မြန်မာပြည် အမြန်ငြိမ်းချမ်းပါစေ

အိမ်ကြက်ချင်း ခွပ်နေရတဲ့ ကချင်တိုင်းရင်းသား ဒေသက စစ်ပွဲတွေ အမြဲရပ်စဲပါတော့...။ ဒီစစ်ပွဲတွေကို အမြန်ရပ်ဆဲနိုင်အောင် စွမ်းဆောင် လုပ်ဆောင်နိုင်တဲ့ မြန်မာအစိုးရရဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေ တိုင်းရင်းသားတွေ ယုံကြည်အောင် စေတနာအမှန်နဲ့ လုပ်ဆောင်ပေးဖို့ တိုက်တွန်းပါတယ်..။ အစိုးရနဲ့ KIA နှစ်ဘက်စလုံးမှ ခေါင်းဆောင်များလည်း ငြိမ်းချမ်းရေး အမြန်ရရှိအောင် လုပ်ဆောင်ပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်..။


ဖြစ်ပေါ်လာတဲ့ စစ်ပွဲတိုင်းမှာ လူကြီးတွေရဲ့ ဆုံးဖြတ်ချက်ကြောင့် လူငယ်တွေ အသက်စတေးခံပြီး တိုက်ခိုက်နေရသလို စစ်ပွဲတွေတိုင်းမှာ အဓိက မြေဇာပင်ဖြစ်ရတာက ပြည်သူတွေပါ..။ နှစ်ဘက်စလုံး တရက် အမြန်ရပ်ဆဲနိုင်လေ ပြည်သူတွေ တရက် သက်သာရာရလေပါ..။ မြန်မာပြည် အမြန်ငြိမ်းချမ်းပါစေ..

ဒီမိုဝေယံ

No comments: