မိန်းမသားတွေရဲ့ ရှေ့မှာ မားမားမတ်မတ် ရပ်တည်မယ့် ဂျိုလီ

04 JUN 2012  | BY ENVOY
ရက်စက် ကြမ်းကြုတ် မှုတွေ ကြီးစိုး မင်းမူလာတဲ့ ကမ္ဘာကြီးဟာ မိန်းမသား တွေ အတွက် ခြေချစရာတောင် နေရာ မရှိ လောက်အောင် ကြောက်ရွံ့ တုန်လှုပ်စရာ ကောင်းလာပါပြီ။ အထူးသဖြင့် ကမ္ဘာ့ဒေသ အသီးသီးမှာ မိန်းမသား အများစုဟာ ခိုကိုးရာမဲ့ဘဝနဲ့လိင်ပိုင်းဆိုင်ရာ အသုံးချခံ ပစ္စည်း အဖြစ် ရောင်းစားခြင်း ခံနေရသလို နေရာအနှံအပြား မှာလည်း အဓမ္မ ပြုကျင့်မှုတွေ အကြောင်းကလည်း သတင်းစာမျက်နှာတွေ ထက်မှာ အစီအရီပါ။

ဒီလိုယုတ်မာ ရိုင်းစိုင်းမှုတွေကို တားဆီးနှိပ်ကွပ်ဖို့ ရှေ့ဆုံးက ဦးဆောင်လှုပ်ရှား ခဲ့သူ တစ်ဦးကတော့ ဟောလိဝုဒ် အကျော်အမော် အလှပဂေးတစ်ဦးဖြစ်တဲ့ အိန်ဂျလီနာ ဂျိုလီပဲ ဖြစ်ပါတယ်။ ဂျိုလီဟာလွန်ခဲ့တဲ့တစ်ပတ်က ဗြိတိန် နိုင်ငံခြားရေး အတွင်း ဝန်ရုံးကို ရောက်ရှိလာခဲ့ပြီး ကမ္ဘာအနှံ့အပြားက ဖြစ်ပွား နေတဲ့ စစ်ပွဲ ဒေသတွေမှာ အမျိုးသမီးတွေဟာ မြေဇာပင်အဖြစ်နဲ့ လိင်ပိုင်း ဆိုင်ရာ စော်ကားခြင်းခံနေရတာကို တားဆီးဖို့ တစ်တပ်တအား ပါဝင် လှုပ်ရှား သွားခဲ့ပါတယ်။


ဂျိုလီဟာနိုင်ငံ ခြားရေးအတွင်းဝန်ဝီလီယံ၊ ကာကွယ်ရေးအတွင်း ဝန်ဖီးလစ်ဟမ်မွန်တို့နဲ့အတူ တွေ့ဆုံပြီး ကမ္ဘာတစ်လွှားက အမျိုး သမီးတွေ ဝိုင်းဝန်း ကာကွယ်ဖို့ ပါဝင် လှုပ်ရှားခဲ့တာပဲဖြစ်ပါတယ်။

မကြာသေးခင်က သူမကိုယ်တိုင် ဒါရိုက်တာ လုပ်ပြီး ရိုက်ကူးခဲ့တဲ့ The Land of Blood and Honey ဇာတ်ကားမှာလည်း ဘော့စနီးယားစစ်မြေပြင်ကို နောက်ခံထားပြီး အမျိုးသမီးတွေ အပေါ် အနိုင်ကျင့်စော်ကားမှုဟာ အလွန်အောက်တန်းကျတဲ့ စက်ဆုပ်စရာလုပ်ရပ်သာဖြစ်တယ်ဆိုတဲ့ အကြောင်း ပရိသတ် တွေကို သိမြင်စေခဲ့ပါတယ်။

Thit Htoo Lwin မှ ကူးယူဖော်ပြသည်။

No comments: