နေပြည်တော် လွှတ်တော်အဆောက်အဦ နောက်ဖက် လျိုထဲ၌ မီးလောင်ကျွမ်းမှုဖြစ်ပွါး


လွှတ်တော်အဆောက်အဦး ဘေးမှာ ကပ်ရက် လောင်ကျွမ်းခဲ့တဲ့ လွှတ်တော် အဆောက်အဦ ဟာ မီးသင့်ခြင်း လုံးဝ မရှိခဲ့တာကြောင့် သာမာန် မီးလောင်ကျွမ်းမှု မဖြစ်နိုင်ဘဲ ရည်ရွယ်ပြီး လုပ်ကြံရှို့တဲ့ ရှို့မီးဖြစ်နိုင်ပါတယ်။ စစ်အစိုးရ ဌာနရဲ့ အနီးအနား ပတ်ဝန်းကျင်မှာရှိတဲ့ အိမ်ယာမြေများကို နည်းအမျိုးမျိုး သုံးပြီး ရှင်းထုတ်နေတာ ကြာပါပြီ။ အခု မီးလောင်ကျွမ်းမှုဟာလည်း ပြည်သူတို့ရဲ့ အိမ်ယာမြေကို ရှင်းထုတ်ခြင်း၊ သိမ်းပိုက်ခြင်းဖြစ်နိုင်ကြောင်း…။

၂၂. ၃. ၂၀၁၁ ရက်နေ့ ညနေ ၃ နာရီခွဲ အချိန်ခန့်က နေပြည်တော် လွှတ်တော် အဆောက်အဦး အနောက်ဖက် လျိုထဲ၌ အပူကြောင့် ကားဓါတ်ဆီမှ တဆင့် မီးလောင်မှုတခု ဖြစ်ပွါးခဲ့ရာ ဆောက်လုပ်ရေး ကုမ္မဏီ လုပ်ငန်းခွင် အချို့နှင့် ၀န်ထမ်းအိမ်ယာများ မီးလောင်ကျွမ်း သွားခဲ့ကြောင်း နေပြည်တော်နေသူ တဦးမှတဆင့် သိရသည်။ အဆိုပါ မီးမှာ ညနေ ၆ နာရီခွဲခန့်မှ ငြိမ်းသတ် ပြီးဆီးသွားခဲ့ခြင်း ဖြစ်သည်။ 

မီးလောင်ကျွမ်းမှုကြောင့် မပြေးနိုင်သော သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်ပေါင်း ၂၀ ခန့် သေဆုံးခဲ့သည်ဟု သီးခြား အတည်ပြုချက် မရသေးသော သတင်းအရ သိရသည်။ 

မီးလောင်ကျွမ်းသည့် လျိုမှာ မီးသတ်ကား ၀င်/ ထွက် မရနိုင်သော လမ်းကျဉ်းသည့် အနေအထားကြောင့် ယခုကဲ့သို့ ပျက်စီးမှု ကြီးမားခဲ့ခြင်း ဖြစ်သော်လည်း လွှတ်တော် အဆောက်အဦးကိုမူ လောင်ကျွမ်းခဲ့ခြင်း မရှိပေ။

mmdailynews
မန္တလေးဂေဇက်မှ တဆင့်ကူးယူသည်။

No comments: