ခွေးခြင်္သေ့
မောင်စိန်ဝင်း(ပုတီးကုန်း)
ခြင်္သေ့ဆိုလျှင်၊ တောဘုရင်မို့၊
လည်မျှင်ဆံဖွား၊ ဖားလျားလျားနှင့်၊
သားကောင်အပေါင်း၊ ခညောင်းရွံ့ကြောက်၊
လေးစားလောက်သည့်၊ သတ္တိနှင့်မာန်၊
ခြင်္သေ့ဟန်ဖြင့်၊ တဝင့်ဝင့်မို့၊
ရဲရင့်ခြင်းအတွက်၊ စံတင်တယ်။
ခွေးဆိုလည်းခွေး၊
အယ်လ်ဇေးရှင်း၊ အင်းခွေး ဗမာခွေး၊
ဘာခွေးဖြစ်ဖြစ်၊ ခွေးအစစ်မို့၊
ခွေးဖြစ်ရတာ၊ ဂုဏ်ရှိပါတယ်
သစ္စာစောင့်တတ်၊ ဗီဇဓာတ်ကြောင့်
မှတ်ကျောက်တင်လို့ရနိုင်မယ်။
ခြင်္သေ့မစစ်၊ ခွေးမစစ်နဲ့၊
ဇာစ်မြစ်မမှန်၊ လည်ဆံမဖွာ၊
မာန်ပါပါဟိန်းဟောက်ပေမယ့်
ရွံ့လောက်စရာ၊ ဟန်မပါဟန်မပြည့်
မာန်ဗလာ မာန်မရှိလို့ …
“သတ္တိ” “သစ္စာ” ဘယ်အရာမှစံမဝင်
သဏ္ဌာန်ဆင်ရုံလေးနဲ့
သွေးကြွလို့မြောက်ပေမယ့်
(တကယ်တော့ …)
ခွေးဘဝလောက်ဂုဏ်မရှိ။
ဆရာ မောင်စိန်ဝင်း(ပုတီးကုန်း) ရေးခဲ့ဖူးတဲ့ ကဗျာလေးတစ်ပုဒ်ပါ လောကမှာ ခြင်္သေ့မစစ် ခွေးမစစ်နဲ့ မုလဇတ်ပျောက်နေတဲ့၊ မူလဗီဇကို ဖုံးဖိနေတဲ့ အခွင့်အရေးသမားများ အတွက် ရည်ရွယ်ဖော်ပြပါသည်။
ပေးပို့သူ ဘလော့ဂါအလင်းဆက်အား ကျေးဇူးတင်ပါသည်။
No comments:
Post a Comment