ဥပဒေမဲ့ မင်းမဲ့ စရိုက်ဆန်ဆန်လုပ်ရပ်


သို့
ဗျူဟာမှူး ရှမ်းအရှေ့ ၊ တာချီလိတ်မြို့

တာချီလိတ်မြို့ ၊ ရီဂျီးနားဂေါက်ကွင်းတွင် လုံခြုံရေးတာဝန်ကျနေသော စစ်သားများ၏ဥပဒေမဲ့ ၊ မင်းမဲ့စရိုက်ဆန်ဆန်လုပ်ရပ်များအား တင်ပြခြင်း။

ဖြစ်စဉ်မှာ (၂၅-၅-၂၀၁၂) ည(၈း ၄၅)အချိန်တွင် တာချီလိတ်မြို့၊ ရီဂျီးနားဂေါက်ကွင်း ဆိုင်းဘုဒ်အရှေ့ မီးတိုင်အောက်တွင် အထက်တန်းကျောင်းသူ၊ ကျောင်းသားများဖြစ်သော နန်းဆမ်တစ်၊ နန်းဖောင်း၊ နန်းနွန်း၊ နန်းဝိုးတစ်၊ စိုင်းအောင်၊ စိုင်းနောင့်နောင့်တို့လူငယ်(၆)ဦးသည် မီးတိုင်အောက်တွင် ၀ိုင်းဖွဲ့စကားပြောနေပါ သည်။

ထိုအချိန်တွင် ရီဂျီးနားဂေါက်ကွင်းဂိတ်ပေါက်လုံခြုံရေး ကင်းတဲရှေ့တွင်ဝိုင်းဖွဲ့အရက်သောက်နေသော လူ (၅) ဦးမှ အရပ်အ၀တ်အစားနှင့်လူတစ်ဦးသည် လာရောက်၍ ဤနေရာတွင် (၁၀း၀၀)ကျော်အထိ မနေရန် လာရောက်ပြောဆိုရာ လူငယ်များမှလည်း အချိန်စောနေ၍ အခုပင်ပြန်တော့မည်ဟု ယဉ်ကျေးစွာပြော ဆိုသ်ာလည်း ထိုလူသည် အရက်လည်း အလွန်မူးနေ၍ ရိုင်းစိုင်းစွာ ပြန်လည်၍ ပြောဆိုရာ ကျောင်းသားလူငယ် စိုင်းအောင်မှ ထိုလူအား ယဉ်ကျေးစွာ ပြောဆိုရန်နှင့် အရပ်ဝတ်နှင့်ဖြစ်သည့်အတွက် ဘယ်ဌာနကလည်း ဟု မေးမိရာမှ ထိုလူမှာ မင်းဘာကောင်လဲ ဟုပြောဆို၍ လက်သီးနှင့်စတင်ထိုးပါသည်။


ယင်းကဲ့သို့ ရုန်းရင်း ဆန်ခတ်ဖြစ်နေသောအချိန်တွင် ကျန်ရှိသော လူများရောက်လာပြီး ကျောင်းသား လူငယ်နှစ်ဦးအား ၀ိုင်း၍ လူမဆန်စွာ ထိုးကျိတ်ကန်ကျောက်ရာ လူငယ်နှစ်ယောက်မှကိုယ်လွတ်ရုန်း၍ ထွက်ပြေးခဲ့ကြပါသည်။ ၄င်းအချိန်တွင် ကျန်ရှိနေသော မိန်းကလေး (၄ )ယောက်အား ဆိုင်ကယ်သော့များ သိမ်းဆည်း၍ ကြိမ်းမောင်းပြော ဆိုပြီး နန်းစံတစ်အား ပါးရိုက်၍ ကိုယ်ထိလက်ရောက်စော်ကား ပါတော့သည်။ နန်းစံတစ်မှ ငိုယိုတောင်းပန်၍ ဆိုင်ကယ်သော့များပြန်ပေး၍ ပြန်လွှတ်လိုက်ပါသည်။

ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ မိဘများမှမကျေနပ်သောကြောင့် (၂၆-၅-၂၀၁၂) ည (၈း၀၀) အချိန်တွင် အခင်းဖြစ်သော ရီဂျီးနားဂေါက်ကွင်း လုံခြုံရေးကင်းတဲသို့ သွားရောက်စုံစမ်းရာ ကိုယ်ထိ လက်ရောက် ကျူးလွန်သောလူများသည် လုံခြုံရေးဝန်ထမ်းအရပ်သားများ မဟုတ်ဘဲ (၅၂၆) တပ်မှ ရဲဘော်များ jဖစ်ကြောင်း ၄င်းတို့ ကိုယ်တိုင်ပြော၍သိရှိရပါသည်။

ထိုလူများထဲမှ လူတစ်ဦးသည် ယူနီဖောင်းဝတ်ပြ၍ ၄င်းသည် ဤနေရာတွင် တာဝန်ကျနေသော ရဲဘော် (နာမည်မမှတ်မိ) ဖြစ်ကြောင်း ၄င်းရဲဘော်မှ မကျေနပ်လျှင် ၄င်းတို့၏ အထက်အရာရှိ (၅၂၆) တပ်မှ ဗိုလ်ကြီး ဟိန်းမင်းထက်နှင့်ပြောဟု မချေမငံပြန်ပြော၍ ၄င်းတို့ဗိုလ်ကြီးနှင့် ဖုန်းစကားပြောရာ ဗိုလ်ကြီးဟိန်းမင်းထက်မှ ဖုန်းထဲတွင် ခင်ဗျားဘယ်ဌာနကလဲဟု မေးလာရာ ဘယ်ဌာနကမှ မဟုတ် အရပ်သားဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အပြစ်မရှိဘဲ ကျောင်းသားလူငယ်များအား ထိုးကြိတ်ကန်ကျောက်ခြင်း၊ မိန်းကလေး တစ်ဦးအား ပါးရိုက်၍ ကိုယ်ထိလက်ရောက် စော်ကားမှုများအား တာဝန် ယူဖြေရှင်းပေးရန် ပြောကြားသော်လည်း ၄င်း၏လက်အောက်မှ ရဲဘော်များ၏ မင်းမဲ့စရိုက်ဆန်ဆန် ဥပဒေမဲ့လုပ်ရပ်များအား တာဝန်မယူသည့်အပြင် ၄င်းကပါတာဝန်မဲ့စွာပြောဆိုလာပါသည်။

၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ ကျောင်းသူလေးများ၏ ထပ်မံ ပြောကြားချက်အရ သိရှိရသည်မှာ ထိုကျောင်းသား လူငယ်နှစ်ယောက်အား ထိုးကြိတ်ကန်ကျောက်နေစဉ် ရဲဘော်တစ်ယောက်သည် ဓားထုတ်၍ ထိုးသည်ကို မိန်းကလေးများမှ တွေ့ရှိ၍ အော်ဟစ်ဟန့်တား ၀င်ဆွဲရာမှ ၄င်းရဲဘော်သည် မူးနေသောကြောင့် သူ့ဓားနှင့် သူ့လက်ကို ပြန်လည်၍ထိုးမိသွားပါသည်။

အထက်ပါဖြစ်ရပ်များသည် ယခုလက်ရှိ ရီဂျီးနားဂေါက်ကွင်းတွင် တာဝန်ကျနေသော တပ်မတော်သား လက်နက်ကိုင် အဖွဲ့အစည်း၏ မင်းမဲ့စရိုက်ဆန်စွာ ကျောင်းသားလူငယ်နှင့် မိန်းကလေးများအား ကိုယ်ထိလက်ရောက် စော်ကားခြင်းကို သက်ဆိုင်ရာ တပ်ရင်းမှူး ဗျူဟာမှူးတို့မှ အရေးယူဆောင်ရွက်ပေးပါရန် တင်ပြ အပ်ပါသည်။

ကျောင်းသားမိဘ
စိုင်းဟုန်ဖ
၁၃/တခလ(နိုင်)၀၂၇၁၆၇


ဧရာဝတီဘလော့ဂ်မှ ကူးယူဖော်ပြသည်။

No comments: