ကမ္ဘာ့ကျောင်းသား စုံညီပွဲတော်တွင် ဒေါ်အောင်ဆန်းစုကြည် အဖွင့်မိန့်ခွန်းပြောကြား

               တောင်အာဖရိကနိုင်ငံ ပရီတိုးရီးယားမြို့တွင် ယနေ့ ကျင်းပမည့် ၁၇ ကြိမ်မြောက် ကမ္ဘာ့ ကျောင်းသားလူငယ် စုံညီပွဲတော် ဖွင့်ပွဲသို့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ အဖွင့် အမှာစကား ဗွီဒီယိုဖိုင်ကို ပေးပို့ခဲ့သည်။ အဖွင့်မိန့်ခွန်း အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။

                ငြိမ်းချမ်းရေး၊ ညီညွတ်ရေးနှင့် လူ့အဖွဲ့အစည်း ပြုပြင် ပြောင်းလဲရေးတို့မှာ ပြောင်းလဲနေသည့် ကမ္ဘာကြီး၏ သွင်ပြင်လက္ခဏာများ ဖြစ်ကြောင်းနှင့် ကျမတို့ဟာ ကျမတို့ရဲ့ ကမ္ဘာကြီးကို ပြောင်းလဲလိုကြောင်း၊ လူငယ်များဟာလည်း သူတို့ရဲ့ ကမ္ဘာကြီးကို ပြောင်းလဲလိုကြောင်း၊ ကျမတို့ ကမ္ဘာနှင့် လူငယ်များက ပြောင်းလဲလိုသော ကမ္ဘာကြီးမှာ တစ်ခုတည်းဖြစ်ကြောင်း၊ ဤအတွက် လူငယ်များနှင့် ပူးတွဲ လုပ်ဆောင်လိုပါကြောင်း၊
ငြိမ်းချမ်းရေးကဲ့သို့သော အများဆိုင် စံတန်ဖိုးအတွက် လုပ်ဆောင်ရမှာ ဖြစ်သည့်အတွက် မျိုးဆက်ကွာခြားမှု မရှိသင့်ကြောင်း။ မိတ်ဆွေများအနေဖြင့် ပူးပေါင်းသင့်ကြောင်း၊ အပြန်အလှန် လေ့လာဖို့ လိုကြောင်း။ မြန်မာနိုင်ငံကို ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းအဖြစ် ပြောင်းလဲရာမှာ ကမ္ဘာ့လူငယ်များ၏ အကူအညီကို လိုအပ်ကြောင်း၊ ကူညီပေးနိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ ဆက်သွယ်ဆောင်ရွက်ရန် နည်းလမ်းများ ရှာဖွေနိုင်မည်ဟုလည်း မျှော်လင့်ပါကြောင်း၊ ပထမဆုံး မေတ္တာရပ်ခံချက် ဖြစ်ပါကြောင်းနှင့် အနာဂတ်တွင် ထပ်မံအကူအညီ တောင်းမည်ဖြစ်ကြောင်း၊ မြန်မာပြည်အတွက် ကျမတို့ ကြိုးစားနေမှုတွင် တောင်းဆိုချက်များကို ကမ္ဘာ့လူငယ်များ အနေဖြင့် မျက်လုံးကိုဖွင့်၊ နားကို စွင့်ထားစေလိုပါကြောင်းဖြင့် ကမ္ဘာ့လူငယ်များ၏ ညီလာခံ အဖွင့်မိန့်ခွန်းတွင် ပြောဆိုသွားခဲ့သည်။
ဤမိန့်ခွန်းကို http://www.wfdy.org/17wfys/ ၀ဘ်ဆိုက်တွင် ကြည့်ရှုနားဆင်နိုင်ပါသည်။

         တောင်အာဖရိကနိုင်ငံ၊ ပရီတိုးရီးယားမြို့တွင်၊ ဒီဇင်ဘာ ၁၃ ရက်မှ ၂၁ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည့် ကမ္ဘာ့လူငယ်ညီလာခံတွင် နိုင်ငံ ၁၂၀ မှ ကျောင်းသားလူငယ် ၂ သောင်းကျော် တက်ရောက်ကြမည် ဖြစ်သည်။ မြန်မာနိုင်ငံ ကျောင်းသားကိုယ်စားလှယ် အဖြစ် ABSL မှ ရဲဘော်ကျော်သန်း တက်ရောက်ကြောင်း သိရသည်။

မောက္ခနိုင်ငံတကာ သတင်း
Source: WFDY

No comments: