အိန္ဒိယ သံချပ်ထွက်ပြီ

အိန္ဒိယနိုင်ငံ၊ နယူးဒေလီရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုတွေ စီစဉ်တဲ့ သံချပ်သီချင်းတွေ သင်္ကြန်အမှီ ထွက်လာပါပြီ။ ဒီနှစ် သံချပ်သီချင်းတွေကို “ထွက်ပေါက်မရှာ ဖောက်ထွက်ပါလော့” လို့ အမည်ပေးထားပါတယ်။ 



အိန္ဒိယရောက် မြန်မာတွေရဲ့ ၁၅ ကြိမ်မြောက် သင်္ကြန်သံချပ်သီချင်းတွေဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်အတွင်း ဖြစ်ပျက်ခဲ့သမျှ မြန်မာ နိုင်ငံရဲ့ အခြေအနေ၊ တိုင်းရင်းသား ပြည်သူလူထုတွေရဲ့ ခံစားမှုတွေ၊ လွှတ်တော် ပေါ်ထွက်လာပြီးတဲ့နောက် ဖြစ်ပေါ်လာတဲ့ မြန်မာ့ နိုင်ငံရေးတွေကို သရော်ရေးဖွဲ့ထားတာကို နားဆင်ရမှာပါ။

No comments: