အရှက်မဲ့ မြန်မာများ


 မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံသားတို့၏ ယဉ်ကျေးမှုအနာဂါတ်အား မတွေးမဆသူများသာ အသက်ရှည်ရှည် နေရတော့မည်ဖြစ်သည်။ ယနေ့ ခေတ်ရေစီးကြောင်းအရ ပြောင်းလဲလာသော ဝတ်စားဆင်ယင်မှုမှာ သြော်ချရလောက်အောင် စိတ်ပျက်ဖွယ်ဖြစ်နေပေပြီ။ စိတ်နှလုံး ညှိုးနွမ်းရလေပြီ။ မြန်မာနိုင်ငံမှာ ရှေးရိုးစွဲဟု စွပ်စွဲခံနေရသူ အများအပြား ရှိနေသေးသည့် အနေအထားမှာတောင် သည်မျှလောက် သရုပ်ပျက်လာသည်ဆိုလျှင် ရှေးရိုးစွဲများ မရှိတော့သည့်အခါ လူရိုင်းများကဲ့သို့ သစ်ရွက်ဖုံးဝတ်ဆင်သည့် ဒီဇိုင်းများဖြင့် စင်ပေါ်တွင် နေရာယူနိုင်သည့် မြန်မာနိုင်ငံအမျိုးသမီးများ၏ ဝတ်စားဆင်ယင် ထုံးဖွဲ့မှု အနာဂါတ်ကိုတွေးကာ ရင်ထုမနာဖြစ်ရသည်။ မိမိတို့၏ယဉ်ကျေးမှုကို မိမိတို့သာ ထိန်းသိမ်းရမည်ဖြစ်သောကြောင့် အမနာပ သည်စာကိုရေးရခြင်းဖြစ်သည်။ နားနှင့်မနာ ဖဝါးနှင့်သာနာပါတော့။

အနုပညာရှင်နှင့် မော်ဒယ်များ အထူးသဖြင့် အမျိုးသမီး ရုပ်ရှင်သရုပ်ဆောင် မော်ဒယ်အချို့၏ လွန်ကဲစွာ ၀တ်စားဆင်ယင်မှု ထိန်းသိမ်းရန် လိုအပ်လာဟု ခေါင်းစဉ်ဖြင့် Eleven Media Group အွန်လိုင်းစာမျက်နှာတွင် တွေ့ရှိလိုက်ရသည့် ဓာတ်ပုံမှာ “ ဒါမြန်မာကော ဟုတ်ရဲ့လား” ဟု အာမေဋိတ်အသံဖြင့် အံ့သြဘနန်းဖြစ်ရသည်။ ထို့အတူပင် ထိုပုဂ္ဂိုလ်များသည် အမျိုးကောင်းသမီး လုံးဝ (လုံးဝ) မဖြစ်နိုင်ဟု တထစ်ချ သတ်မှတ်လိုက်ပါသည်။ မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုမှာ အရှိန်အဟုန်ဖြင့် တိမ်ကောလာသည်ကိုလည်း တွေးတိုင်းတွေးတိုင်း ရတက်မအေးဖြစ်ရသည်။ ခေတ်ရေစီးကြောင်းဟူသည့် ဝေါဟာရကို အတွင်တွင်သုံးကာ မိဘဘိုးဘွား ရှေးလူကြီးသူမတို့  စွမ်းစွမ်းတမံ ဖော်ထုတ်ထိမ်းသိမ်းခဲ့သည့် ယဉ်ကျေးမှုများကို စော်ကားနေကြသည်ဟု မှတ်ချက်ချလိုသည်။ အမှန်တကယ် လူစိတ်ရှိသည့် ယဉ်ကျေးသော မြန်မာ့လူ့အသိုင်းအဝိုင်းမှ မဟုတ်တန်ရာ။

မြို့ပြမှအစ တောချေအဆုံး ယုတ်ညံ့လော်လီသည့် ဝတ်စားဆင်ယင်မှုမှာ ကင်ဆာသဖွယ် ကူးစက်မြန်ဆန်လွန်းလှသည်။ ဆံပင်များမှာလည်း မိုးကြိုးစက်ကွင်း မိထားသည့်နှယ် ဝါကျင်ကျင် နီကြောင်ကြောင်များကို မြင်တွေ့ရသည်မှာ မျက်စိနောက်ဖွယ် စိတ်နှလုံးတို့ ညှိုးနွမ်းရသည်။ အရာဝတ္ထုတခုသည် မည်မျှခိုင်မာအောင် ပြုပြင်စီမံထားပါစေ ကာလကြာလျှင် ပျက်စီးရမည်သာဖြစ်သည်။ မရှောင်လွဲနိုင်သည့် ဓမ္မတာတခုပင်ဖြစ်သည်။ သို့သော် သိဉာဏ်ရှိလူသား၏တို့ စီမံအပ်သော ဝတ်စားဆင်ယင်ထုံးဖွဲ့ ယဉ်ကျေးမှုမှာ သည်မျှလောက် ပျက်စီးမြန်ဆန်သည်မှာ ယနေ့လူသားတို့ ညံ့ဖျင်းမှု၊ ပေါ့ရော့မှု၊ တာဝန်မဲ့မှု၊ လော်လီမှုတို့ကြောင့်သာဖြစ်ရာသည်။ အဖျက်ဟူသည်မှာ လွယ်ကူလှသည်။

ရေပေါ်ဆီလူတန်းစား (လူ့မလိုင်) ဖြစ်သည့် ရုပ်ရှင်အသိုင်းအဝိုင်းသည် မြန်မာ့ ယဉ်ကျေးမှုအား ဖျက်ဆီးသည့်နေရာတွင် ရှေ့တန်းက ပါဝင်သည်။ လူကုန်ထံအသိုင်းအဝိုင်း၊ အမြတ်ကြီးစား ဂုတ်သွေးစုတ်အသိုင်းအဝိုင်းတို့မှာ ဒုတိယတန်းစား ဖျက်သမားများဖြစ်သည်။ ရုပ်ရှင်လောကဟူသည်မှာ လူတကာမျက်စိရှေ့သို့ ပေါက်ရောက်သော ကြော်ငြာတမျိုး ဖြစ်ရကား ထိုထိုကြည့်ရှုကြသည့် ပြည်သူတို့၏ အသဲနှလုံးဝယ် သူတော်ကောင်းစိတ် ကိန်းဝပ်အောင် လုပ်ဆောင်ရမည်ဖြစ်သည်။ မိမိယဉ်ကျေးမှုတို့ကို မြတ်နိုးတတ်အောင်၊ ထိန်းသိမ်းရမှန်းသိအောင် နည်းပေးလမ်းပြလုပ်ရမည်ဖြစ်သည်။ ယခုအခါတွင် ထိုသို့မဟုတ်ပါဘဲ မြို့အနှံ့ ကျေးလက်အနှံ့သို့ အကျင့်ပျက်လော်လီမှုတို့ကို တရားဝင် ဖြန့်ချီနေကြပါတော့သည်။ ထို့ကြောင့် အကျိုးအကြောင်းမြင်သိ ပညာရှိတို့မှာ ထိုရုပ်ရှင်လောက၊ မော်ဒယ်လောကသည် မကောင်းသော၊ ပျက်စီးသော၊ ရွံရှာဖွယ်ကောင်းသော ပြည့်တန်ဆာ (ဖာ) လောကဟုပင် ဆိုစမှတ်ပြုလာကြလေပြီ။ ငွေးကြေးရရန်အတွက်  နာမည်ကြီးအောင် အမျိုးမျိုးလုပ်ကြသည်။ နာမည်ကြီးရန်အတွက် မိမိယဉ်ကျေးမှုကို ချနင်းချေပြီး ခန္ဓာကိုယ်ကို အရောင်းကုန်လုပ်ကြသည်။ ဒါရိုက်တာ၊ ဓာတ်ပုံဆရာတို့အား ခန္ဓာကိုယ်ကို ပုံအပ်လိုက်ကြသည်။ ထိုသို့ ဖွံရှာဖွယ်ကောင်းသည့် ထိုရုပ်ရှင်၊ မော်ဒယ်လောကသားတို့သည် မိမိတို့၏ ယဉ်းကျေးမှုကို တန်ဘိုးထားရကောင်း မသိကြသည်မှာ မဆန်းတော့။

ခေါင်းဆောင်းမကောင်းလျှင် တပည့်သားမြေးနှင့် နောက်ပါများ ပျက်စီးကြရသည်။ အစိုးရမကောင်းလျှင် နိုင်ငံပျက်ရသည်။ နိုင်ငံပျက်လျှင် ဆင်းရဲမည်ဖြစ်သည်။ ဆင်းရဲလျှင် အကျင့်စာရိတ္တ ချွတ်ယွင်းလာမည်။ အသိဉာဏ်မဲ့ နလပိန်းတုန်းများ များလာမည်။ ရေပေါ်ဆီ လူ့မလိုင်များ များလာမည်။ ကိုယ့်ကျိုးစွန့်သူများ နည်းပါးလာမည်။ ပညာရှိသူတော်ကောင်းများ နည်းလာမည်။ သာသနာတော်လည်း ပျက်စီးလာမည်။ နောက်ဆုံး ဖာနိုင်ငံဖြစ်မည်သာ။ ငါတို့သည်လည်း ဖာနိုင်ငံသားများ ဖြစ်ရတော့မည်။ အထက်ပါဓာတ်ပုံတွင် အရွယ်ငယ်ငယ် အပျိုရွယ်မိန်းကလေးများ မလုံ့တလုံအဝတ်များ ဝတ်ကာ လမ်းလျှောက်ပြသည်ကို ကိုယ့်အသက်ကိုပင်မထောက်ဘဲ ယောင်္ကျားအရင့်အမာကြီးများက ပြူးတူးပြဲကြည့်ပြီး သွားရေကြနေကြသည်ကို မြင်ရသည်မှာ အင်မတန် စက်ဆုပ်ရွံဖွယ်ကောင်းလှသည်။ အရှက်မဲ့ သိက္ခာမဲ့ အကျင့်ပျက်များသာ ဖြစ်ပါလိမ့်မည်။ ထိုမိန်းကလေးများမှာလည်း နည်းတူပင်ဖြစ်ပါလိမ့်မည်။ ထိုထိုလုပ်ငန်းဖြင့် စီးပွားရှာခြင်းမှာလည်း သမ္မာအာဇီဝမဖြစ်နိုင်။

ပြုပြင်လို့ရကောင်းသော အရာများဖြစ်သောကြောင့် ယနေ့မှစ၍ ပြုပြင်ကြပါ။ မိမိယဉ်ကျေးမှုကို ထိန်းသိမ်းကြပါ။ မိမိယဉ်ကျေးမှုကို မြတ်နိုးကြပါ။ မိမိယဉ်ကျေးမှုကို နှစ်သက်ပါ။ သူတော်ကောင်းများ များလာအောင် လုပ်ကြပါ။ သူတော်ကောင်းတရားများ ပွားလာအောင် လုပ်ကြပါ။ လူဆိုး သူခိုး အမှိုက်သရိုက်များကို ရှင်းလင်း သုတ်သင်ကြပါ။ လွတ်လပ်ရေးကျိုးပန်းခဲ့ကြသည့် နိုင်ငံခေါင်းဆောင်ကြီးများ လိုလားအပ်သည်များကို လေးစားလိုက်နာ ဆောင်ရွက်ကြပါ။ ခေတ်အလိုက် မိမိပခုံးပေါ် ကျလာသည့် ခေတ်တာဝန်ကို ပီပြင်စွာ ထန်းရွက်ကြပါ။ မြန်မာနိုင်ငံသား အမျိုးကောင်းသား၊ အမျိုးသမီးများဖြစ်ကြရန် တာဝန်ကိုယ်စီ ရွက်ဆောင်ကြပါဟု မြန်မာ့ယဉ်ကျေးမှု အနာဂါတ်အရေး မျှော်တွေးကာ အသဲနာနာဖြင့် ရေးသားလိုက်ရပါသည်။

No comments: