မကွေးတိုင်းမှာ အသက်မပြည့်သေးတဲ့ ကလေးမတဦးကို စစ်သားက မုဒိမ်းကျင့်

မကွေးတိုင်း မိကျောင်းရဲ အခြေစိုက် ခလရ (၈၃)မှ တပ်သားတဦးကနေ မကွေးတိုင်း တောင်တွင်းကြီးမြို့နယ် စစ်ကိုးပင်ရွာက ဦးဇော်ကြီး ဒေါ်ချိုတို့ရဲ့ အသက် ၁၃ နှစ်အရွယ် သမီးလေး မပြည့်ဇော်ချိုကို ပြီးခဲ့တဲ့ရက်အနည်းငယ်က ဗလက္ကာရပြုကျင့်သွားသည်ဟုသိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၃ ရက်နေ့ မနက်က မပြည့်ဇော်ချိုဟာ မိသားစုပိုင် ဆိတ်တွေကို ရွာပြင်စားကျက်မှာ ဆိတ်ကျောင်းနေချိန် ခလရ (၈၃ )က တပ်သားတဦးရောက်လာပြီး သားမယားအဖြစ်ပြုကျင့်သွားပါတယ်။ သူ့ကိစ္စ၀ိစ္စပြီးချိန်မှာ ကလေးကို ခြိမ်းခြောက်ပြီး ပြန်လွှတ်လိုက်တော့ အိမ်ပြန်ရောက်မှ မိဘတွေကို ပြန်ပြောပြမှ မိဘတွေသိရတယ်လို့ဆိုပါတယ်။

မိဘတွေက သက်ဆိုင်ရာကို တိုင်ကြားတဲ့အခါမှာတော့ အဲဒီတပ်သားကို ထိမ်းသိမ်းထားပြီး ကလေးမလေးရဲ့ ဖခင် ဦးဇော်ကြီးကိုလည်း မကွေးတပ်ရင်းက ခေါ်သွားကာ သတင်းမပေါက်ကြားဖို့ ထိမ်းသိမ်းထားတယ်လို့ သိရပါတယ်။ ခုချိန်ထိ အိမ်ပြန်မရောက်သေးပါဘူး။ မိသားစုကလည်း ဘာဆက်လုပ်လို့လုပ်ရမှန်း မသိသေးဘူးလို့သိရပါတယ်။ ကာယကံမြောက်လုပ်သွားတဲ့ စစ်သားနာမည်ကိုလည်း ဖေါ်ထုတ်နိုင်အောင် ကြိုးစားနေပါတယ်။
စစ်တပ်တွင်းက အဓမ္မလုပ်ရပ်တွေကတော့ တနေ့တခြား ဂျပန်ခေတ်လိုဖြစ်လာနေပါပြီ နီးရာစစ်သား တွေ့ရာဓါးနဲ့ ထချိုင်ဖို့ကလွဲလို့ တခြားနည်းလမ်းနဲ့ မတန်တော့ပါဘူး။ မကြာခင် စစ်အာဏာရှင်ကို အသက်သွင်းဖို့ လုပ်မဲ့ရွေးကောက်ပွဲကို ပြည်သူတရပ်လုံး ဦးနှောက်သုံးပြီး မပျက်ပျက်အောင် ဖျက်ဆီးသွားဖို့ လိုပါတယ်။ ဒီစစ်အာဏာရှင်စနစ်သာ သက်ဆိုးရှည်နေမယ်ဆိုရင် ကျုပ်တို့ ခင်များတို့ နှမတွေ မအေတွေကို အိမ်ပေါ်ထိတက်ဆွဲတော့မယ့် အခြေအနေ ဖြစ်မလာဘူးလို့ ဘယ်သူပြောနိုင်မလဲ

ဒါ့ကြောင့် စစ်အာဏာရှင်စနစ်ကို မြန်မာ့မြေပေါ်မှ အမြစ်ပြတ်ချေမှုန်းသွားကြပါစို့။
 
အညာနွေတမာမြေသတင်း

No comments: