ဒေါ်အောင်ဆန်းစုကြည်၏ စကားကို ပြန်လည်တုံ့ပြန်ခြင်း

“လျှပ်စစ်မီး မရရှိမှုကြောင့် ဖယောင်းတိုင်မီးထွန်း ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို သဘောကျပါတယ်။ ဒါပေမယ့် တချို့ဆန္ဒပြသူတွေက လျှပ်စစ်မီးကို အရင်ပေးပါ၊ ဒီမိုကရေစီကို နောက်မှ ပေးပါလို့ ပြောဆိုတာတွေက ကျမစိတ်ထဲမှာ ဘ၀င်မကျပါဘူး။ လျှပ်စစ်မီးတွေ မှန်မှန် မရတာဟာ ဘာကြောင့်လဲဆိုတာ အားလုံးကို သေသေချာချာ စဉ်းစားစေချင်ပါတယ်” ဟု ပြောဆိုခဲ့သည်။

 ဒေါ်စုကြည်ရော၊ NLD ရော၊ ပါတီတွေရော၊ လွှတ်တော်အမတ် ဆိုတာတွေရော ပြောလိုက်ပါမယ်။ နားနဲ့မနာနိုင်ရင် နာချင်တာနဲ့သာနာပေတော့။
ထမင်းလေးကိုတော့ အရင်စားပါရစေ၊ ထမင်းစားပြီးမှ ဒီမိုကရေစီအရေး တောင်းဆိုကြရအောင် လို့ ပြောဆိုခဲ့ရင်ရော ဒေါ်စုအောင်ဆန်းစုကြည် (ခင်ဗျားတို့) ဘဝင်ကျမကျ။ ဒီမိုကရေစီကို တင်းပြည့်ကျပ်ပြည့်ရပြီးမှ ပြည်သူတွေ ထမင်းစားရမှာလား။ မဟုတ်ရင် တတိုင်းပြည်လုံး အငတ်ခံပြီး သေလိုက်ကြရမှာလား။ ဒါပဲပြောချင်တယ်။

No comments: