နီ… ဝါ… စိမ်း… တူတံစဉ် နှင့် ဒီဇင်ဘာစိတ်ဓါတ် (အစ-အဆုံး)
ရဲဘော်မောင်မောင်တိတ်ရဲ့ ဆောင်းပါးကို ဖတ်ပြီးခဲ့တာ ကြာပါပြီ။ ထပ်ခါထပ်ခါလည်း ဖတ်ခဲ့တယ်။ အခု ကျနော်တို့ ရဲဘော်များ ထာဝစဉ် နီဘို့၊ ထာဝစဉ် နီနိုင်ကြဘို့၊ ထာဝစဉ် နီကြဘို့ နေ့သစ်မှ ကူးယူပြီး တင်ပြပေးလိုက်ပါတယ်။
အပိုင်း (၁)
ထောင်ကျသွားပြီဆိုတော့ … စိတ်ထဲမှာပျော်သလိုလို။ … ဒီလိုခံစားချက်များကို နိုင်ငံ ရေးနှင့် ထောင်ထဲရောက်ဘူးသူတိုင်း၊ ထောင်ကျဘူးသူတိုင်း ခံစားရလိမ့်မည်ဟု မိမိ တွေးကြည့်မိသည်။
ထောင်မကျမီ စစ်ဆေးရေးကာလများမှာ… တိုက်ပိတ်၊ စစ်ချက်ယူ၊ နေရာအပြောင်းအ ရွှေ့ သူတို့ကထောင်ချဖို့ ပုဒ်မ၊ ပုဒ်ထီး  တွေရှာဖွေ။ လုပ်ကြံချက်တွေနဲ့ အလုပ်များနေတဲ့ နေ့တွေဟာ… မိမိတို့ အတွက်တော့မသက်သာလှပါချေ။
ခါးစောင်းသွားသူ၊ ဘတ်သီးတလုံးကြွမ်းသွားသူ၊ သွားကြိုးသူ၊ နံနိမ့်သွားသူ၊ ဆီးကြော ပိတ်သွားသူ၊ ပါးနှစ်ဖက်တွင် အာလူးသီးတွေထွက်သွားသူ၊ အစာငတ်ခံရသူ၊ ချီးစော်နံ သေးစော်နံ၊ ကြောင်တောင်တောင်၊ ငေါင်တောင်တောင် …စတဲ့ ကိုယ်စိတ်ဒါဏ်ရာတွေ က လွတ်လာပြီး ရှင်းရှင်းလင်းလင်းအဆောင်ပေါ်သို့ ရောက်လာခဲ့ကြောင့်ဖြစ်ပါသည်။ မရှင်းကြသေးသောသူများကား မရောက်လာသေး…။
ထောင်ကျဖို့ရက်၊ ရုံးထွက် ၊ စီရင်ချက်ချ၊ ပြစ်မှုအလိုက် ဖတ်ပြပြီးတော့ ပုဒ်မအလိုက် လူ စုံသွားတော့သည်။ အဲ့ဒီတော့မှသိရတော့သည်။ အော်ငါတို့ အမှုတွဲမှာ ပါလာတဲ့သူတွေ က သည်လူတွေကိုး…ဟု။……ဇာတ်ရည်လည်သွားကြသည်။
အင်း… မသေကြသေးဘူး ။ နောက်ပွဲဆက်တွေ…ကျန်သေး တာကိုး ဟုလည်းသက် ပြင်းချမိသေးသည်။ သင်ခန်းစာတွေရပြီး ပြင်ဆင်ရပေဦးတော့မည်။ အရှင်လတ်လတ် သည် ငရဲရက်တွေ ခံစားပေးပြီးရင် ရှေ့ဆက်လုပ်နိုင်ကြဖို့လည်း ပြင်ဆင်အားမွေးရင်း တိုက်ပွဲ ဝင် ရပေဦးမည်ဟုလည်း တွေးတောနေကြခြင်းလည်းဖြစ်ပါသည်။
ထောင်ထဲမှာနေခဲ့ရ၊ ထောင်တွင်းတိုက်ပွဲဝင်ခဲ့သည့် အတွေ့အကြုံအဆင့်ဆင့်အရ သံ ယောဇဉ်ကြီးလွန်းအားကြီးသည်။ အတော်ခင်ကြသည်။ ထောင်ကထွက်လာပြီးနောက် အပြင်မှ ဆုံကြလာလည်ကြတော့ အသစ်တွေဖြစ်ရသည်။
အားပါးတရပြောကြဆိုကြနှင့် တတ်နိုင်တဲ့သူကကြွေးကြမွေးကြနှင့်။ နင်တို့ ထောင်ထွက် တွေဟာ ငါတို့မောင်နှမတွေထက်တောင် ခင်နေကြသလိုပါပဲလား။
ယုံကြည်ချက်တူ၊ ထောင်ထဲတိုက်ပွဲဝင်အတွေ့အကြုံ၊ ဖြတ်သန်းမှုများအရ။ ရဲဘော်စိတ် အပြည့်။ မတူလျှင်ကြရင်တော့ တမျိုးဖြစ်သွားကြသည်။ လမ်းမှာတွေ့တာတောင် နှုတ်မ ဆက်မိကြ။ ဒါကလည်းသဘာဝ ဖြစ်ပေမည်။ လက်တွေ့ဘဝထဲက ခံစားရတဲ့ စိတ်ဝေဒ နာ ဝတ္တရားတခု ပင်ဖြစ်ပေလိမ့်မည်။
ထောင်ကျသွားပြီဆိုတော့ သူတို့က တတ်နိုင်သလောက်စုထားကြသည်။ အထူးဆောင်အဆောင် ၃ အပေါ်ထပ်။ အခန်း ၃။ မိမိတို့ကို ထိုစဉ်က မဆလ သတင်း စာများကရေးကြသည်။ ကျောင်းသားဆိုးများ၊ ရဟန်းဆိုးများ ဟု ဦးသန့့် ဈာပနကို အ ကြောင်းပြုပြီး နိုင်ငံတော်ကိုဆူပူလှုပ်ရှားသူများဟုလည်း ရေးသားကြသေးသည်။
၁၉၇၄ ဒီဇင်ဘာ ၁ဝ ရက်ညတွင် ရန်ကုန်ပင်မ တကသ ဝင်းတွင်းတွင် ကမ္ဘာ့ငြိမ်းချမ်းရေး ဖခင်ကြီးဟု မိမိတို့ကြည်ညိုလေးစားသည့် ဦးသန့် အုပ်ဂူကြီးကိုမြှုတ်နှံပြီးစီးခဲ့သည်မှာ ၂ ရက်ရှိသွားပြီဖြစ်သည်။
အဲ့ဒီ ညမှာပင် အဓိပတိလမ်းမထိတ်တံခါးဝကြီးကို အတင်းဝင်ဖျက်ဆီး ဦးသန်အုတ်ဂူ၏ ကြီးကိုလည်း ဖျက်ဆီးကာ လုယူသွားပြီးနောက် တက္ကသိုလ်ဝင်းတွင်းရှိ၊ လာရောက် ဂါရ ဝပြုကြသော ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူများသာမက၊ အရပ်ဝတ် စစ်သားများ၊ ပုလိပ်များ၊ အရာရှိများပါမကျန်စုစု ပေါင်း ၅ဝဝဝ ကျော်ကို ဖမ်းဆီးကာ အချုပ်ကားများ၊ တီးအီး အလဲဗင်း အမိုးပွင့် လော်လီကားများပေါ်တင်ပြီး၊ စစ်သုံးပန်းကဲ့သို့ ခေါင်းငုံ့ခိုင်း ကာ ကားပေါ်မှာပင် ရိုက်နှက်နှိပ်စက်သွားသည်ကို မြင်ရသော၊ ဒီဇင်ဘာ ၁၁ ရက် နံနက် ခင်းမြင်ကွင်းကိုမြင်ရသော ရန်ကုန်လူထုကြီးမှာ မခံမရပ်နိုင်ဘဲ ဒေါသထွက်ကာ၊ ကမာ ရွတ်မှစပြီး လူစုချီတက်သွားကြပြီး မြို့လည်ခေါင်တွင် လူအုပ်စုများလာကာ မီးပွိုင့်များကို ဖျက်ဆီး၊ ရုပ်ရှင်ရုံတရုံလည်း မီးရှို့လိုက်ပါတော့သည်။
သူတို့ ၅ဝဝဝ ကျော်ကိုလည်း တပ်ရင်းများဖြင့် လမ်းပိတ်ရိုက်နှက်ဖမ်းဆီးကာ ရန်ကုန် ထောင်ကြီးချုပ်၊ အင်းစိန်ထောင်၊ ရေကြည်အိုင်နှင့် အခြားထောက်လှမ်းရေး ထိန်းသိမ်း ရေးစခန်းများတွင် စစ်ဆေးကာ၊ စစ်ခုံရုံးများဖြစ် ထောင်ချပြီးနောက် ခံဝန်ချက်များဖြင့် အသုတ်လိုက် လွှတ်ပေးခဲ့သည်။ အဲ့ဒီတုန်းက ထောင်ကြမ်းခင်းဈေးက ၃ နှစ်ပဲ ရှိသေး သည်၊၊သူ့ အထက် မလွှတ်တော့ပါ။ စုစုပေါင်းလူ ၁ဝဝဝဝ ကျော်တွင် ၅၂ ယောက်ကျန်ခဲ့ သည်။ ပြဿနာရှာသူများဟုပင်။ အများဖြင့် လက်ရှိ ကျောင်းတက်နေကျသူများဖြစ်ပြီး အထက်တန်းရှေ့နေကြီးများ၊ ဆရာဝန်၊ အင်္ဂျင်နီယာ၊ ဆေးကျောင်းသားများ၊ ပညာရေး တက္ကသိုလ်၊ ဂျီတီအိုင်၊ အာအိုင်တီ၊ စီးပွားရေး၊ ပင်မတက္ကသိုလ်၊ အထက်တန်းကျောင်း သူများ၊ ရဟန်းတော်များပင်ပါသည်။
၁၉၇၅ ဧပြီလ ၇ ရက်နေ့တွင် နောက်ဆုံးပိတ်လက်ကျန်များကို အသင့်ရိုက်နှက်ထားပြီး သားစာရွက်များဖြင့် အင်းစိန်ထောင်ရှေ့တွင်စစ်ခုံးရုံး ၁၊၂၊၃ တို့ဖြင့် ထောင်ချခံခဲ့ရပါ တော့သည်။
မိမိကတော့ ၇ နှစ်ပေါက်ဈေး ဖြစ်သွားတော့သည်။ ဗိုလ်မှူးကြီး တင်ကိုကို၊ လေတပ်က တဦး၊ ရေတပ်ကတဦးတို့က စီရင်ချက်ချခြင်းဖြစ်ပါသည်။ ဦးခန့််၊ ဦးစံသာအောင်တို့အား သက်သေအဖြစ်ထားကာ၊ စက်မှုတက္ကသိုလ်ကျောင်းသားဖြစ်ကြသည့် ကိုသိန်းလှမောင်၊ ကိုဌေးအောင်၊ ကိုခင်မောင်လတ် တို့အားလည်း သက်သေအဖြစ်ထွက်ခိုင်းခဲ့ကြောင်း သိ ခဲ့ရပါသည်။ စာရွက်ပါအတိုင်း စွဲချက်ပေါင်း ၈၅ ခု၊ ရာဇသတ်ပုဒ်မကြီး ၆ ခုကျော်၊ နိုင်ငံ တော် အကြည်ညိုပျက်စေမှုများဖြင့် ချခြင်းဖြစ်သည်။ ဖတ်ပြပြီး နောက်ဆုံးဘာပြောချင် သေးလဲဟုဆိုတော့ မိမိက စိတ်ချဉ်ချဉ်နှင့် အမှားနှင့်အမှန်ကိုတော့ ဘာမှမပြောလိုပါ နောင် သမိုင်းနဲ့ပြည်သူက အဖြေပေးပါလိမ့်မယ်ဟု ပြောလိုက်ရာ ရှေ့နေကြီးကျော်လင်း က သွားပေါ်အောင်ပြုံးပြတာမြင်သွားပြီး အဆောင်အပြန်တွင် မပါလာတော့ပေ။ကျောင်း သားတွေကိုမြှောက်ပေးတယ်ထင်ပြီး ၆ တိုက်ခေါ် အမှောင်တိုက်ထဲ ရောက်သွားသည် ဟု သိလိုက်ရသည်။
ဆက်လက်တင်ဆက်ပါအုံးမယ်…
မောင်မောင်တိတ်
မကဒတ
အပိုင်း (၂)
ထောင်အတူ ကျခံခဲ့ကြသော ရဲဘော်များကိုတော့ မမှတ်မိတော့ပါ။ U S A ရောက် ကိုစိုး ညွန့် (PG 74 ) မှတ်တမ်းပေးပို့လိုက်တော့ ဝမ်းသာမိပြီးဖေါ်ပြလိုက်ပါသည်။ မန္တလေး ဆောင်နှင့် ဗဟိုကွန်ဗိုကေးရှင်းဆောင်မှ ခေါင်းဆောင်များ၊ အခြားသီးသန့်လှုပ်ရှား ရဲဘော်များမှာ…
(၁)  ကိုကြည်ဝင်း (ဒု-သင်္ချာ ဝ-သ ဗဟို ဥက္ကဋ္ဌ )
(၂) ကိုစိုးတင့် (ပ-လုပ်သားကောလိပ် ပထမဆုံး ဗဟို ဥက္ကဋ္ဌ)
(၃) ကိုစိုးညွန့် -ပြောင်ကြီး (စ-ဘောဂဗေဒ -အတွင်းရေးမှုး စီးပွားရေးတက္ကသိုလ်-ဗဟို ဒု-ဥက္ကဋ္ဌ )
(၄) ကိုသက်လှိုင်  (နောက်ဆုံးနှစ်-မြို့ ပြ-စက်မှုတက္ကသိုလ်…ဗဟို-အတွင်းရေးမှုး )
(၅) ကိုတင်မောင်ဦး (ဆလိုင်းတင်မောင်ဦး  တ-သတ္တဗေဒ  လွတ်မြောက်နေ- တရားပြေးကြေညာခံရ )
(၆) ဦး သီလစာရ  (သရက်တောကျောင်းတိုက်…ဒေါ်လာ ဒေါ်ညာ ဟု နာမည်ကြီး ဆရာတော် )
(ရ) ဦးလာဘ       ( အတွင်းရေးမှူး ဘဏ္ဍာ)
(၈) ဦး……………(…………………………)
(၉) ဦး……………(…………………………)
(၁ဝ) ဦး……………(…………………………)
(၁၁) မသင်္ဂီမြင့်  (ကျူတာ စီးပွားရေး တက္ကသိုလ် …ပြန်လွှတ် )
(၁၂) မဌေးဌေးဝင်း (မိနော်) မဆလ ဆန့်ကျင်ရေးတရားဟောရာတွင် နာမည်ကြီးသည့် အသက် (၁၆) နှစ် မပြည့်သေးသည့်၊ အလယ်တန်းကျောင်းသူ၊ ထောင်ထဲတွင် တဦး တည်းကျန်ခဲ့သူ။)
(၁၃) ကိုကြည်လွင် (တ-သင်္ချာ   ဘဏ္ဍာရေးမှူးဗဟို )
(၁၄) ကိုမောင်မောင်တိတ် (စ-စိတ်ပညာ စီ အီး စီ မန္တလေးဆောင်)
(၁၅) ကိုစောလှငွေ (စ-စိတ်ပညာ စီ အီး စီ မန္တလေးဆောင်)
(၁၆) ကိုသောင်းအေး (တ-စိတ်ပညာ စီ အီး စီ မန္တလေးဆောင် )
(၁၇)  ကိုမြင့်ဟန် (စ-စိတ်ပညာ စီ အီး စီ မန္တလေးဆောင်)
(၁၈)  ကိုတင်စိုး (တ-စိတ်ပညာ စီ အီး စီ မန္တလေးဆောင်)
(၁၉)  ကိုတင်စိုး (ခွေးသိုး) (စ-ဓါတု ဗဟို ထောက်ပံ့ရေးတာဝန်ခံ )
(၂ဝ) ကိုဌေးအောင် (သရဲလေး) (စ-မြန်မာစာ ဗဟို ပြန်ကြားရေး  )
(၂၁) ကိုစိုင်းသိုက်နန်း (စ-ဘူမိဗေဒ ဗဟို လုံခြုံရေး)
(၂၂) ကိုထွန်းထွန်း (ဗကြည် ) (စ-ရူပဗေဒ ဗဟို လုံခြုံရေး )
(၂၃) ကိုဇော်ငြိမ်းလတ် (စ-သတ္တဗေဒ ဗဟို သတင်းပြန်ကြား)
(၂  ) ကိုအေးသိန်းအောင် (ရာကျော်) (စ-သင်္ချာ  ဗဟိုလုံခြုံရေး )
(၂၅) ကိုမာန်းလ်ဗါလ်ထွန်း (ချင်း)  စ-ရူပဗေဒ ဗဟို စည်းရုံး )
(၂၆) ကိုတင့်ဆွေ (ဒေါလ်ဖင်) (စ-သမိုင်း    ဗဟို လုံခြုံရေး )
(၂၇) ကိုတင့်ဆွေ ( စ- သတ္တဗဟို  )
(၂၈)ကိုသိန်းထွန်း (ဒု-ပညာရေး ဗဟို )
(၂၉) ကိုသိန်းဝင်း (စ-စက်မှုတက္ကသိုလ်   ဗဟို)
(၃ဝ) ကိုသန်းလွင် (ဘုန်းကြီး သန်းလွင်) (စ-ဂျီ ဒီ အိုင် စီ အီး စီ မန္တလေးဆောင် )
(၃၁) (ဦး) တွံတေးသိန်းဝင်း (အထက်တန်းရှေ့နေကြီး)
(၃၂) ဦးကျော်လင်း (အထက်တန်းရှေ့ကြီး  အင်းစိန်)
(၃၃) ဦးရဲထွန်း (အထက်တန်းရှေ့နေကြီး ဒေါက်တာာဘမော် သားမက် )
(၃) ကိုထွန်းကျော်ငြိမ်း (ဒေါက်တာ) တ.က.သ ဝင်းရှိ ဦးသန့် ဈာပနအားလာရောက် ဂါရဝ ပြုသူများကို စေတနာ့ဝန်ထမ်း၊ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်ပေးနေပြီး တ.က.သဝင်းအတွင်းဦးသန့်  ဈာပနမြှုတ်နှံရန် မိမိတို့ နှင့်သဘောထားတူသူ။
(၃၅) ကိုဘိုဘိုကျော်ငြိမ်း(အင်္ဂျင်နီယာ)  အကိုနှင့်အတူကူညီပေးနေသူ။
(၃၆) ကိုအင်ဒရူး (ဝ-သ ပန်းချီအသင်း… ပြန်ကြားရေးအဖွဲ့ ဝင်များ)ါ
(၃၇) ကိုရဲမြင့်    (မန္တလေး-ဝ-သ  ပန်းချီအသင်း ပြန်ကြားရေးအဖွဲ့ ဝင်များ)
(၃၈)  ကိုတင်မောင်ဦး (ဗလ) ဝ-သ ပန်းချီအသင်း ပြန်ကြားရေးအဖွဲ့ဝင်များ)
(၃၉) ကိုမျိုးမြင့် (ပဲခူး)  ဝ-သ ပန်းချီအသင်း-ပြန်ကြားရေးအဖွဲ့ ဝင်များ)
(၄ဝ) ကိုသောင်းတင် (ငတောက်) ( ရူပဗေဒ- ဗဟို လုံခြုံရေး)
(၄၁) ကိုကျော်စိုး  (သင်္ချာ-ကိုကိုးကျွန်းပြန် ကို ဗဖူးညွန့် ညီ )
(၄၂) ကိုရဲမြင့်သန်း (ကိုရဲထွတ်) ( မဟာသိပ္ပံ )
(၄၃) ဦးစိန်ဟန် ( ဦးသန့် ဂူ ကြီးကြပ်ဆောက်ပေးသည့် ပန်းရံဆရာကြီး )
(၄၄) ကိုသောင်းဟန် ( ဝ-သ အနုပညာ အတွင်းရေးမှုး)
(၄၅)  ကိုဝင်းနောင် (ပဲခူးရိုးမပြန်)
(၄၆)  ကိုငြိမ်းဝေသစ် (ကဗျာဆရာ-အညာသား)
(…)………………………………..
စုစုပေါင်း ၅၂ ဦးဖြစ်ပါသည်။ ကိုဆလိုင်းတင်မောင်ဦး၊ကိုထွန်းအောင်ကျော် (မ က ဒ တ ဥက္ကဌ ဟောင်း)တို့ ၂ ဦးမှာ နယ်စပ်သို့ ထွက်လာခဲ့ကြသောကြောင့် လွတ်မြောက်ခဲ့ပါ သော်လည်း တရားခံပြေးများအဖြစ် ကြေငြာခံခဲ့ရသည်။ အခြားမမိသေးကျောင်းသား တို့ကိုလည်း တရားခံပြေးများအဖြစ်ကြေငြာခြင်းခံခဲ့ရပါသည်။
ထောင်ထဲမှာကျန်နေသော၊ ထောင်ချခြင်းခံခဲ့ရသော မိမိတို့မှာ…. ဘဝရဲ့တစိတ်တပိုင်း
လုပ်ဆောင်ခဲ့ရသည်ကို ကျေနပ်ခဲ့ကြပါသည်။ ပိုင်ပိုင်နိုင်နိုင်ထိထိမိမိ.. လုပ်နိုင်ခဲ့ကြသည် ဟုလည်း ထင်မှတ်နေကြပါသည်။ ပုဂ္ဂိုလ်ရေးအရကော၊ နိုင်ငံရေးအရရော၊ ဘာသာရေး အရပါ ကြည်ညိုချစ်ခင်လေးစားကာ၊ မိမိတို့နှလုံးသားများ၊ ရင်ထဲကသတ်မှတ်ထားသည့်  ကမ္ဘာ့ ငြိမ်းရေးဖခင်ကြီး ဦးသန့် ဈာပနကို နိုင်ငံတော်ဈာပနအဖြစ် ဆောင်ရွက်ခဲ့နိုင်ရုံမ က သမိုင်းအစဉ်အလာကြီးမားသည် တကသ လွင်ပြင်ထဲတွင်လည်း အာဇာနည်ကုန်းရှိ (မြောက်ကိုးရီးယားမှ ဗုံးမခွဲမီက) ဗိုလ်ချုပ်အောင်ဆန်း၏ အုပ်ဂူအတိုင်း၊ ဒီဇိုင်းအတိ အ ကျနှင့် ကိုလတ်ကြီး (RIT) တို့နှင့် တိုင်ပင်ကာ ပြုလုပ်နိုင်ခဲ့ကြသည်။
ဤ တကသ လွင်ပြင်မှာပင် ဦးသန့် ပုံတူပန်းချီကားကြီး နောက်ခံထားပြီး ရင်ဖွင့်သံစင် မြင့်ကြီးကို ညီငယ်ကျောင်းသားများနှင့်အတူ ဆောက်နိုင်ခဲ့ကြသည်။ မဆလ ဆန်ကျင် ရေး တရားများလည်း လွတ်လပ်စွာဟောပြောနိုင်သာမက ကျောင်းသား၊ သံဃာ၊ အလုပ် သမားကိုစည်းရုံးလှုံဆော်နိုင်ခဲ့ကြသည့်… ပီတိကြည်နူးမှုများရခဲ့သောကြောင့်ဖြစ်သည်။
အသက်မသေသေးဘဲ ရှင်နေရခြင်း၊ ထောင်ကျရခြင်းပင်လျှင် မိမိတို့အတွက် ကံကြမ္မာ လေးက အလုပ်သမားအရေးအခင်းများ။ နောက် ၆ လ ကြာ မိမိတို့ ဦးသန့် ဈာပန အ ရေးခင်းကား ရင်တုန်ပန်းတုန် စရာပင်။ ဇွန် ၆ ရက်နေ့က ဆင်မလိုက်သင်္ဘောကျင်းတွင် ပြစ်ခတ်သွားသော သေနတ်သံများနှင့် ဘဝပျက်သွားသောအလုပ်သမားများတို့…. အ ဖြစ်အပျက်များကလည်း မြင်နေဆဲ ကြားနေဆဲ မို့ … မတတ်နိုင်ပါ။ မိမိတို့ အလှည့် ရောက်တော့လည်း အတတ်နိုင်ဆုံး သမိုင်းပေးတာဝန်ကို ယူခဲ့ကြရသည်။
ထိုအချိန်တုန်းက မိမိတို့အသက်တွေမှာ ၂၅ နှစ်ပင် မပြည့်တတ်သေး။ ထောင်ကျပြီးရင် ထောင်ထဲကအဆောင်တွေမှာ အလုပ်သမားခေါင်းဆောင်များနှင့် လည်းတွေ့ရဦးမည်။ အတွေ့အကြုံများလည်း ဖလှယ်နိုင်ကြဦးမည်ဟုလည်း တွေးထားကြသည်။ ယခု အ ဆောင် ၃ အထူးဆောင် အပေါ်ထပ်တွင် မိမိတို့ မန္တလေးဆောင်မှ စီအီးစီများ၊ ဗဟိုမှ စီ အီးစီများအပြင် အရပ်သားတချို့ ရှေ့နေ၊ ဆရာဝန်၊အင်ဂျင်နီယာ၊ ဝ-သ တက္ကသိုလ်မှ ကျောင်းတက်နေသူများ၊ စုစုပေါင်း ၃ဝ နီးပါးရှိသည်။
ထောင်ကျပြီးလျှင်ထောင်ဝင်စာ ၂ ပတ်တခါတွေ့ရတော့မည်။ ထောင်ဝင်စာတွေ့ရလျှင် အပြင်က မိသားစုများ၊ သူငယ်ချင်းများအကြောင်း ကြားရတော့မှာမို့ ပျော်ရွှင်စိတ်လေး များလည်း ရှိနေသေးသည်။……မိမိတို့ စိတ်ပညာ အဓိကမှကျောင်းသားကျောင်းသား(၅)ဦးတို့ မှာနယ်ကကျောင်းသားများ
ဖြစ်သောကြောင့်ထောင်ဝင်စာအခက်အခဲများရှိနေကြသည်၊သို့ သော် ရန်ကုန်မြို့ ပေါ်မှကျောင်းသား
အကြံအဖန်ကောင်းမှုများကြောင့်ထောင်ဝင်စာများလာပို့ သည်ကိုရခဲ့ကြသည်။…စုံပုံကာဝိုင်းစားသောက်
ခဲ့ကြသည်။….တချို့ ကတော့…သီးသန့် စားသောက်ကြသည်။…မိမိ တို့အခြင်းခြင်းလည်းနားလည်မှုရှိ
ခဲ့ကြသည်။….မိသားစုများကပေးပို့ ကြသည်မှာတဦးတယောက်စာသာဖြစ်သည်မဟုတ်ပါလား၊
မိသားစုထမင်းဝိုင်းထက်ပင်…ပိုမြိန်နေသလိုလို..ခံစားနေမိသေးတော့သည်။…အဲ့သည်တုန်းက..ပဲ
ပုံစံ ဟင်းကကောင်းသေးသည်။ယခုခေတ် ဆိုလျှင်တော့ (ရှယ်) ဖြစ်လေမလား….ရေကျဲပေမဲ့..ပဲနဲနဲပြစ်
နေသေးသည်။….ပဲဟင်းပေါ်တွင်ရေပေါ် ဆီ လေးများလည်းဝေ့ နေတတ်သေးသည်။….ရေပေါ်ဆီလေး
များကိုလု၍ခတ်တတ်သောသူ..(၂)ယောက်(၃)ယောက် ရှိသေးသည်။ ….အော်…ရေပ်ါဆီ လူတန်းစား
ဆိုတာ…ဒီလို မျိုးများ လားဟု ပြုံးပြီး…ရုတ်တရက်တွေးမိခဲ့သေးသည်။
(၃)ဆောင်နှင့်တိုက်(၁)၊(၂)၊(်(၅) ၊(၆) တို့ တွင်တချို့ ကျန်နေသေးသည်။သူတို့ လည်းထောင်ကျသွားပြီ
ဖြစ်လို့ မိမိတို့ နေသောအဆောင်ဆီသို့ ပြောင်းလာကြဦးမည်ဟု သိထားကြပါသည်။
စိတ်လေးတွေလဲနဲနဲပေါ့  သွားကြပါပြီ။(  ) နှစ်၊(၅ )၊(၆)၊(ရ)၊(၈)၊(၉)၊(၁ဝ) နှစ် နှင့် အထက်ကျသူ
များကျန်ခဲ့သည်။မိမိတို့ ကဲ့သို့လက်ရှိကျောင်းတက်နေသူများကိုနဲနဲလေးညှာဟန်ရှိသည်။အပြင်မှနိုင်ငံ
ရေးအစဉ်လာရှိသူများ၊နိုင်ငံရေးသမားဟောင်းကြီးများ၏သားသမီးများ၊သခင်သားမီးများကတော့ထောင်
ဒါဏ် ပိုကြီးသည်။…ဘယ်လောက်ဘဲဖြစ်ဖြစ်…သူတို့ လည်းဂုဏ်ယူဝင့်ကြွားကျေနပ်နေကြပါသည်။
ဆက်လက်တင်ဆက်ပါအုံးမယ်…
မောင်မောင်တိတ် 
အပိုင်း (၃)
ဒီရက်လေးတွေမှတော့ငယ်စဉ် ကိုယ်ရင်ဝတ်တုန်းကလို…စားပြီး အိပ်လေ ဘိက္ခဝေ .. သေရင်ပက်လက် နတ်ပြည်တက်..လို့ နောက်ပြောင်ကြရင်း၊ အိပ်ရေးဝဝ အိပ်ရတော့ သည်။ နေရာအပြောင်းအရွေ့ ၊ ထောင်အပြောင်းအရွေ့ အလုပ်ကြမ်းခိုင်းမှာတွေကို မ စဉ်းစားထားကြ။..သတင်းတွေတော့ရထားသည်။
နောင်ခါလာ၊ နောင်ခါဈေးဟုလည်းသဘောပိုက်ထားသည်။ လာမဲ့ဘေးလည်းပြေးတွေ့ ပေါ့ဟုလည်း စိတ်နှလုံးဒုံးဒုံးချထားလိုက်ကြသည်။
ဒီမနက်ပဲဟင်းကတော်လေးကောင်းသည်။ ခပ်ပြစ်ပြစ်၊ တာဝန်ကျအပြာနှင့် ထောင်ဝါဒါ
တို့ကို စီးကရက်ပေး။ နားလည်မှုပေးစည်းရုံးထားလို့ လားမသိ။ ထောင်ဝင်စာကလည်း ပြတ်သွားပြီမို့။ ပြောင်သွားပြီ။ လုံးတီးဆန်ပူပူလေးကလည်း ဒီကနေ့မှသန့်သန့်လေး လို လို။ အနံ့လေးကလည်းမွှေးနေသလိုလို၊ တဝတပြဲ အားပါးတရစားသောက်ပြီးတော့.. စောင်ခေါင်းမြီး ခြုံနှပ်ကြတော့သည်။..တချို့ကတော့ အိပ်ယာပင်မခင်းတော့..။
နယ်မှ မိမိတို့ ဒဂုံဆောင်ကျောင်းသား (၅) ယောက်ကတော့ မအိပ်နိုင်ကြသေး။
ဟိုတွေး.. သည်တွေး၊
နဖူးပေါ်လက်တင်လည်းမရ။ …နောက်ဆုံးနှစ်မှ ထောင်ထဲရောက်ခဲ့ရသည်။ မိခင်ကြီး ထောင်ဝင်စာလာတွေ့လျှင်  မိမိပြန်ပြောရမည့် စကားလုံးများလည်းရွေးမရ..။ ကိုမြင့်ဟန် ကြီးကတော့ မျက်လုံးလေး ပေကလပ် ပေကလပ်နှင့် ဒူးလေးနှစ်ဘက်ကြားလက်ထည့် ပြီး မှိန်းနေတော့သည်။ ကိုသောင်းအေး၊ စောလှငွေ၊ မိမိတို့ကတော့ စိုးကြီး (ကိုတင်စိုး တ-စိတ်ပညာ် ရခိုင်ပြည် ရဟိုင်းကတို့ရွာ) ခေါင်းရင်းနံရံတွင် မှေးကာ ခေါင်းလေး တငြိမ့် ငြိမ့် ပါးစပ်လေး တလှုပ်လှုပ် …လုပ်နေပုံကို ကြည့်နေမိကြသည်..
သူက တယောသမား..။..တခါတခါ..သီချင်းလေးများစပ်နေတတ်သည်၊ မနေ့ က သူစပ် ထားသည့်သီချင်းလေး (၂) နှစ်ပုဒ်ကို အသံသွင်းလေ့ကျင့်နေခြင်းဖြစ်သည်။…မိမိတို့ အောက်ခန်းတည့်တည့်၊ ထိုင်းငါးခိုးဖမ်း…သင်္ဘောသားထံမှ အကြံအဖန်ရခဲ့သော စာ ရွက်လေးတရွက်နှင့် ဘောပင်မှင်ချောင်းလေးနှင့် ရေးထားသည်။
…..တီ.. တတီ.. တီး.. တိတီ…တိတီ…တီတီ…
အော်… သီချင်းခေါင်းစဉ်က (ဦးသန့် အရေး ခင်းမှသည် တဲ့…)
(ခြေဆင်း။……….နီ..ဝါ..စိမ်း..တူတံဇင်…….သုံးရောင်ချယ်တဲ့…။)
သုံးရောင်ချယ်…သုံးရောင်ချယ်..အလံကြီးကိုလေ..ကိုင်စွဲလို့ချီတက်စို့ဟေ….
သာသနာအောင်လံ…ခွပ်ဒေါင်း နဲ့ တွဲဖက်လို့တို့တတွေ….ချီတက်စို့ဟေ..
နေဝင်း …စန်းယု..စစ်အစိုးရကို ဒို့ မခံပေ…တောနဲ့ မြို့ပြ…နှစ်ဖက်..ညှပ်ကာ..အပြတ်တိုက်မယ် ဟေ
ဟေ ဟိုမှာ ကြည့်စမ်း… နေဝင်း ရဲ့ကြေးစားတပ်တွေ ဒို့ မမှုပေ..ရင်ကော့လို့ရှေ့သို့ ချီမလေ…ရင်ကော့လို့ရှေ့သိုချီမလေ…ပြည်သူတွေထောင်သောင်းက.. ဒို့များဘက်မှာ ရပ်တည်ကာနေ…ပစ်ရဲရင်..ပစ်စမ်းဟေ့…..သေနတ်တချက်ပေါက်ရင်… မီးဟုန်းဟုန်း တောက်စေရမလေ…ညီစေ…အို အဆွေ.. ချီမလေ အို အဆွေ… ဖက်ဆစ်ကောင်သား ငမိုက်ကို တိုက်ခိုက်လို့ သုတ်သင်ပြီးရင်…..ဘုံ… နိုင်ငံကို…ဘုံ…နိုင်ငံကို… ဒို့ တတွေ…ဒို့ တတွေ …ထူထောင်ရ..ဦးမလေ…..တဲ့။
နောက်ဆုံးပိတ် စာသားလေးဖြစ်တဲ့…..ဘုံ နိုင်ငံ ကို….ဘုံနိုင်ငံ ကို  စာသားလေးကို  နဲနဲ ကျယ်ကျယ်လေး ထပ်ထပ်ဆိုနေကြပါသည်။
အိပ်ပျော်နေကြသော မိမိတို့ ဘဝတူသူငယ်ချင်းများကိုလည်း စချင်နောက်ချင် သော ကြောင့်ဖြစ်ပါသည်။….တခါတခါ မိမိတို့ စကားစုပြောမိကြကသည့်အခါ… မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်အကြောင်း ပြောကြသည့်အခါ မိမိတို့ အုပ်စုလေး ကိုကွန်မြူနစ်လူငယ်များ ဟု  ကင်ပွန်းတပ်ချင်ကြသောကြောင့်ဖြစ်ပါသည်။
မိမိတို့ဖတ်ထားသည့်သမိုင်းကြောင်းများထဲမှ လူတန်းစားပြဿနာများ၊ အလုပ်သမားများ
ပေါ်ခေါင်းပုံဖြတ် အမြတ်ထုတ် သွေးစုတ်လေ့ရှိသည့် ပုဂလိကဦးစားပေး လောဘသား တို့ ဥာဉ်ဆိုးများ၊ စသည်တို့ အာဘောင်အာရင်းသန်သန် ဆွေးနွေးမိကြသည်။ မိမိတို့ကို သိပ်ပြီး ကြေနပ်ပုံမပေါ်ကြ။
အာဘောင်နီ လေးများဟု မထိတထိရိကြသည်။…မိမိတို့က တက်ကြွလွန်းသည်ဟု ထင် မှတ်ကြသည်။ အဲ့ဒီတုန်းက.. ဗီယက်နမ်မှာလဲချနေတုန်း ငုရင်ဗန်ထွိုင်းရဲ့ ပေးဆပ်သွားပုံ က မိမိတို့မမီနိုင်ခဲ့ဟု တင်စားခဲ့ကြသည်။ ရှေ့နေကြီးဦးကျော်လင်းကတော့ အတွေ့အ ကြုံများသူ၊ စာဖတ်များသူ့ပီပီ၊ မိမိတို့ကို လှုပ်ရှားတက်ကြွသူ လူငယ်များသာဟု မှတ် ချက်ပေးခဲ့သည်။ ယ္ခု ဦးသန့်အရေးအခင်းတွင် မ.ဆ.လ က လမ်းသရဲလေးများ ဟု ကင် ပွန်းတတ်ထားသည့် လူငယ်များက ဦးဆောင်လှုပ်ရှားသောကြောင့်လည်း (long hair revolution) ဆံရှည်တော်လှန်ရေးဟုလည်း နောက်သလိုလို အတည်လိုလိုပြောခဲ့ပါ သေးသည်။ ရတဲ့အချိန်လေးမှာ ပွင့်ပွင့်လင်းလင်းလွတ်လတ် လပ်လပ်ပြောဆို ဆွေးနွေး နေကြခြင်းသာ။
မိမိတို့က ဘုံနိုင်ငံပဲဖြစ်ဖြစ်၊ ကွန်မြူနစ်နိုင်ငံပဲဖြစ်ဖြစ်၊ ဆိုရှယ်လစ်နိုင်ငံဖြစ်ဖြစ်၊ အရင်းရှင် နိုင်ပဲဖြစ်ဖြစ်၊ ဒီမိုကရေစီနိုင်ငံတော်လို့ပဲခေါ်ခေါ်၊ အဖိနှိပ်ခံပြည်သူများဘက်၊ ဆင်းရဲ သားပြည်သူများဘက်က ရပ်တည်ပြီး မတရားတဲ့အစိုးရများကို ချရမှာပဲ။ ဘယ်ဝါဒ ဘယ်လောက်ကောင်းတယ်ပြော…ဖက်ဆစ်စနစ်တွေလို ညှင်းပမ်းနှိပ်စက်ပြီး လူတစု ကောင်းစားရေးဝါဒ၊ တဖွဲ့တဂိုဏ်းကောင်းစားဝါဒတွေဆိုရင် ပြန်ချရမယ်၊ တခြားနိုင်ငံ တွေဖြစ်ရင်လဲ ကူညီရမယ်ဆိုတော့ သူတို့ ပြုံးကြတော့သည်။
နိဂုံး
ဒီမိုကရေစီ နှင့်ဆိုရှယ်လစ်ဝါဒ အကြောင်းကိုတော့ ရှေ့နေကြီးဦးကျော်လင်းနှင့် တွံတေး သိန်းဝင်း တို့က ပိုဆွေးနွေးပေးကြပါသည်။ မြန်မာ့ဆိုရှယ်လစ်အမည်ခံ စစ်တပ်၏ ကောက်ကျစ်ယုတ်မာမှု၊ အာဏာမက် ဖက်ဆစ်ဆံစွာညှင်းပမ်းခံရမှုအချို့ကိုလည်း ကို ထွန်းကျော်ငြိမ်းနှင့် ကိုဘိုဘိုကျော်ငြိမ်းတို့ဖခင် ဦကျော်ငြိမ်းလည်း ခံစားရကြောင်းလည် ကြားသိခဲ့ပါသေးသည်။
သူတို့ ဖခင်၏တပည့်ဖြစ်ဘူးသော လက်ရှိထောင်ပိုင်ကြီးမက္ကနား၏ ကူညီမှုကြောင့် အ ထူးခန်းတွင် မိမိချစ်သူနှင့်တွေ့ခဲ့ရသည့် နှုတ်ဆက်အနမ်းများအကြောင်းကို အားပါးတရ ပြောပြတာ နားထောင်ခဲ့ရသေးသည်။ အိမ်မက်ကလေးများလည်း မက်နေများလား မ သိ။…. တော်တော်လေးပွင့်လင်းသည့် သူပင်။…ကံကောင်းကြသည့် ညီအကိုနှစ်ဦးပင်။
အိပ်နေသောသူများ မနိုး နိုးအောင်စချင်သောကြောင့်မိမိက အသံမြှင့်ဆိုလိုက်သည်။ စိုးကြီးက သတိပေးသည်။….ဝါဒါ လာပြောမှာလဲ  သတိထားကြပါဦး တဲ့။
ဦးကျော်လင်းနှင့် တွံတေးသိန်းဝင်း ရှေ့နေကြီး နှစ်ဦးကတော့ ကိုတခြမ်းစောင်းလှည့်ပြီး ပြန်အိပ်သွားကြသည်။ ခဏကြာတော့ ဦးကျော်လင်းကြီးက ဟောက်သံ ပင်ပေးနေတော့ သည်။ ကိုဇော်ငြိမ်းလတ် နိုးသွားဟန်တူသည်။ နားလည်းငြီးသွားပုံရသည်။ အဟမ်း..အဟမ်း.. ဟု လုပ်ချောင်း ဆိုးသံ နှစ်ချက်ပေးပြီး တဖက်စောင်းအိပ်သွားပြန် သည်။
…..မိမိတို့ ….ပြုံးမိပြီး…………။
ဟေ့…ဟေ့….ဘုံနိုင်ငံဆိုတာ..ကွန်မြူနစ် နိုင်ငံထူထောင်မယ်လို့ ပြောနေသလား လို့ …
ကွန်မြူနစ်ကြောက်တတ်တဲ့ သူတွေလဲရှိနေတော့ ထွက်ပြေးနေကြဦးမယ်… ဒီတော့…ဒီတော့..
အကောင်းဆုံးက ဘုံနိုင်ငံအစား စီးဝါးလေး နဲနဲငဲ့ပြီးတော့ ဒီလိုတလုံးခြင်းဆိုကြည့်မယ်
ဒီ…….မို…..က….ရေ….စီ….၊
ဒီ……မို….က..ရေ….စီ….၊
ဒီ…မို…..က…….ရေ……စီ……..၊
နိုင်ငံတော်ကို..ထူထောင်ရ..ဦးမလေ….
လို့ ဆိုရင်ကောလို့ စောလှငွေ…ဥာဏ်ကြယ်လေးက အကြံပေးတော့ အားလုံးကသ ဘောတွေ့ သွားကြသည်။
နောက်တပုဒ်ကော…
ဒီဇင်ဘာစိတ်ဓါတ်… တဲ့
စည်းနဲ့ဝါး..တပြိုင်ထဲသွားရမယ်။
နောက်မကျရဘူ…..စုံစည်း..တက်သုတ်စည်းကွာ စိုးကြီးက သူ့ ဝသီအတိုင်း ခတ်ဆပ် ဆပ် လေးနဲ့
….ပုံ..ပုံ..ပုံ….ထီပုံထီး ထီပုံထီး..
ဒူးနှစ်ဖက်ကိုလက်နဲ့ ခပ်မြန်မြန်လေး စုံရိုက်ရင်း ပြိုင်တူပင်။
ဟေ..ဟေ..ဟေ….အဖိနှိပ်ခံကျောင်းတွေ…
အဖိနှိပ်ခံရဲဘော်တွေ ညီညာဖျဖျ သမဂ္ဂစိတ်ဓါတ်နဲ့သာလေ..
တိုက်မလေ.. ခိုက်မလေ … ပြည်သူ့ကျိုးတွက်ပေ …
ဟေ…ဟေ..ဟေ…အဖိနှိပ်ခံရဲဘော်တွေ…..
အဖိနှိပ်ခံကျောင်းသားတွေ…
ညီညာဖျဖျ.. သမဂ္ဂ စိတ်ဓါတ်နဲ့သာလေ..
ရှိအတူ…မရှိအတူ..ဝေမျှ…စားကြမလေ…။
ပြည်တခွင်မှာ..ငြိမ်းချမ်းညီညွတ်ဘို့ပါလေ…
ဒီဇင်ဘာကျောင်းသားလှုပ်ရှား မှုဟာလေ…
ဒီဇင်ဘာ…ကျောင်းလှုပ်ရှားမှုဟာလေ…
ပြည်တခွင်မှာ..ငြိမ်းချမ်းညီညွတ်ဘို့ပါလေ…
ပြည်သူတွေ….ထောင်သောင်းက …
ဒို့များဘက်မှာ..ရပ်တည်ကာနေ…
ပြည်သူများအတွက်ဆို…
နီ…ရဲ..သော..သွေး..ခင်း…လမ်း..ကို …
ဒို့တတွေ..
ဒို့တတွေ…
လျှောက်လှမ်းကြစို့ …
ငါတို့တတွေ…..။
အဲ့ဒါပြီးတာနဲ့ ကမ္ဘာမကြေ သီချင်းဆက်ဆိုမယ်ကွာတဲ့..။
သီချင်းတွေလဲ အလွတ်ရသွားပြီ၊ နေ့လည်အိပ်ချိန်လေးလဲ ကုန်သွားပြီ။ အိပ်နေတဲ့ သူ တွေလဲ နိုးလာကြပြီ။ တချို့က အပေါ့ထသွားကုန်ပြီ။ တချို့က ညနေ ရေချိုးချိန် စောင့် နေကြပြီ။ နာရီဝက်နီးပါးကြာလျှင် အဆောင်တံခါးဖွင့် ရေချိုးတော့မည်ဟုခန့် မှန်းပြီ၊ ယ္ခု တော့မှ မိမိတို့လေးယောက်က အိပ်ယာလေးတွေဆီ ပြေးမှိန်းကြသည်။
သီချင်းထဲက အလံ (၃) လက်ပြေးမြင်မိသည်။
နီ..ဝါ..စိမ်း အောက်ခံအလယ်မှာ အဖြုအောက်ခံစက်ဝိုင်းတွင် အနီရောင်တူတံစဉ် အလံ တလွင့်လွင့်နှင့်
သာသနာအလံ ကလည်း တလွင့်လွင့်နှင့်
ခွပ်ဒေါင်းအလံကလည်း တလွင့်လွင့်နှင့်
တကသ ဝင်းထဲတွင် လက်နက်များမြှောက်အောင်ပွဲခံနေပုံများ
ဝမ်းသာပီတိ မျက်ရည်များ…
(လေးဆယ့်ခြောက်နှစ်မြောက်  ဦးသန်အရေးအခင်းနှင့် ပူပေါင်းပါဝင် လှုပ်ရှားခဲ့ကြသော ရဟန်ရှင်လူ ကျောင်းသားပြည်များအား လေးစားဂုဏ်ပြုဦးညွတ်ပါ၏)
မောင်မောင်တိတ် (မ.က.ဒ.တ)
(3.12.10)
No comments: