နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် လက်မှတ်ရေးထိုးပေးကြပါရန်

အပြစ်မရှိ အပြစ်ရှာပြီး ဖမ်းဆီးခြင်း ခံထားကြရသည့် နိုင်ငံရေးအကျဉ်းသား (ယုံကြည်မှုကြောင့် အကျဉ်းကျ ခံနေရသူများ) များကို ပြန်လည် လွှတ်မြောက်နိုင်ရန် ဦးဝင်းတင်၊ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်စသော ပြည်သူများချစ်သော ပြည်သူ့ ခေါင်းဆောင်ကြီးများ၊ စာရေးဆရာများ၊ အနုပညာရှင်များနှင့် ပြည်တွင်းပြည်ပရှိ ဒီမိုကရေစီ လိုလားသူများ အားလုံး လက်မှတ်ရေးထိုးကာ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆိုသည့် ထိုစာရွက်စာတမ်းများကို သမ္မတသစ် ဦးသိန်းစိန်ထံသို့ ပို့ဆောင်သွားမည် ဖြစ်သည်။
ထိုကြောင့် မြန်မာနိုင်ငံသားများ လက်မှတ်ထိုးပေးကြဖို့ အနူးအညွတ် တောင်းဆိုအပ်ပါသည်။ မိုးမခမီဒီယာမှ အွန်လိုင်း ပေါ်တွင် လွယ်ကူရှင်းလင်းစွာ လက်မှတ်ထိုးနိုင်ရန် စီစဉ်ထားပါသည်။ ထိုLink မှတဆင့် လက်မှတ် ရေးထိုးပေးကြပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

No comments: