သံဃာတော်များ အကြမ်းဖက်ခြင်း၊ ဖျက်ခြင်းဆိုသည်မှာ ကောလာဟလသာဖြစ်ကြောင်း ဝန်ကြီး ဦးဆန်းဆင့်ပြောကြား

၂၀၁၃ ခုနှစ်၊ မတ်လအတွင်း ဖြစ်ပွားခဲ့သော မိတ္ထီလာ ပဋိပက္ခများနဲ့ လက်ရှိနိုင်ငံတစ်ဝန်း ဖြစ်ပွားလျက်ရှိသော ဆူပူသောင်းကျန်းမှု များတွင် သံဃာတော်များ ဖျက်သည်၊ အကြမ်းဖက်သည် ဆိုသည်မှာ ကောလာဟလသာ ဖြစ်ပြီး၊ အဖြစ်မှန်မဟုတ်ကြောင်း သာသ နာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က သံဃာတော်များအား ၃၁. ၃. ၂၀၁၃ တွက် လျှောက်ထားလိုက်သည်။

"တပည့်တော်တို့က လက်တွေ့ ဖြစ်ရပ်မှန်ကို ကိုယ်တိုင်သွားပြီး လေ့လာကူညီခဲ့ရတာပါ။ မတ် ၂၀ ရက်မှာ မိတ္ထီလာမှာ စဖြစ်တယ်။ ၂၁ ရက်မှာ တပည့်တော်တို့ အဲဒီကို ရောက်နေပြီ။ ဆရာတော်တွေက အဲဒီလို ဖြစ်စဉ်တွေမှာ ရပ်ကွက်တွေကို ဝိုင်းစောင့်ရှောက်ပေး၊ မတူကွဲပြားသူတွေကို ကာကွယ်အကူအညီပေးတယ်။ ဒုက္ခရောက်သူတွေကို ကယ်ပေးတယ်။ လက်ခံတယ်။ မီးတွေ သတ်ခဲ့ရတယ်။ သံဃာတော်အများစုက မီးလောင်တာတွေ မဖြစ်ရအောင် စောင့်ရှောက်ပေးခဲ့တာ အမှန်တရားပါ။ သင်္ကန်းဝတ်တွေ ခုဖြစ်နေတဲ့ ဖြစ်စဉ်တွေထဲမှာပါတယ်။ တကယ့်သင်္ကန်းဝတ် ဟုတ်လား၊ မဟုတ်လားဆိုတာတော့ စစ်ဆေးနေကြတယ်။ တပည့်တော်ကတော့ တကယ့်သံဃာ အစစ်ဆိုတာတော့ မဖြစ်နိုင်ဘူးပဲ ထင်မိတယ်ဘုရား။ မိတ္ထီလာမှာဆို မတူကွဲပြားလူမျိုးခြား ၆၀၀ ကျော်ကို အသက် အန္တရာယ်က ကင်းလွတ်အောင် သာသနာ့အလံတွေ ရှေ့ကကိုင်ပြီး ရန်မူမယ့် လူအုပ်ကြီးရဲ့ ရန်ကို ကာကွယ်ပေးသွားတာဆို အ လွန်ပဲ အားကိုးထိုက်ပြီး လေးစားအားရစရာ ကောင်းလှပါတယ်။ ဒါကြောင့် အခုဖြစ်စဉ်တွေမှာ ကောလာဟလတွေကို မယုံကြည်ဖို့နဲ့ သာသနာတော်ကို ဝိုင်းဝန်ထိန်းသိမ်းပေးကြဖို့ လျှောက်ထားပါတယ်" ဘုရားဟု ဝန်ကြီး ဦးဆန်းဆင့်က အရေးပေါ် အခြေအနေ ထုတ်ပြန်ထားသော အင်းမ ပုတီးကုန်း အစရှိသည့် မြို့ရွာများမှ သံဃာ့မဟာနာယက ဆရာတော်ကြီးများအား ၃၁. ၃. ၂၀၁၃ ရက် တွင် လျှောက်ထားသည်။

ဆက်လက်၍ "အခုဆို မိတ္ထီလာအပြင် ၁၀ မြို့နယ်ကျော်ပြီး အခုလိုတွေ ဖြစ်နေတာ ဒီမှာ ကောလာဟလတွေက အရမ်းပြန့်နေ တယ်။ အဲဒီလို ဖြစ်နေကြတဲ့ အချိန်မှာ သံဃာတွေက ဖျက်တယ်၊ အကြမ်းဖက်တယ်ဆိုတာ အမှန်တရားမဟုတ်ပါဘူးဘုရား၊ သာ သနာရေးကြောင့် တိုင်းပြည်ကို နိုင်ငံတကာ စာမျက်နှာမှာ တစ်စုံတစ်ရာ မဖြစ်စေချင်ဘူး။ သံဃာတော်တွေကို အထိအခိုက် မခံနိုင် ဘူး။ မှဲ့တစ်ပေါက် မစွန်းအောင် ဆောင်ရွက်စေလိုပါတယ်ဘုရား။ ဒါကြောင့် ဒီကနေ့ တပည့်တော်တို့နဲ့ ဆရာတော် သံဃာတော် တွေကလည်း ဝိုင်းဝန်းထိန်းသိမ်း ကြစေချင်ပါတယ်" ဟု ဦးဆန်းဆင့်က လျှောက်ထားခဲ့ကြောင့် ၂၀၁၃ ခုနှစ် ဧပြီလ ၄ ရက်နေ့ ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments: