အသည်းကြီးခြင်း

ပုံမှန်အရွယ်အစား  ထက်ပိုကြီးနေရင် အသည်းကြီးတယ် (Enlarged Liver) လို့ ခေါ် ပါတယ်။ အသည်းက ဝမ်းဗိုက်ရဲ့အပေါ် ညာဘက်ပိုင်းမှာရှိတဲ့ အင်္ဂါ အစိတ်အပိုင်းတစ် ခု ဖြစ်ပါတယ်။ အသည်းကြီးတာက ရောဂါမဟုတ်ဘဲ အသည်းရောဂါ၊  နှလုံးရောဂါနဲ့ ကင်ဆာရောဂါစတဲ့ အခြေခံ ကျန်းမာရေးပြဿနာ တစ်ခုခုရဲ့ လက္ခဏာတစ်ခု ဖြစ်ပါ တယ်။ 
 
အသည်းကြီးခြင်း၏ လက္ခဏာရပ်များ
 
အသည်းရောဂါကြောင့် အသည်း ကြီးတဲ့အခါ ဗိုက်အောင့်တာ၊  နုံးချည့် ညောင်းညာ တာ၊ ပျို့ချင် အန်ချင်ဖြစ်တာ၊ ပျို့အန်တာနဲ့ အရေပြားနဲ့ မျက်စိဝါတာစတဲ့ လက္ခဏာ တွေ တွဲဖြစ်တတ်ပါတယ်။ 
 
အသည်းကြီးခြင်းဖြစ်ရသော အကြောင်းရင်းများ
 
အသည်းကြီးစေနိုင်တဲ့ အခြေအနေအများကြီး ရှိပါတယ်။ အသည်းရောင် အသားဝါအေ၊ ဘီနဲ့ စီပိုး အပါအဝင် ဗိုင်းရပ်စ်ပိုးတွေ ကြောင့် အသည်း ရောင်တာ၊ အရက်ကြောင့် အသည်းအဆီဖုံးတာ၊ အရက် မသောက်ဘဲ အသည်းအဆီဖုံးတာ၊ အသည်းမှာ ပုံမမှန် ပရိုတင်းစုပုံ မှုကြောင့်ဖြစ်တဲ့ ရောဂါ၊ အသည်းမှာ ကြေးနီ ဒါမှမဟုတ် သံဓာတ်စုပုံမှုကြောင့် ဖြစ်တဲ့ရောဂါ၊ အသည်းမှာ အရည်အိတ် ဖြစ်တာ၊ ကင်ဆာ မဟုတ်တဲ့ အသည်း အကျိတ်၊ သည်းခြေလမ်းကြောင်း ဒါမှမဟုတ် သည်းခြေအိတ်ပိတ်ဆို့တာ၊ အသည်း ရောင် တာစတဲ့ ရောဂါဝေဒနာတွေကြောင့် အသည်း ကြီးတတ်ပါတယ်။
 
ခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေမှာ ကင်ဆာစတင်ဖြစ်ပေါ်ပြီး အသည်းဆီကို ပျံ့နှံ့ရာက အသည်းကြီးတဲ့ လက္ခဏာပေါ် တတ် ပါတယ်။ နှလုံးရောဂါ၊ အသည်းကိုသွားတဲ့ သွေးပြန်ကြော ပိတ်ဆို့မှုကြောင့်ဖြစ်တဲ့ရောဂါနဲ့ နှလုံးတစ်သျှူး ရောင်ရမ်းမှုတို့ကြောင့် လည်း အသည်းကြီးတတ်ပါတယ်။
 
အသည်းကြီးနိုင်ခြေများသော အချက်များ
 
သင့်မှာ အသည်းရောဂါရှိနေရင် အသည်းကြီး နိုင်ခြေများပါတယ်။ အသည်းပြဿနာဖြစ်နိုင်တဲ့ အချက်တွေကတော့ အချက်တွေက တော့ အယ်လ်ကိုဟော မှီဝဲမှုများခြင်း- အယ်လ်ကိုဟော များများ မှီဝဲမှုကြောင့် အသည်းထိခိုက်စေနိုင်ပါတယ်။ ဆေးဝါး၊ ဗီတာမင် နှင့် ဖြည့်စွက်ဆေး များများမှီဝဲခြင်း- ဗီတာမင်၊ ဖြည့်စွက်ဆေးနဲ့ ဆရာဝန်ညွှန်ကြားတဲ့ ဆေး၊ မိမိဘာသာသောက်နိုင်တဲ့ ဆေးတွေ ကို သတ်မှတ်ထားတဲ့ ပမာဏထက်ပိုသောက်တာကြောင့် အသည်းထိခိုက်နိုင်ခြေများပါတယ်။ 
 
ဆေးဖက်ဝင်ဖြည့်စွက်ဆေးများ - တချို့ သောဆေးဖက်ဝင်အပင်ထွက် ဖြည့်စွက်ဆေးတွေဟာ အသည်း ထိခိုက်နိုင်ခြေ တိုးစေပါ တယ်။ ကူးစက်ပိုးဝင်ခြင်း - ငှက်ဖျားပိုးလို ကူးစက်ပိုးတွေဟာ အသည်းထိခိုက်နိုင်ခြေ များပါတယ်။ အသည်းရောင် အသည်းဝါ ဗိုင်း ရပ်စ်များ - အသည်း ရောင်အသားဝါ အေ၊ ဘီနဲ့ စီပိုးတွေရှိရင် အသည်းကို ထိခိုက်စေနိုင်ပါတယ်။ တတ်နိုင်သမျှကာကွယ်ပါ။ အစာ စားသောက်မှု အလေ့အထ မကောင်းခြင်း - အဆီစာအပါအဝင် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစာစားတာကြောင့် ကိုယ်အလေးချိန် များပြီး ဝတာက အသည်းရောဂါဖြစ်နိုင်ခြေကို မြင့်တက် စေနိုင်ပါတယ်။
 
ကာကွယ်မှု
 
အသည်းကြီးတာအပါအဝင် အသည်းရောဂါ ဖြစ်နိုင်ခြေ လျော့ကျစေဖို့ အောက်ပါကာကွယ် နည်းတွေကို လိုက်နာပေးရပါမယ်။ ကျန်းမာရေးနှင့် ညီညွတ်သော အစာစားပါ - သစ်သီး၊ ဟင်းသီးဟင်းရွက်နဲ့ အခွံချွတ်မထားတဲ့ ကောက်နှံစာပါတဲ့ အစာတွေကို စား ပါ။ အရက်ကို မသောက်ရ မနေနိုင်လျှင် အသင့်အတင့်သာ သောက်ပါ - အရက်ကို လုံးဝမသောက်ဘဲ နေတာ အကောင်းဆုံးပါ။ ဒါ ပေမဲ့ မသောက်ဘဲ မနေနိုင်ရင် အရက်ကို အသင့်အတင့် ထိန်းချုပ်ကာ သောက်သင့်ပါတယ်။ ဆေးများကို ဆရာဝန်ညွှန်ကြားချက် အတိုင်း သောက်ပါ - ဗီတာမင်၊ ဖြည့်စွက်ဆေးနဲ့ ဆရာဝန်ညွှန်ကြားတဲ့ ဆေးတွေကို သတ်မှတ်ထားတဲ့အတိုင်းအတာ အတိုင်း စနစ် တကျ သောက်သုံးပါ။ ဓာတုပစ္စည်းများနှင့် ထိတွေ့ မှုကို ထိန်းချုပ်ပါ - အင်းဆက်ပိုးသတ်ဆေး၊ သန့်စင်ရေးပစ္စည်းနဲ့ တခြား အဆိပ် ရှိတဲ့ ဓာတုပစ္စည်းတွေကို လေဝင်လေထွက် ကောင်းတဲ့ နေရာမှာပဲ သုံးပါ။ လက်အိတ်၊ ဘောင်းဘီရှည်နဲ့ နှာခေါင်းစည်းတို့ကို သုံးပြီး ကာကွယ်ပါ။ ကိုယ်အလေးချိန်ထိန်းပါ - ကိုယ်အလေးချိန်က ကျန်းမာရေးနဲ့ ညီညွတ်နေရင်တောင် အသည်းကျန်းမာအောင် ကိုယ်အလေးချိန်ကို ထိန်းရပါမယ်။ ကိုယ်အလေးချိန်လျှော့ချဖို့ လိုရင် စားသမျှ ကယ်လိုရီ ပမာဏကို လျှော့ချပြီး နေ့စဉ် လေ့ကျင့် ခန်း လုပ်ဆောင်မှုကို တိုးမြှင့်ပေးပါ။ ဆေးလိပ်မသောက်ပါနှင့် - ဆေးလိပ်သောက်တတ်ရင် ဆေးလိပ်ဖြတ်ဖို့ လိုပါတယ်။
 
ABN

No comments: