အများပြည်သူ သယ်ယူပို့ဆောင်ရေးမှာ လစ်လျှူရှုခံနေရဆဲ


ယခုနှစ် ဧပြီလတွင် အစိုးရသစ် သက်တမ်း နှစ်နှစ်ပြည့်ပြီ ဖြစ်သော်လည်း ရန်ကုန်မြို.၏ အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ် မှာမူ လစ်ယူရူ ခံနေရဆဲဖြစ်သည်။ မြို့ပတ်ရထား အချိန်မမှန်ခြင်း၊ ဘတ်ကားများ ကြပ်ပိတ်စွာ လူပိုတင်နေခြင်း၊ ယာဉ်မောင်းနှင် စပါယ်ယာအချို့ ခရီးသည်အပေါ် လူမိုက်ဆန်ဆန် ဆက်ဆံနေခြင်း၊ မှတ်တိုင်တွင် တာဝန်ကျ ၀န်ထမ်းများက ယာဉ်ကြော ရှင်းပေး ရေးထက် ပိုက်ဆံသာ ကောက်ခံနေခြင်းများက အစိုးရသစ်၏ လုပ်ရပ်အပေါ် မေးခွန်းထုတ်စရာ ဖြစ်စေကာ လူဦးရေ ၆ သန်းကျော် နေထိုင်သော ရန်ကုန်မြို့အတွက် နေစဉ်ကြုံတွေ့နေရသော အခက်အခဲ တစ်ခုဖြစ်နေပြီး အစိုးရသစ်အနေဖြင့်အမြန်ဆုံး ဖြေရှင်းရန် လိုအပ်နေသည်။

No comments: