ခွပ်ဒေါင်း

ခွပ်ဒေါင်း
ဖိုးပါ

မနက်ဖန်ရဲ့
လင်းကြက်တွန်သံဟာ
၈၈၈၈ တော်လှန်ရေးကို
နှုတ်ခွန်းဆက်ပြီ
ပုခုံးဖက်ကာ
လမ်းမပေါ်ထွက်လိုက်ကြ...။

အငွေ့အသက်တွေဟာ
လေထုထဲမှာ မြည်တမ်း
ပန်းတိုင်လှမ်းမဲ့ မြေမှုန်များကသက်သေ
ကမ္ဘာသာကြေမယ်
ဥဒါန်းမကြေဘူးဟေ့...။


သပြေပွင့်တာ တို့အတွက်
သက်မဲ့တွေ ဂုဏ်ပြုကြပြီ
ပျံသန်းဆဲ ဂျိုးဖြူ
အံခဲထားဟေ့ ရဲဘော်တို့
အလံမလဲစေနဲ့...။

ဒေါင်းဆိုတာ
ကရုံမကဘူး
တောင်ပံနဲ့ရိုက်
နုတ်သီးနဲ့ထိုး
ခြေသည်းနဲ့ဆိတ်
တရားကိုမမေ့ဘူး
ဆိတ်နဲ့လည်း လူးစေတတ်တယ်...။

ဒေါင်းအလံအောက်မှာ
ခိုလှုံကြ
ဒေါင်းအလံကို
ကာကွယ်ကြ
ဒေါင်းအလံကို
လွှင့်တင်ကြ
ဒေါင်းအသံလို
တွံကြူးကြဟေ့....။

ဖိုးပါ

No comments: