေးပေါ်ခန်းထဲတွင် ဆရာဝန်များမပြတ်စောင့်ကြည့် ကုသဆဲတွင်ပင် သတိလစ်မေ့မျောကာ၊ နှလုံးခုန်နှုန်းမှာလည်း များစွာ လျှော့ကျလာပြီး စိုးရိမ်ဖွယ်အခြေအနေသို့ ရောက်သွားရပါသည်။ သုံးရက်ခန့် အသက်လုရသည့် အခြေအနေဆိုးသို့ရောက်ရှိခဲ့ကာ အောက်ဆီဂျင်ပေး၊ နှလုံးခုန်နှုန်းတိုင်းတာ ကိရိယာများဖြင့် မပြတ်စောင့်ကြည့်ကုသရာ နောက်ရက် သတိပြန်ဝင်လာခဲ့သည်။ ဝမ်းသာစရာသတင်းဖြစ်ပြီးနောက် လက်ဆက်စစ်ဆေးမှုပြုရာ ကျောက်ကပ်မှာ အလုပ်မလုပ်၍ ကျောက်ကပ်အား သန့်စင်စေရန် စက်တပ်ထားသော်လည်း အခြေအနေမှာ ကောင်းဘက်သို့ ဦးတည်မလာသေးသည့်အတွက် ဆင့်မြင့်နည်းပညာများဖြင့် ဆက်လက်ကုသရန်အခြေအနေကို ရောက်သွားပါတော့သည်။ ဦးနှောက်အား စကန်မ်ဖတ်သောအခါ သွေးချိုနှုန်းထားများမြင့်တက်နေသည်ကိုလည်း တွေ့ရှိရသည်။ မျက်နှာမှာလည်း ယောင်ရမ်းသည့် ပုံကိုလည်း တွေ့ရသည်။ ဦးနှောက်အခြေအနေမှာလည်း ပုံမှန်အခြေအနေမရောက်သေးသည့်အတွက် ဦးနှောက်အထူးကုဆရာဝန်နှင့် စစ်ဆေးကုသဆဲဖြစ်သည်။

ယ္ခုအခြေအနေအထိ အရေးပေါ်ခန်းထဲမှ ထွက်ရန်အခြေအနေမပေးသေးပါ။ ငွေကြေးကုန်ကျနှုန်းမှာလည်း အိန္ဒိယငွေ ရူပီး (၁) သိန်း၊ မြန်မာကျပ်ငွေ သိန်း (၂၀) ကျော်ခန့် ကုန်ကျမှု ရောက်ရှိလာပြီဖြစ်ပြီး ဆက်လက်ကုသရန် ငွေကြေးအခြေအနေမှာလည်း ကြပ်တည်းမှုများဖြင့် ကြုံတွေလျှက်ရှိပါသည်။ အိန္ဒိယရောက် မြန်မာစာသင်သားရဟန်းတော်များက အလှူငွေများထည့်ကြပြီး အိန္ဒိယရောက် မြန်မာမိသားစုများကလည်း ပါဝင်ထောက်ပံ့မှုများ ပြုလုပ်ပေးခဲ့ကြသည်။ ပုံမှန်အခြေအနေတိုင်း ပြန်လည်ရောက်ရှိရန် ရက်အတော်ကြာဆက်လက်ကုသရဦးမည်ဖြစ်ရာ ငွေးကြေးအတွက် စိုးရိမ်ရသည့်အတွက် ပြည်တွင်းပြည်ပမှ မိတ်ဆွေတို့သည်လည်း သဒ္ဓါတရားတတ်အားသ၍ အလှူငွေထည့်ကာ ဆရာတော်၏ ကျန်းမာရေးကို စောင့်ရှောက်နိုင်ကြရန် ရည်သန်၍ သတင်းပါးအပ်သည်။ အလှူငွေလှူရန် ၀၀၉၁ ၉၈၁၈၀၃၄၀၁၉ ကိုဆက်သွယ်ပေးပါရန် (သို့မဟုတ်) amarapura.ct@gmail.com သို့ အသိပေးဆက်သွယ်ပါရန် အသိပေး နှိုးဆော်လိုက်ရပါသည်။

 အာရောဂျ မရမာ လာဘာ။ (ကျန်းမာခြင်းသည် ကြီးမားသော လာဘ်တပါးပင်ဖြစ်၏)
သုခီအတ္တာနံ ပရိဟန္တု။

No comments: