အတောင်းကြမ်းတဲ့ စမ်းချောင်းက လ.ဝ.က

အတောင်းကြမ်းတဲ့ စမ်းချောင်းက လ.ဝ.က ကျွန်တော်တို့ မိသားစုသည် စမ်းချောင်းမြို့နယ်တွင် နေထိုင်လာ ကြသည်မှာ အနှစ် နှစ်ဆယ်ကျော် ရှိပါပြီ မနှစ်က ကျွန်တော်တို့ အိမ်နီးနားခြင်း တဦးက သူ့သားအတွက် တစ်ဆယ့်ရှစ် နှစ်ပြည့် မှတ်ပုံတင် သွားလုပ်တာ လဝကရုံးက ငါးသောင်း တောင်းတယ်လို့ ပြောပါတယ်။ ဦးစီးမှူး အတွက်က သုံးသောင်း ဖြစ်ပြီး လုပ်ပေးသူ ဒု- ဦးစီးမှူး သူ့အတွက်က နှစ်သောင်း ဖြစ်ပါတယ်။ သူတို့ လိုအပ်သမျှ စာရွက်စာတမ်း အားလုံးလဲ ပြည့်စုံပါတယ်။ အဖေ အမေ ဘိုးဘွား တို့၏ နိုင်ငံသား ကဒ်ပြားများလဲ ပြည့်စုံပါတယ်။ ဒါပေမဲ့ မရပါဘူး၊ မပေးရင် မပေးတဲ့ စာရွက်စာတမ်းတွေ ဒီအတိုင်းဘဲ ဘီဒိုပေါ်မှာ ပစ်ထား ရမှာဘဲလို့ ဆိုပါတယ်။

သားသမီးတို့၏ ပညာရေး နောင်ရေး လိုအပ်ချက်အရ ပေးနေကြရပါသည်။ ယခု ကျွန်ုပ်၏ အလှည့် ဖြစ်ပါသည်။ ထုံးစံအတိုင်း ငွေငါးသောင်း၊ လိုအပ်သမျှ စာရွက်စာတမ်း အားလုံးလဲ ပေးထားပြီးပါပြီ။ ဦးစီးမှူး အတွက်က သုံးသောင်း ဖြစ်ပြီး လုပ်ပေးသူ ဒု- ဦးစီးမှူး သူ့အတွက်က နှစ်သောင်းတို့ကို စာအိပ် သပ်သပ်စီ ထည့်ပြီး ကိုယ်တိုင် ဦးစီးမှူး ကို ဒု- ဦးစီးမှူး အတူဝင်ပြီး ရုံးမှာပေး ရတာပါ။ တခြားသူများလဲ ထိုနည်းတူစွာ ပေးနေရပါတယ်၊ ပို၍ ဆိုးရွားသည်မှာ ယခုတိုင်အောင် မရသေးခြင်းပါ။ သုံးလ ကျော်ပြီ ဖြစ်ပါသည် သွားပြီး မေးတိုင်းလဲ ခရိုင် သို့မဟုတ် တိုင်းက မကျသေးလို့ ဆိုပြီးဘဲ ပြောနေပါတယ် ဆက်လက် စောင့်စား နေရုံမှတပါး တခြားမရှိပါ။

သူတို့ပြောသော အထက်သို့ တိုင်ကြားရင်လဲ မြည်သို့ထူးခြား နိုင်ပါသလဲ၊ ငွေလဲဆုံး ပိုလဲကြာသွားမှာ စိုးပါတယ်။ မတရား တောင်းရန်းမှူက ယခုကဲသို့ ဆက်လက် ကြီးထွားနေပြီး သူတို့ပေးမှ ရမလို ဖြစ်နေပါတယ်။ ထပ်ပြီးလဲ မပေးနိုင်တော့ပါ။ ကျွန်တော်တို့လဲ စားဝတ်နေရေးအတွက် ရုန်းကန်နေရဆဲ ပါ။ မစားရက် မသောက်ရက် စုထား၍ ပေးထားသော ငွေလေး ငါးသောင်း မဆုံးဘဲ နိုင်ငံသား မှတ်ပုံတင် ကဒ်ပြား ရပါစေ ဆုတောင်းရင်း…။ သူဌေးဖြစ် လဘ်စား တောင်းရမ်းမှူ့ကို အများသိစေရန် ဝေမျှ တင်ပြအပ်ပါသည်၊၊

မန္တလေးဂေဇက်မှ ကူးယူတင်ပြပါသည်။

No comments: