ကူညီမည့်သူများ အထူးလိုအပ်နေ

ဒီကလေးတွေဟာ ငါတို့မြန်မာနိုင်ငံသားတွေဖြစ်တယ်၊ ဒီကလေးတွေဟာ အနာဂါတ်မဲ့နေကြတယ်။ ဒါကြောင့်မို့ မြန်မာနိုင်ငံသားဖြစ်တဲ့ မြန်မာများက ကူညီစောင့်ရှောက် မှ ဖြစ်မယ်လို့ ကလေးတွေကို ကူညီစောင့်ရှောက်၊ ထိန်းမတ်ပဲ့ပြင်နေတဲ့ စေတနာရှင်တို့ရဲ့ BLOG (ဘလော့ဂ်) တခုကို အများက သိရှိပြီး ကမ္ဘာတဝှမ်းက မြန်မာများကလည်း ထပ်တူ ကူညီစောင်မနိုင်ကြရန် အထူးတလည် တင်ပြပေးလိုက်ပါတယ်။
ဘလော့ဂ်နံမည်။        ။ နေရောင်အောက်မှ အလင်းမဲ့သူများ
ဘလော့ဂ်လင့်ခ်။        ။ http://myanmarchildrenhelp.blogspot.com/
ဆက်သွယ်နိုင်ရန်။      ။ kyaw.kyawlay1980@gmail.com

နိုင်ငံအနှံ့အပြားမှာ ခြေချနေထိုင်ချနေကြတဲ့ သန်းပေါင်းများစွာသော မြန်မာနိုင်ငံသူ/ သားတို့ကို အသိပေး နှိုးဆော်အပ်ပါတယ်။ အထက်ပါပုံဟာ ကျနော်တို့ မြန်မာနိုင်ငံသားတို့ရဲ့ ပုံဖြစ်ပါတယ်။ နယ်စပ်မြို့တခုဖြစ်တဲ့ မဲဆောက်မြို့လေးမှာ ကျနော်တို့ မြန်မာနိုင်ငံသားအချို့ဟာ ချို့ချို့တဲ့တဲ့၊ ငြိုးငြိုးငယ်ငယ်၊ ဆင်းဆင်းရဲရဲနဲ့ အနာဂါတ်မဲ့နေကြပါတယ်။ ဒီလို ကလေးအရွယ်တွေ များကြီးပါပဲ။ ဒီလို ဥမမယ် စာမမြောက်တဲ့ အရွယ်တွေဟာ စာသင်ကျောင်းမှာ ရယ်မောသံတလွင်လွင်နဲ့ ပူပင် သောကမရှိ ကြောင့်ကျ ဗျာပါဒမရှိဘဲ ပျော်ရွှင်စွာ စာသင်နေရမယ့် အရွယ်လေးတွေပါ။ အခုတော့ဖြင့် ဝမ်းတထွာအတွက် ပင်ပန်းဆင်းရဲစွာ ရုန်းကန် လှုပ်ရှားနေကြရပါတယ်။ သူတို့လေးတွေရဲ့ ဆက်ရဦးမယ့် အနာဂါတ်လမ်းလေးတွေအပေါ် နွေးထွေးတဲ့ ရောင်ချည်နုလေးတွေ ထွန်းလင်းပေးဖို့ လိုအပ်နေပါတယ်။ သူတို့ဘဝလေးတွေကို သစ်လွင်တောက်ပတဲ့ ဘဝမျိုးရရှိအောင် ပြောင်းလဲမြှင့်တင်ပေးဖို့ အထူးလိုအပ်နေပါတယ်။ သူတို့လေးတွေဟာ ကျနော်တို့ မြန်မာနိုင်ငံသားတွေပါ။ သူတို့လေးတွေဟာ ကျနော်တို့ လူမျိုးတွေပါ။ သူတို့လေးတွေဟာ ကျနော်တို့ မျိုးရင်းချာတွေပါ။

ဒီလို နုံချာသိမ်ဖျင်းတဲ့ ဘဝတွေက ထွက်မြောက်နိုင်ဖို့အတွက် စေတနာရှင်တချို့က ကိုယ်တိုင်ကိုယ်ကျ ကူညီစောင်မနေကြပါတယ်။ ထိုစေတနာရှင်တွေကလည်း ကြွဝသူများ မဟုတ်လေတော့ သူတို့လေးတွေကို ကူညီစောင်မရာမှာ အခက်ခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီအခက်ခဲတွေကို ဖြေရှင်းနိုင်ဖို့အတွက် ကမ္ဘာတဝှမ်းမှ မြန်မာပြည်ဖွား ညီနောင်တို့ရဲ့ အကူအညီ၊ အထောက်အပံ့တွေကို လိုအပ်နေပါတယ်။

ကမ္ဘာတဝှမ်းမှာ သန်းပေါင်းများစွာ ခြေချနေထိုင်နေကြတဲ့ မြန်မာနိုင်ငံသားများ ခင်ဗျာ့။ သူတို့လေးတွေရဲ့ ဘဝတွေကို ကယ်တင်နိုင်ဖို့အတွက် နည်းသည်များသည် ပဓာနမထားပါဘဲ ငွေးကြေး၊ ပစ္စည်း၊ စာအုပ်၊ ခဲတံစသည်ဖြင့် စေတနာထက်သန်စွာဖြင့် ထောက်ပံ့ကြဖို့ အသိပေးနှိုးဆော်ပါတယ်။

No comments: