အုပ်စုလိုက် မုဒိမ်းကျင့်ခံရသည့် အမျိုးသမီးကို ပြန်လွှတ်ပေး

နိုင်ငံတကာ သတင်းထောက်များ ရှိနေသည့် ထရီပိုလီရှိ ဟိုတယ်တခုသို့ ၀င်ရောက်လာကာ သူမအား လက်ထိပ်ခတ်၍ နှစ်ရက်တိုင်တိုင်  လစ်ဗျားစွမ်းအားရှင် ၁၅ ဦးကျော်က မုဒိမ်းကျင့်ခံရသည့် အဖြစ်ကို ရင်ဖွင့်မည့် အမျိုးသမီးကို ယမန်နေ့က လစ်ဗျားဟိုတယ်တွင် ဖမ်းဆီးသွားပြီးနောက် ယနေ့ ပြန်လွှတ်ပေး လိုက်သည်ဟု  လစ်ဗျား အစိုးရက ပြောသည်။ 

သူမအား ဖမ်းဆီးပြီး မုဒိမ်းကျင့်သူများထဲတွင် လစ်ဗျားနိုင်ငံ၏ ထိပ်တန်း ရဲအရာရှိ တဦး၏ သားဖြစ်သူလည်း ပါဝင်ပြီး အခြား ရဲတပ်ဖွဲ့ဝင် ငါးဦးကိုလည်း ဖမ်းဆီးပြီး ထိုက်သင့်သည့် ပြစ်ဒဏ်များ ပေးမည်ဟု လစ်ဗျား ဒုနိုင်ငံခြားရေး ၀န်ကြီးက SKY NEWS သို့ ပြောသည်။
ဆက်ဖတ်ရန်ကို နှိပ်၍ ဗွီဒီယိုဖိုင်အား ရှုနိုင်ပါသည်။

အိုင်မန်အယ် (လ) အိုဘီဒီသည် ဘန်ဂါဇီမြို့တွင် နေထိုင်သူဖြစ်ပြီး  ဥပဒေဘာသာရပ်အဖြစ် ဘွဲ့ရရှိပြီးသူ တဦး ဖြစ်ကာ ဘန်ဂါဇီမြို့သို့ အပြန်တွင် ထရီပိုလီ မြို့ထွက်ရှိ ရဲစခန်းအနီးတွင် မုဒိမ်းကျင့်ခံရခြင်း ဖြစ်သည်။
လစ်ဗျား အစိုးရအာဘော် သတင်းဌာနများက အိုဘာဒီသည် စိတ်မနှံ့သည့် ပြည့်တန်ဆာ တယောက်ဟု သတင်းလွှင့်ထားသော်လည်း သူမှနှင့် တွေ့ခဲ့ရသည့်  နိုင်ငံတကာသတင်းထောက်များကမူ အိုဘာဒီမှာ စိတ်ထိခိုက်ဖွယ်ရာ အဖြစ်အပျက်များနှင့် ကြုံတွေ့ခဲ့ရသည်ဟု ဆိုသည်။

လစ်ဗျားအစိုးရက အိုင်မန်ကို ပြန်လွှတ်ပေးလိုက်သော်လည်း သူမ၏သမီးကို တန်ဆာခံအဖြစ် ဖမ်းဆီးထား သည်ဟု သတင်းရရှိသည်။ မုဒိမ်းကျင့်ခံရသည့် အမျိုးသမီး ပြန်လွတ်လာခြင်းနှင့် ပတ်သက်ပြီး ရန်ကုန်မြို့မှ ရှေ့နေတဦးကမူ “မြန်မာနိုင်ငံမှာဆို ပြန်လွှတ်ပေးမှာ မဟုတ်ဘူး အခုလောက်ဆို အသက်တောင်ပျောက် နေလောက်ပြီ ” ဟု ပြောသည်။

No comments: