အသောကခေတ် ပုထိုး (၂) ဆူ ရှာဖွေတွေ့ရှိ

အိန္ဒိယဗဟိုအစိုးရ သဘာဝပတ်ဝန်းကျင်နဲ့ သစ်တောဝန်ကြီး ဂျီးရန်းရာမစ် (Jairam Ramesh) က အိန္ဒိယပြည် နောက်ပိုင်း ဂူဂျာရတ်ပြည်နယ်ရှိ ဂျီနာ (Girnar) သစ်တောထိန်းသိမ်းရေး ဧရိယာအတွင်းမှာ မောရိယမင်းဆက် (Mauryan dynasty) အသောကခေတ် စေတီပုထိုး နှစ်ဆူကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဧပြီလ ၂၁ နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ဝန်ကြီးရဲ့စာအရ ထိုစေတီ (၂) ဆူဟာ ဆော်ဒါရှတ်ဒရ ဒေသအတွင်းက ကြိုင်းဝိုင်း သစ်တောအတွင်းမှာ တွေ့ရှိခဲ့တာဖြစ်ပြီး ဗဟိုအစိုးရက ထိုစေတီပုထိုးများနဲ့ ပတ်သက်ပြီး ရှာဖွေဖော်ထုတ်ရေး လုပ်ငန်းများနှင့် ပတ်သက်ပြီး ဒေသခံ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ်ကိုယ်တိုင် ကိုယ်တွင် ဆောင်ရွက်ရန် တိုက်တွန်းထားပါသည်။ ထိုစေတီပုထိုး (၂) ဆူသည် အသောကခေတ် တည်ဆောက်ခဲ့သော ရှေးဟောင်း ပုထိုးတော်များဖြစ်ကြောင်း ဒေလီတက္ကသိုလ်မှ သမိုင်းပညာရှင် မစ္စ (Mrs Nayanjot Lahiri) နာယန်ဂျော့ လာဟီရီက အတည်ပြုပေးခဲ့သည်။ လက်ရှိမှာတော့ စေတီတခုကိုသာ ရှေ့ပြေးတိုင်းတာမှုများ ပြုလုပ်နိုင်ခဲ့ပါသေးတယ်။ မစ္စလာဟီရီဟာ ဂျီနာတောအုပ်အတွင်းမှ လေခါမေဒီ Lakha Medi ဆိုတဲ့ ဟိန္ဒူရှေးဟောင်း ဘုရားကျောင်းကြီးက စေတီတခုကိုသာ ရှေ့ပြေးတိုင်းထွာမှုများ ပြုလုပ်ခဲ့တယ်။ ၎င်းစေတီသည် အမြင့်ဉာဏ်တော် ပေ (၅၀) ရှိပြီး လက်ရာ အထောက်အထားများအရ မတ္တရာပရာဒေ့ရှ်ပြည်နယ်မှာ ရှိတဲ့ “စေတီအစ ဆန်ချီက” လို့ လူသိများသော ဆန်ချီစေတီနဲ့ ပုံစံတူ လက်ရာတူ ဖြစ်တယ်လို့ ဆိုပါတယ်။ လည်းကောင်းအပြင် အိန္ဒိယပြည်မြောက်ပိုင်း ဥတ္တရာပရာဒေ့ရှ်ပြည်နယ်တွင်ရှိတဲ့ မောရိယခေတ်စေတီ လက်ရာဖြစ်တဲ့ ပိတ်ပရဝစေတီနဲ့ လည်း တူညီကြောင်း သိရပါတယ်။

နောက်စေတီတဆူမှာ အဆိုပါ တောအုပ်အတွင်းမှာပင် တွေ့ရှိရခြင်း ဖြစ်သည်။ အဆိုပါ စေတီသည် ယခုတိုင် ရှေ့ပြေး လေ့လာတိုင်းထွာမှုများ မပြုလုပ်ရသေးသော်လည်း ပထမစေတီထက် ပိုမိုကြီးလိမ့်မည်ဟု ခန့်မှန်းရကြောင်း ဆိုပါသည်။ ဒုတိယတွေ့ရှိရသည့် စေတီမှာ နေရာတချို့မှာ အုတ်ချပ်များ ပြောက်ဆုံးနေပြီး အဆိုပါ အုတ်ချပ်များကို အနီးနားမှ ဟိန္ဒူဘုရားကျောင်း တည်ဆောက်ရာတွင် ယူသုံးထားသည်ဟု ဆိုပါသည်။

ထိုစေတီများအား စနစ်တကျ ဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့သည်ရှိသော် အိန္ဒိယပြည်အတွက် အဖိုးတန်သည့် ရှေးဟောင်းအမွေအနှစ်တခုအဖြစ် တိုးပွားလာမည် ဖြစ်သလို ကမ္ဘာလှည့် ခရီးသည်များ လေ့လာလည်ပတ်စရာ နေရာသစ်တခုလည်း ဖြစ်လာမည်ဟု ဆိုပါသည်။ လောလောဆယ်မှာ ဂျီနာတောအုပ်သည် အာရှ ခြင်္သေ့များ၏ တခုတည်းသော နယ်မြေအဖြစ် ကမ္ဘာက သိထားကြသည်။ ယခုလို ရှေးဟောင်းစေတီများပါ ဖော်ထုတ်ပြသနိုင်မည်ဆိုလျှင် ဂျီနာတောအုပ်သည် ကမ္ဘာလှည့် ခရီးသည်များအတွက် အဓိကလည်ပတ်စရာ နေရာတခု ဖြစ်လာမည်ဟု ဆိုပါသည်။

No comments: